ကီမိုနိုနဲ့ကမ္ဘာကြီးကိုပေါင်းစည်းမယ် ၊ အိုလံပစ်အတွက် ကီမိုနိုပရောဂျက် !!!!
၂၀၂၀ ခုနှစ်မှာကျင်းပဖို့ရှိတဲ့ တိုကျိုအိုလံပစ်
အချိန်အကြာကြီး စီးပွားရေးကျဆင်းမှုပြဿနာနဲ့ကြုံတွေ့နေတဲ့ဂျပန်ကို ပြန်ပြီးနလန်ထူနိုင်မယ့်သတင်းဖြစ်ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ကိုရိုနာရဲ့သက်ရောက်မှုကြောင့် ရွှေ့ဆိုင်းဖို့အတည်ပြုခြင်းခံခဲ့ရပါတယ်။
ဒီတိုကျိုအိုလံပစ်ကို ပိုပြီးအံ့သြဖွယ်ကောင်းတဲ့အရာအဖြစ်လုပ်လိုက်တဲ့လူတွေလည်း ရှိပါတယ်။
အားကစားသာလျှင်မဟုတ်၊ ဂျပန်ကိုသိသွားစေမယ့်အခွင့်အရေးကို ဖန်တီးမယ်ဆိုတဲ့လှုပ်ရှားမှုတွေကိုပြုလုပ်သူတွေအထဲကနေ ဒီနေ့ကတော့ ကီမိုနိုပရောဂျက်နဲ့မိတ်ဆက်ပေးပါမယ်.
KIMONO PROJECT
ကမ္ဘာကြီးဟာ တစ်ခုတည်းဖြစ်လာမယ်
အိုလံပစ်မှာပါဝင်မယ့်နိုင်ငံတွေရဲ့သံအမတ်တွေနဲ့ပူးပေါင်းပြီး၊ အဲ့ဒီနိုင်ငံပုံကို ဂျပန်ရဲ့ရိုးရာနည်းပညာနဲ့ပြန်ပြီးဖော်ဆောင်ထားတဲ့ကီမိုနိုတွေ….
အိုလံပစ်ကော်မတီမှာပါဝင်တဲ့ နိုင်ငံပေါင်း ၂၀၆ နိုင်ငံရဲ့ မြေနေရာ၊ နောက်ပြီးဒုက္ခသည်အဖွဲ့ကိုပါထည့်ပြီး ၂၀၇ နိုင်ငံဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ ရပ်ဘီကမ္ဘာ့ဖလားမှာ ဗြိတိန်နိုင်ငံကဒေသတွေဟာသီးခြားစီပါ၀င်ပတ်သက်နေတာကြောင့် အဲ့ဒါတွေပါ ထည့်လိုက်ရင် ၂၁၃ မျိုးရှိတဲ့ ကီမိုနိုတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။
အရင်ဆုံး ၁၉၆ ခုမြောက်နိုင်ငံကို အဓိကထားလိုက်ပါတယ်။
စာဖတ်သူရဲ့တိုင်းပြည် ဒါမှမဟုတ် စာဖတ်သူတို့ရောက်ဖူးခဲ့တဲ့တိုင်းပြည်ပါတဲ့ ကီမိုနိုတွေဒီထဲမှာရှိပါသလား?
တိုင်းပြည်ရဲ့ပုံကို သေချာပေါက်ဖော်ပြထားပါသလား?
ရိုးရှင်းစွာပဲ နိုင်ငံအလံကိုထည့်ထားတာမဟုတ်ဘဲ၊ အဲ့ဒီတိုင်းပြည်ရဲ့ လှပတဲ့မြင်ကွင်း၊ ပန်းတွေ၊ တိရစ္ဆာန်တွေနဲ့ သမိုင်းဝင်အဆောက်အဦးတွေ…..
ဒါ့အပြင် အဲ့ဒီနိုင်ငံပုံဆောင်ရဲ့အရောင်…
သေသေချာချာလေးကို အဲ့ဒီတိုင်းပြည်ကလူတွေနဲ့စကားပြောကြည့်ရင် တန်ဖိုးထားပြီးထည့်ထားပေးတာကို ကောင်းကောင်းနားလည်နိုင်ပါတယ်။
ဒီဟာတွေရဲ့လှပတဲ့ပန်းချီအဆင်က ရက်ထားပြီး ဆေးဆိုးထားတဲ့အရာတွေပဲဖြစ်ပါတယ်။
နူးညံ့သိမ်မွေ့သောဒီဇိုင်းတွေလည်းများပြီး တော်တော်လေးခက်ခက်ခဲခဲလုပ်ခဲ့တာပဲဖြစ်ပါလိမ့်မယ်.
The world can unite as one.
世界はきっと、ひとつになれる
ဒီပရောဂျက်ဟာ ဂျပန်တစ်နိုင်ငံလုံးရဲ့ ပုဂ္ဂလိကကော်ပိုရေးရှင်းကနေရတဲ့ အလှူငွေနဲ့ အကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါတယ်.
ငြိမ်းချမ်းရေးအတွက်ဆုတောင်းတဲ့ ဂျပန်နဲ့သက်ဆိုင်သူအားလုံးရဲ့ အားစိုက်ထုတ်မှုကို စာဖတ်သူတို့လည်းဘယ်လိုခံစားမိပါသလဲ?……
Kengo Abe