မပြီးဆုံးနိုင်သေးသော အမည်းရောင်မိုး !!!!

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီး ၁၉၄၅ ခုနှစ် ၈ လပိုင်း ၆ ရက်နေ့….
ဟီရိုရှီးမားမြို့ ကောင်းကင်ပေါ်ကိုပျံဝဲလာတဲ့ အမေရိကန်စစ်တပ်ရဲ့ လေယာဥ်ကနေ အနုမြူဗုံး ၁ လုံးကျလာခဲ့ပါတယ်။
လူ့သမိုင်းမှာ ပထမဆုံးဖြစ်လာတဲ့ နျူကလီးယားတိုက်ခိုက်မှုပင်ဖြစ်ပါတယ်။

 

https://ja.wikipedia.org/wiki/広島市への原子爆弾投下#/media/ファイル:Atomic_cloud_over_Hiroshima.jpg

 

အဲ့ဒီအချိန် လူပေါင်း ၃ သိန်း ၅ သောင်းရှိတဲ့ ဟီရိုရှီးမားမြို့အတွင်း၊ ၉ သောင်းကနေ ၁၆၆၀၀၀ သောလူတွေက အနုမြူဗုံးကနေ ၄ လအကြာအတွင်းမှာပဲ သေဆုံးခဲ့ကြရပါတယ်.
အသက်ရှင်ကျန်ခဲ့တဲ့လူတွေလည်း ရေဒီယိုသတ္တိကြွညစ်ညမ်းမှုမှာ ဒုက္ခရောက်ခဲ့ကြရပါတယ်။

နောက်ပြီး ၃ ရက်ကြာပြီးနောက် နောက်တစ်ကြိမ် Nagasaki မြို့မှာလည်း နျူကလီးယားတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအချိန် မြို့နေထိုင်သူလူပေါင်း ၂ သိန်း ၄ သောင်း‌ရှိသည့်အထဲ ၇၄၀၀၀ သေဆုံးရပြီး အဆောက်အဦးတွေက ခန့်မှန်းချေ ၃၆ ရာခိုင်နှုန်း ဟာ အကုန်ပျက်ဆီး ဒါမှမဟုတ် တစ်ဝက်လောက်ပျက်ဆီးသွားတယ်လို့ ပြောနိုင်လောက်တဲ့အထိ ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ပါတယ်.

 

https://ja.wikipedia.org/wiki/長崎市への原子爆弾投下

 

ပေါက်ကွဲမှုဖြစ်သွားတဲ့အနီးအနားမှာရှိတဲ့ မည်သည့်မြို့မဆို အဆောက်အဦးရော၊ လူတွေပါမကျန် တခဏအတွင်း အငွေ့ပျံကုန်တယ်လို့ပြောပါတယ်။
ဒီဓါတ်ပုံကတော့ ဘဏ်ရှေ့က ကျောက်တုံးလှေကားထစ်ဖြစ်ပြီး အဲ့ဒီမှာ ခဏအတွင်းပျောက်ကွယ်သွားတဲ့ လူပုံသဏ္ဍာန်က ကျန်ရစ်ခဲ့တာလို့ပြောကြပါတယ်။
တကယ်တော့ ပုံသဏ္ဍာန်မဟုတ်ဘဲ၊ လောက်ကျွမ်းသွားတာပါ…….

 

http://blog.livedoor.jp/toshi_tomie/archives/52117510.html

ဘာပဲဖြစ်ဖြစ်အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေမှာတော့ ထူးဆန်းတဲ့ အမည်းရောင်မိုးတွေရွာသွန်းခဲ့တယ်လို့ပြောပါတယ်။ ဒါဟာ အနုမြူဗုံးရဲ့ပေါက်ကွဲမှုက မြေကြီးနဲ့လိမ့်လူးသွားပြီး မီးခိုးတွေနဲ့အတူ အမည်းရောင်ပြောင်းသွားတဲ့မိုးနဲ့ ပြင်းထန်တဲ့ဓါတ်ရောင်ခြည်ပါတဲ့ အန္တရာယ်ရှိတဲ့မိုးပဲဖြစ်ပါတယ်။

လက်တွေ့ အမည်းရောင်မိုးတွေနဲ့ထိတွေ့လိုက်ရတဲ့ ရှပ်အင်္ကျီကိုလည်း ချန်ထားခဲ့ပြီး၊ အဲ့ဒီကနေ ၇၅ နှစ်ကြာသွားပြီးတဲ့ လက်ရှိအချိန်ထိရေဒီယိုသတ္တိကြွမှုကိုရှာဖွေတွေ့ရှိထားပါတယ်။

 

http://www.hiroshimapeacemedia.jp/?p=83421

 

တိုက်ရိုက်ထိခိုက်မှုမခံလိုက်ရတဲ့လူတွေဟာလည်း လောင်မြိုက်နေတဲ့လေပူတွေကြောင့်လောင်ကျွမ်းပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေပြားတွေကွာကျကာ၊ အဖက်တွေကိုခွာချရင်း ‌ရေလိုက်ရှာနေတဲ့ပုံစံက တကယ်ကိုအရှင်လတ်လတ် ငရဲကျနေသလိုပဲ ခံစားရပါတယ်။

အဲ့ဒါတွေကိုကျော်ဖြတ်ပြီး ဘေးမသိရန်မခလွတ်မြောက်သွားတဲ့လူတွေလည်းရှိပေမဲ့၊ ရေဒီယိုသတ္တိကြွကြောင့် ကျန်းမာရေးချွတ်ယွင်းမှုကြီးမားပြီး အစိုးရကနေ ကျန်းမာရေးအာမခံချက်တွေထွက်လာပါတယ်။
သို့သော် ထိခိုက်ပျက်ဆီးသွားတဲ့ဘေးအန္တရာယ် ‌‌‌ဧရိယာပျံ့နှံ့သွားမှုက ယနေ့တိုင်ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

လက်တွေ့ဝေဒနာခံစားခဲ့ရတဲ့လူတွေ အခုချိန်ဆို အားလုံးအသက် ၇၅ နှစ်အထက်တွေမှာပဲရှိတာကြောင့် ကျန်းမာရေးအာမခံချက်မရဘဲ သေဆုံးသွားတဲ့လူတွေလည်း အများအပြားရှိနေပါတယ်။

ဘယ်နေရာအထိ အမည်းရောင်မိုးတွေရွာသွန်း‌နေခဲ့တာလဲ?
အမည်းရောင်မိုးတွေအတွက် အငြင်းပွားမှုက စစ်ပြီးနောက် ၇၅ နှစ်ကြာသွားသော်လည်း ပြီးဆုံးဖို့လမ်းစမမြင်ရသေးပါဘူး။

ကျွန်တော်တို့လုပ်နိုင်တဲ့အရာကတော့ စစ်ပွဲရဲ့ဘေးဒဏ်နဲ့ကြုံတွေခဲ့ရသူတွေရဲ့ ဝိညာဥ်နဲ့၊ ဒီလိုငြင်းခုံရမှုတွေက တစ်ချိန်အမြန်ဆုံးပြီးသွားဖို့ ဆုတောင်းရုံကလွဲပြီးမရှိသလို၊ နောက်ထပ်ဒီလိုပျက်ဆီးဆုံးရှုံးမှုတွေနဲ့မကြုံရတော့ဖို့ လူသားတွေစည်းလုံးညီညွတ်ပြီး စစ်ပွဲရဲ့ ကြောက်စရာကောင်းပုံကို မသင်ယူလို့မဖြစ်ဘူးလို့ထင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: