Hakone တောင်တက်ရထားလမ်း၊ ပြန်လည်ဖွင့်လစ်တော့မည် !!!!!
၂၀၁၉ ခုနှစ်ရဲ့ဆောင်းဦးမှာ Kanagawa စီရင်စုကို တိုက်ခိုက်လာတဲ့ တိုင်ဖွန်းရဲ့သက်ရောက်မှုကြောင့် စီရင်စုအတွင်းရှိ Hakone တောင်တက်ရထားလိုင်းရဲ့ သံလမ်းပေါ်မှာ နေရာ ၂၀ လောက်အထိ မြေစိုင်သားပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
ရထားလိုင်းတစ်လျှောက်နေထိုင်သူတွေရဲ့ပူးပေါင်းမှုကိုရယူပြီး ညအချိန်ပြန်လည်ပြုပြင်ရေးကိုဆောင်ရွက်ကာ နောက်ဆုံးယမန်နေ့က ပြန်လည်ဖွင့်လှစ်ဖို့ အသင်ဆင့်အနေအထားမှာ ရှိနေပါပြီ။
အခွင့်အရေးရမယ်ဆို သေချာပေါက်စာဖတ်သူတို့အားလုံးကို စီးစေချင်သလိုပဲ၊ တောင်တက်ရထားရဲ့လှပနေမှုကြီးကို ကြည့်လိုက်ပါ….
သာမှန် မတ်စောက်တဲ့တောင်ဆိုရင် ရထားမဟုတ်ဘဲ Cable car ကိုအသုံးပြုပါတယ်။
အမြင်အရကြည့်ရတာတော့ ရထားလိုပုံစံမျိုးပါ။ ဒါပေမဲ့ Cable နဲ့ဆွဲပြီးတက်ရတဲ့အမျိုးအစားဖြစ်ပြီး သွားလိုတဲ့နေရာအထိ အတိုတောင်းဆုံးခရီးနှင်နိုင်တာကတော့ သူရဲ့အားသာချက်ပါပဲ။
တစ်ဖက်မှာလည်း ဒီ Hakone တောင်တက်ရထားဟာ ပုံမှန်ရထားပဲဖြစ်ပါတယ်။
မြင်းကောင်ရေအားရှိတဲ့ မော်တာတွေနဲ့အထူးပစ္စည်းကိရိယာများတပ်ဆင်ထားတာသေချာပါတယ်။
သို့သော် မြို့တွင်းမှာပြေးနေတဲ့ရထားနဲ့ တည်ဆောက်ပုံအရတော့ သိပ်ပြီးကွာခြားမှုကြီးကြီးမားမားမရှိပါဘူး။
ဒီအတွက် မတ်စောက်တဲ့တောင်စောင်းတွေကိုတက်ဖို့ ခက်ခဲပါတယ်။
ဒီလိုထူးခြားတဲ့ Switch Back လို့ခေါ်နိုင်တဲ့လမ်းစဥ်အတိုင်းဆောင်ရွက်ပြီး တောင်ပေါ်တက်သွားပါတယ်။
http://feynmanino.watson.jp/2257_hakone.html
ဒီလိုပုံစံနဲ့ လမ်းကြောင်းကိုလွှဲပြောင်းရင်း ရှေ့ဆက်သွားနေတာက စိတ်ဝင်စားဖို့ကောင်းသလို၊ နောက်တစ်ခုကတော့ သွားတဲ့လမ်းကြောင်းက Cable car နဲ့ယှဥ်ရင်တော့ ကြာတဲ့အတွက် လှပစိမ်းစိုနေတဲ့ရှုခင်းအမြောက်အများကို ကြည်မြင်ခံစားနိုင်ပါတယ်။
https://jp.zekkeijapan.com/spot/index/26/
https://www.travel.co.jp/guide/article/17121/
ဒီရထားလိုင်းရဲ့အလှဆုံးအချိန်ကတော့ ၅ လပိုင်းရဲ့ Hydrangea ရာသီပဲဖြစ်ပါတယ်။
မိုးတွင်းဖြစ်တာကြောင့် ရာသီဥတုမကောင်းပေမဲ့ Hydrangea ရဲ့ပန်းတွေက ဒီလိုကိုလှနေပြီးတော့ Hydrangea နဲ့ တောင်တက်ရထားရဲ့ပေါင်းစပ်မှုက အကောင်းဆုံးပဲဖြစ်ပါတယ်။
Autumn leaves ရာသီဆိုလည်း ပန်းချီကားတစ်ချပ်လိုပဲ။
https://eaglecafe4.amebaownd.com/posts/3718901/
နောက်ပြီး ဒီရထားရဲ့ နောက်ဆုံးဆိုက်ရောက်တဲ့နေရာကတော့ တောင်ပေါ်ရေပူစမ်းပဲဖြစ်ပါတယ်။
https://www.timesclub.jp/sp/tanomachi_ex/kanagawa/hakone/007.html
သွားနေရင်းလမ်းတစ်ဝက်မှာရော၊ နောက်ဆုံးရောက်ရှိမယ့်နေရာမှာပါ ပျော်ရွှင်မှုအပြည့်နဲ့ စိတ်ကျေနပ်မှုကို ရရှိစေမှာပါ…..
ဒီနှစ်ရဲ့ Hydrangea ရာသီက တောင်တက်ရထားပြန်လည်မထူထောင်နိုင်ခင်မှာပဲ ပြီးဆုံးသွားပေမဲ့ ဆောင်းဦးရဲ့ Autumn leaves အချိန်မှာတော့ ကိုရိုနာအခြေအနေတည်ငြိမ်သွားပြီး လာရောက်လည်ပတ်တဲ့လူတွေနဲ့ စည်ကားနေပုံကို မြင်ချင်မိတယ်နော်…….
Kengo Abe