ကားထဲမှာပဲ သက်တောင့်သက်သာရှိတဲ့ ရုံးဖြစ်လာစေမယ့် လမ်းညွှန် !!!!!

Corona ရဲ့အကျိုးသက်ရောက်မှုတွေထပ်ပြီး ဖြစ်ပေါ်လာတဲ့အတွက် ရုံးများကိုပြန်လည်ပိတ်ပစ်လိုက်ပြီး၊ အွန်လိုင်းကနေတစ်ဆင့် အဝေးတစ်နေရာကနေ လုပ်ရတဲ့အလုပ်တွေက ထပ်ပြီးတစ်ဖန်များပြားလာပါတယ်။

https://autoc-one.jp/custom/5008018/

အိမ်မှာအလုပ်လုပ်ရတဲ့အဖြစ်ကိုရောက်သွားပေမဲ့ အိမ်မှာနေရင်း အလုပ်လုပ်ရင် လုပ်ချင်စိတ်က တော်တော်နဲ့ မရဘူးဆိုတဲ့သူတွေလည်းတော်တော်များများရှိမယ်ထင်တယ်နော်…..

ရုံးထဲမှာဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ သူဌေးတွေရှိတယ်။ ဒါကြောင့် အနားယူနေတုန်းမှာ သူတို့နဲ့စကားပြောရတာကလည်း တကယ့်ကိုလှုံ့ဆော်မှုဖြစ်စေနိုင်တယ်။

အိမ်မှာကတော့ အိပ်ယာနဲ့တီဗွီတွေလည်းရှိပြီး ကာတွန်းစာအုပ်တွေလည်းရှိတယ်။

ဘယ်သူမှမကြည့်တဲ့အတွက် လျှို့ဝှက်စွာကစားလိုက်၊ ခဏငေးကြည့်လိုက်၊ နားလိုက်နဲ့…သင်လုပ်ရမယ့် နေစဥ်အလုပ်ရဲ့ပြီးမြောက်ထိရောက်မှုက သိသိသာသာကျဆင်းသွားပြီး၊ နောက်မှသင်ဒုက္ခရောက်ပါလိမ့်မယ်။

အလုပ်ရဲ့ပြီးမြောက်မှုနှေးကွေးခြင်းကိုအဝေးမှဖော်ထုတ်နိုင်သည်ကိုတော့ သတိပြုပါနော်…..

ဒီလိုဖြစ်နေပြီဆိုရင်တော့ သင့်အတွက်အကြံကောင်းလေးတစ်ခုပေးပါရစေ။ အဲ့ဒါကတော့ ဒီလမ်းညွှန်စနစ်လေးပါ။

Pioneer ဆိုတဲ့ဂျပန်ရဲ့အသံသွင်းဆက်သွယ်မှု ထုတ်လုပ်သူဖြစ်ပါတယ်။
Carrozzeria ဆိုတဲ့အမှတ်တံဆိပ်အောက်မှာ ကားလမ်းညွှန်စနစ်များကိုစတင်ပြုလုပ်ကတည်းက အခုချိန်ထိဆိုရင် ၃၄ နှစ်ကြာပြီဖြစ်ပါတယ်.

စတင်ထုတ်လုပ်တဲ့အချိန်တုန်းကတော့ လမ်းညွှန်စနစ်တွေမရှိခဲ့ပါဘူး။
ပြင်ပထုတ်လုပ်သူမှ ထပ်ပြီး တပ်ဆင်ပေးတာပဲရှိခဲ့ပါတယ်။
ဒါပေမဲ့ အခုခေတ်မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။
ကားထုတ်လုပ်သူများကပေးတဲ့ စစ်မှန်တဲ့လမ်းညွှန်စနစ်က အခုခေတ်ရဲ့ရေစီးကြောင်းဖြစ်နေပါပြီ။

ဤအတောအတွင်း Carrozzeria မှ နည်းဗျူဟာအသစ်တစ်ခုနှင့် ပြန်လည်ပတ်ရန်ကြိုးစားနေပြီဖြစ်ပြီး ဤနည်းဖြင့် dashboard တွင်တပ်ဆင်ကာ ပုံမှတ်သွားလာမှုနှင့်တူညီပါတယ်။

အညွှန်းရဲ့မူလလုပ်ဆောင်ချက်က အလွန်ကောင်းပြီး၊ ၎င်းသည်သမိုင်းကြောင်း ၃၄ နှစ်ရှိခဲ့ပါတယ်။
ဒါပေမဲ့ကောင်းတာက ဒီလမ်းကြောင်းအညွှန်းကိုပဲပြောတာမဟုတ်ပါဘူး။

ဤလမ်းညွှန်စနစ်ကိုတပ်ဆင်ခြင်းဖြင့် ကားအတွင်းပိုင်းကိုအင်တာနက်နှင့်အမြဲချိတ်ဆက်နေမယ် ဆိုတာပဲဖြစ်ပါတယ်။

Docomo ဂျပန်ဆက်သွယ်လိုင်းနှင့်ဆက်သွယ်ခြင်းဖြင့် သင်သည်အမြဲတစေဆက်သွယ်နိုင်မှုကို ပတ်ဝန်းကျင်နေရာ ကန့်သတ်ခြင်းမရှိဘဲသုံးနိုင်မှာဖြစ်ပါတယ်။
မြန်နှုန်းမြင့်အင်တာနက်ဆက်သွယ်မှုကို ဂျပန်လက်ကိုင်ဖုန်းများဖြင့်အသုံးပြုနိုင်ပါတယ်၊ သို့သော် အစီအစဥ်အများစုတွင် စွမ်းဆောင်ရည်ကန့်သတ်ချက်များရှိပါတယ်။

ထိုသို့ဖြစ်ခဲ့ပါက zoom, skype စသည်တို့ဖြင့် အွန်လိုင်းအလုပ်များလုပ်ကိုင်ရတဲ့သူများအတွက်တော့ ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လိုင်းမကောင်းတဲ့အတွက် အွန်လိုင်းအလုပ်များမှာ စွမ်းဆောင်ရည်ကန့်သတ်ချက်အလွန်ဆိုးဝါးပြီး အင်တာနက်တဖြည်းဖြည်းသုံးလို့မရတော့တဲ့အတွက် အဆင်မပြေတာတွေရှိလာပါတယ်။

ဒီလမ်းညွှန်စနစ်ကတော့ အကန့်အသတ်မဲ့ 4G ဝန်ဆောင်မှုအတွက် ၁ နှစ်အခမဲ့ဖြစ်ပါတယ်။

 

 

အွန်လိုင်းပေါ်ကနေ အစည်းအဝေးလုပ်တဲ့အခါ အနီးနားကသူတွေကိုမကြားစေချင်ဘူး။ အိမ်မှာဆိုရင် အနောက်ကနေ ကလေးကပြေးထွက်လာတာတို့ စသဖြင့် အဆင်မပြေတာမျိုးတွေရှိပါတယ်။
ဒီကိစ္စတွေကို ကားထဲမှာလုပ်နိုင်ရင်ပြဿနာမရှိတော့ဘူးပေါ့…..

ဒါကိုအလုပ်အတွက်သုံးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တာကိုနှစ်သက်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်နော်……

သင့်ရဲ့ကလေးနှင့်အတူ အပြင်ထွက်ရတဲ့အချိန်တွေမှာလည်းရုပ်ရှင်ကြည့်လို့ရတဲ့အတွက် ပျော်စရာခရီးဖြစ်မှာပါ။
ကားမူးတာမဖြစ်ဖို့သာ ဂရုပြုသင့်ပါတယ်။
ဒီနေ့ကတော့ ပင်လယ်ကိုကြည့်ရင်း အလုပ်လုပ်မလား (သို့) တောထဲတောင်ထဲမှာ သဘာဝရဲ့အရသာကိုခံစားရင် အဆင်ပြေစွာအလုပ်လုပ်လို့ရတဲ့ လမ်းညွှန်စနစ်…

ဒီလမ်းညွှန်စနစ်ကတော့ သူ့ရဲ့ဆွဲဆောင်မှုကို အမြင့်ဆုံးဖြစ်စေတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေကို ပေးနိုင်တဲ့အရာ ဖြစ်မယ့်လို့မြင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: