နျူကလိယမတော်တဆမှုကြောင့်ပိတ်ထားခဲ့တဲ့ကျောင်းတွေကို မဖြိုချခင် ၂၃ ရက်နေ့မှာ နောက်ဆုံးတွေ့ဆုံခွင့်ပေးခဲ့ !!!!

၂၀၁၁ ခုနှစ် Fukushima စီရင်စုမှာဖြစ်သွားတဲ့ နျူကလိယမတော်တဆမှုကြောင့် ပိတ်လိုက်ရတဲ့ကျောင်း တွေရှိပါတယ်။
Fukushima စီရင်စု Namie မြို့မှာ မြို့ပြမူလတန်း၊ အလယ်တန်းကျောင်းပေါင်း ၉ ကျောင်းရှိရာအနက်၊ ၇ ကျောင်းကိုပိတ်ခဲ့ရပါတယ်.

မတော်တဆမှုပြီးတဲ့နောက် မြို့နေထိုင်သူတွေဘေးလွတ်ရာရှောင်ပြေးပြီး လက်ရှိအချိန်အထိ ကလေးတွေနဲ့ကျောင်းသားအရေအတွက်ဟာ အရင်လိုပြန်မစုနိုင်တော့ဘဲ တစ်ဖြည်းဖြည်းအိုလာတဲ့ကျောင်းအဆောက်အဦးရဲ့ပြုပြင်ထိန်းသိမ်းခကိုလျှော့ချဖို့ ဖြိုချခြင်းတွေပြုလုပ်ရင်း ကျောင်းတွေကိုဆုံးရှုံးလာရပါတယ်။

ကျောင်းပေါင်း ၉ ကျောင်းမှာ စုစုပေါင်းကလေးတွေနဲ့ တပည့်တွေ အယောက် ၁၇၀၀ ရှိခဲ့ပေမဲ့၊ လက်ရှိမှာတော့ ၂၆ ယောက်သာရှိပါတယ်။
နောက်ပြီး ငလျင်နဲ့ပတ်သက်ပြီး နာမည်ဆိုးလည်းရှိတာကြောင့် နောက်ပိုင်းလည်း ဆရာ/ဆရာမတွေ များလာဖို့ရာခိုင်နှုန်း လုံးဝမရှိပါဘူး။

ယိုယွင်းပျက်စီးပြီးကျောင်းပြိုကျခြင်းမတော်တဆမှု မဖြစ်ခင်မှာ စွန့်ပစ်ဖျက်သိမ်းခြင်းတွေ လုပ်ကိုလုပ်ရမယ်ဆိုတာကလည်း သေချာတဲ့လိုအပ်ချက်တစ်ခုပါပဲ…

အချို့ကျောင်းတွေမှာ ငလျင်ဒဏ်ခံနိုင်တဲ့တည်ဆောက်ပုံကိုပြန်လည်ကြံ့ခိုင်စေပြီး ပုဂ္ဂလိကကုမ္ပဏီတစ်ခုကအသုံးပြုရန်လာရောက်တောင်းဆိုပေမဲ့ အများပြည်သူအတွက်ကမ်းလှမ်းမှုဟာမအောင်မြင်ခဲ့ပါဘူး…..

အခြေအနေကိုနားလည်ပေမဲ့ အမှန်တကယ်မိမိတက်ခဲ့တဲ့ကျောင်းအဆောက်အဦးဟာ အဖြိုချခံရတော့မယ်ဆိုတာကတော့ အထီးကျန်ဖို့ကောင်းပါတယ်။
ကျောင်းအဆောက်အဦးကိုနှုတ်ဆက်ဖို့သွားရောက်ကြည့်ရှုတဲ့ပွဲကိုကျင်းပခဲ့ပါတယ်။

ဒီကျောင်းကနေထွက်တဲ့ကျောင်းသားဟောင်းတစ်ဦးက ကျောက်သင်ပုန်းပေါ်မှာဒီလိုဆွဲခဲ့ပါတယ်။

 

https://news.biglobe.ne.jp/domestic/0723/5208641544/20200723k0000m040147000c2_thum800.jpg

 

ကိုယ်တိုင် မြှုံပ်နှံခဲ့တဲ့ time capsule ကိုပြန်လည်တူးဖော်နေကြတဲ့လူတွေ…..

https://cdn.mainichi.jp/vol1/2020/07/23/20200723k0000m040148000p/8.jpg?1

 

နောက်ပြီး အိမ်ပြန်ယူသွားလို့မရခဲ့တဲ့ သင်ထောက်ကူပစ္စည်းတွေကို အဲ့ဒီအချိန်ရဲ့ တပည့်တွေဆီပြန်လည်ပေးအပ်ခဲ့ပါတယ်။

 

https://mainichi.jp/articles/20200723/k00/00m/040/145000c

ကျောင်းဆောင်ကြီးနဲ့ နောက်ဆုံးခွဲခွာရတော့မယ့်အချိန်မှာ စုဝေးလာကြတဲ့ နှစ်တူကျောင်းသူ/သားတွေဟာ ဘွဲ့ရခဲ့တဲ့ album ကိုကြည့်ကြရင်း လွမ်းမောဖွယ်ကြောင်းအရာတွေကိုပြောကြရင်း စိတ်တွေလှုပ်ရှားနေခဲ့ကြပါတယ်။
အမှတ်တရတွေကိုဖျက်လို့မရနိုင်ဘူးလို့ပြောပေမဲ့၊ အမှန်တကယ်ကျောင်းတော်ကြီးကပျောက်ကွယ်သွားတော့မယ်ဆိုတာကို စဥ်းစားတဲ့အခါတိုင်းမှာတော့ အထီးကျန်ရတယ်နော်…..

ငလျင်ရဲ့သက်ရောက်မှုကြောင့်တော့မဟုတ်ပေမဲ့ ကျွန်တော်တက်ခဲ့တဲ့မူလတန်းကျောင်းဟာလည်း မရှိတော့ပါဘူး။
တိုကျိုမြို့ Adachi ရပ်ကွက်မှာရှိတဲ့မူလတန်းကျောင်းပါ.. ဒါပေမဲ့ မွေးဖွားမှုနှုန်းနိမ့်သွားတာကြောင့် ကလေးငယ်အရေအတွက်အရမ်းကိုနည်းသွားခဲ့ပါတယ်။

ကျောင်းတွေတော်တော်များများပေါင်းလိုက်ရပါတယ်။
ကျွန်တော်တက်ခဲ့တဲ့ကျောင်းရဲ့နေရာမှာ အဆောက်အဦးအသစ်လိုမျိုး ကျောင်းကိုပြန်ဆောက်လိုက်ပြီး နာမည်ပါပြောင်းလိုက်ပါတယ်။
အဲ့ဒီလိုဖြစ်သွားတဲ့အတွက် သံယောဇဥ်ဆိုတာလည်းမရှိတော့ပါဘူး..
အမှတ်တရတွေရှိခဲ့တဲ့ကျောင်းတော်ကြီးမှမရှိတော့တာပဲ….

ကျွန်တော်မွေးတဲ့ ၁၉၇၀ ခုနှစ်အချိန်က အတိတ်မှာဥပမာတွေမရှိတဲ့အထိကို မွေးဖွားမှုနှုန်းမြင့်တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းကနေစပြီး မွေးဖွားမှုကျဆင်းလာတဲ့ပြဿနာက မူလတန်း၊အလယ်တန်းကျောင်းတွေအပေါ်ပါ သက်ရောက်လာပါတယ်။

မွေးဖွားမှုကျဆင်းတာဟာပြဿနာကြီးတစ်ခုဖြစ်တဲ့အတွက် ဂျပန်မှာဒီအတိုင်းပဲကျောင်းတွေပိတ်သိမ်းလိုက်ရပါတယ်။
၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အကြားမှာ ဖြစ်ပွားခဲ့တဲ့ ပိတ်သိမ်းလိုက်ရတဲ့ကျောင်းအရေအတွက်က ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၇၅၈၃ ကျောင်းရှိပါတယ်။
တော်တော်လေး အရှိန်ပြင်းပြင်းနဲ့ကျဆင်းသွားကြောင်းကို နားလည်ရပါတယ်။

အလျင်အမြန်ကျဆင်းသွားတာက စာသင်ကျောင်းတွေသာလျှင်မကပါဘူး။
ကလေးတွေရဲ့ ရွှင်လန်းတဲ့အပြုံးမျက်နှာနဲ့အသံတွေ၊ နောက်ပြီး ဒါဟာအလုပ်လုပ်နိုင်တဲ့လူဦးရေလျော့ကျသွားတာလည်းဟုတ်သလို၊ ဂျပန်ရဲ့စီးပွားရေးကိုပါကျဆင်းစေခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံခြားသားတွေကို တော်ရုံလက်မခံတဲ့ဂျပန်ဟာ အနာဂတ်မှာဘယ်လိုရှေ့ဆက်သွားမလဲ?

ကျောင်းတွေပျောက်ကွယ်သွားတာကိုပဲ လွမ်းမောစရာအဖြစ်ပြောနေရမယ့်အခြေအနေမဟုတ်တော့ဘူးလို့ထင်မိပါတယ်………

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: