ဒါရာဇဝတ္မႈမဟုတ္ဘူးလား ? ဂ်ပန္ညဥ့္ယဥ္ေက်းမႈ !!!!

ကျောင်းတွေ၊ အလုပ်ခွင်တွေ၊ အသွားအပြန်လုပ်တဲ့ရထားထဲတွေ စသဖြင့် လူတိုင်းလူတိုင်းဟာ
နေရာအမျိုးမျိုးမှာ တွေ့ဆုံချစ်ကြိုက်ကြပြီး လက်ထပ်ကြပါတယ်။ဒါပေမယ့် အရင်တုန်းက ဂျပန်နဲ့တော့ ကွဲပြားခြားနားလို့နေပါတယ်။

ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်း ဒိတ်လုပ်တယ်ဆိုတာမျိုးက လက်မထပ်မီရက်ပိုင်းမှာ အပြင်အတူထွက်တယ်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ၊ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးပုံစံမျိုးနဲ့တောင် စကားပြောဆိုဖို့ ခက်ခဲခဲ့တဲ့ အချိန်ကာလပါ။

ဆာမူရိုင်းတို့ ကြားထဲမှာကတော့ အများစုက နိုင်ငံရေးလက်ထပ်ထိမ်းမြားမှုများဖြစ်ပြီး ကိုယ်ပိုင်အိမ်ကိုကာကွယ်ရန် မဟာမိတ်ဖွဲ့တဲ့အနေနဲ့ စေ့စပ်လက်ထပ်စေခဲ့ကြသော်လည်း သာမန်လူများမှာမူ ကွဲပြားခြားနားပါတယ်။နေ့ဘက်တစ်နေ့တာအတွင်းမှာ အလွယ်တကူတွေ့ဆုံစကားပြောလို့မရတဲ့ အမျိုးသားများနှင့်အမျိုးသမီးများဟာ တွေ့ဆုံရန်အဆင်ပြေတဲ့ ညနက်ပိုင်းတွေ့ဆုံတဲ့ ယဉ်ကျေးမှုကိုအသုံးပြုခဲ့ပါတယ်။

ဤယဉ်ကျေးမှုဟာဆိုရင် ဂျပန်ရဲ့ ရှေးအကျဆုံးစုဆောင်းထားသည့် Manyoshu မှာ နှစ်ပေါင်း ၁၄၀၀ ကျော်သမိုင်းရှိခဲ့တယ်လို့ ဆိုထားပါတယ်။

 

https://mag.japaaan.com/archives/81791

 

မှောင်မိုက်တဲ့ညတစ်ညမှာ လူမသိအောင် တိုးတိုးလေးသွားပြီး အမျိုးသမီးတစ်ယောက်ရဲ့အိမ်ကိုခိုးဝင်လာတယ်။ ခိုးပြီးချိန်းတွေ့တယ်ပေါ့။ လုပ်စရာရှိတာလုပ်ပြီးရင်တော့ ပြန်သွားတယ်။
အဲဒီကို ညနက်ပိုင်းချိန်းတွေ့တယ်လို့ခေါ်ပါတယ်။

ဒီလိုယဉ်ကျေးမှုကို ဂျပန်နိုင်ငံတစ်ခွင်လုံးမှာလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်အထိ ဆက်လက်တည်ရှိခဲ့ပြီး အချို့ကျေးရွာများမှာ စစ်အပြီးကာလအထိ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

 ဒီဟာက ရာဇဝတ်မှုမဟုတ်လား
 မိန်းကလေး သနားပါတယ် !!

 

ထိုသို့သောအသံတွေကို သင်ကြားနိုင်ပုံရသော်လည်း ခဏစောင့်ပါဦးနော်။တကယ်တော့ ဒါဟာ သင်ထင်တဲ့ ရာဇ၀တ်မှုနဲ့လုံးဝကွာခြားပါတယ်။အမျိုးသားတွေက သူနှစ်သက်တဲ့ မည်သည့်အမျိုးသမီးမဆို ရည်မှန်းနိုင်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။

ဒါက အမျိုးသားများနှင့်အမျိုးသမီးများက နှုတ်ဖြင့်ကြိုတင်သဘောတူညီထားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ဟုတ်ပါတယ်။

အမျိုးသမီးများလည်း ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်နော်။

ပြီးတော့ ရာဇ၀တ်မှုအရ ကျေးရွာတစ်ရွာလုံးက ဒီလိုချိုးဖောက်တဲ့သူကို လက်စားပြန်ချေခံရမှာဖြစ်ပါတယ်။ဒီလိုတွေ့မယ်ဆိုတာကို မိဘတွေကို အသိပေးထားရမှာဖြစ်ပါတယ်။ညဥ့်နက်သန်းခေါင်ယံယဉ်ကျေးမှုတွင် အထပ်နှစ်ထပ်ပါရှိတဲ့ အိမ်များရှိသော်လည်း ဤကိစ္စမှာတော့ မိဘတွေကို လှေကားတစ်စင်းကို လျှို့ဝှက်ပြင်ဆင်ပေးထားပုံရပါတယ်။

အမျိုးသားများနှင့်အမျိုးသမီးများလက်မထပ်မီအထိ ၎င်းသည် လျောက်ပတ်သောလုပ်ရပ်ဖြစ်ပုံရပါတယ်။ဘာ့ကြောင့် ထိုကဲ့သို့သော ဓလေ့ရှိခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းက . . .

ယောကျ်ားဆိုရင် မိန်းကလေးနဲ့ ဒီကိစ္စကို အပျော်ကစားသလိုမျိုး ပေါ့ပေါ့တန်တန် သဘောမထားနဲ့ !
မိန်းကလေးဆိုရင် ယောကျ်ားလေးတစ်ယောက်ကို ကိုယ့်ဘက်မှစပြီး ဖိတ်ခေါ်တဲ့ ရှက်စရာကောင်းတာမျိုးကို မလုပ်မိစေနဲ့ !

ဆိုတဲ့ အတွေးမျိုးကို တွေးမိလာစေရန်ဖြစ်တယ်တဲ့။

ဒါဆိုရင်တော့ အခုခတ်လို တွေဆုံချိန်တွေ့လျှောက်သွားတာမျိုးတွေ ဘယ်ရှိတော့မလဲနော်။ စားပွဲမှာတောင်မှ အမျိုးသားနှင့်အမျိုးသမီးများအတွက်သီးခြားနေရာဆိုတာမျိုးလုပ်ထားတာ။

ဒါပေမယ့်သေချာတာပေါ့၊ လူသားတစ်ယောက်ဖြစ်နေပြီဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံကြုံတွေ့ပြီး ချစ်ကြိုက်မိတာတွေလည်းရှိမှာပါ။ ဒါကတော့ အနောက်စတိုင်ပေါ့။

အရှေ့နှင့် အနောက်ပိုင်း စတိုင် ကို ခွဲဝေအသုံးပြုခြင်းက ဂျပန်စတိုင်လ်ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဂျပန်လူမျိုးတွေကို နားလည်ရန်ခက်ခဲတယ်ဆိုတဲ့ အချက်တွေကလည်း ဒီလိုနေရာများတွင်လည်း တွေ့ရလေ့ရှိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: