အစားဂျီးများတဲ့ သားသားမီးမီးတို့အတွက် ဂျပန်ထမင်းဘူးလေးလုပ်ပေးရအောင် !!!!

သားသားမီးမီးတို့ကို ထမင်းကျွေးရခက်လို့ စိတ်ညစ်နေရတဲ့ မေမေဖေဖေတို့ရေ။
အသီးအရွက်မစားလို့၊ အသား ငါး မစားလို့၊ ထမင်းမစားလို့ ဆိုပြီး ထမင်းကျွေးရသိပ်ခက်တဲ့ အစားဂျီးများတဲ့ သားသားမီးမီးလေးတွေ အတွက် ရည်ရွယ်ပြီး စားချင်စိတ်တွေဖြစ်လာအောင် ဖြည့်စွက်စာတွေ အားဆေးတွေချည်းပဲ လည်း အားကိုးနေလို့ မဖြစ်ပါဘူးနော်။ အာဟာရမျှတအောင် အတွက်သာမကပဲ စားချင်စဖွယ်ဖြစ်အောင် ဒီလို ချစ်စရာ‌ကောင်းတဲ့ ဂျပန်ထမင်းဘူးလေးလုပ်ပေးကြည့်ရအောင်လား?

 

ဒီထမင်းဘူးလေးက‌တော့ မီးမီးလေးတို့အတွက်ပါ။

 

https://pin.it/4T1dirY

 

Do you wanna built some lunches ???
သားသားမီးမီးတို့ရဲ့ အသဲစွဲ ကာတွန်းဇာတ်ကောင်လေးတွေနဲ့လည်း ချစ်စဖွယ်ထမင်းဘူးလေးတွေ၊ စားစရာလေးတွေ ပြုလုပ်လို့ရပါတယ်နော်။ အစားစားတဲ့ အပြင် ကလေးတို့လည်း ပျော်တော့ ဖေဖေမေမေတို့လည်း ပျော်ရတာပေါ့။

 

http://www.popsugar.com/moms/Frozen-Movie-Food-Art-35114624

 

နောက်ပိုင်းကိုယ်ကိုယ်တိုင်ပါ အလှပုံဖော်တဲ့ Skills တွေတက်လာပြီး လူကြီးတွေပါ မစားရက်လောက်အောင် သိပ်ကိုလှတဲ့ ထမင်းဘူးလေးတွေလည်း လုပ်နိုင်လာရင်တော့ ရှယ်ပဲနော် !

https://www.pinterest.com/pin/371828512989168579/

 

https://www.pinterest.com/pin/57702438949263186/

 

https://www.pinterest.com/pin/526428643917076909/

 

သားသားမီးမီးတို့နဲ့အတူတူ ဒီလို ချစ်စရာကောင်းတဲ့ စားစရာလေးတွေအတူတူဖန်တီးပြီး လုပ်စားကြမယ်ဆိုရင်လည်း ကလေးတို့တွေအတွက် ပျော်ရွှင်မှုသာမက ဖန်တီးမှုစွမ်းရည်တွေပါတိုးတက်လာစေမှာပါ။

https://twitter.com/FlormarTurkiye/status/266836653870563328/photo/1

https://www.pinterest.com/pin/562738915924772515/

 

အလုပ်မအားလို့ အချိန်မပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဒီလိုမျိုးစားစရာတွေ မလုပ်ပေးနိုင်ဘူးလို့ မငြင်းပါနဲ့နော်။ တစ်ခါလောက်တော့ ဒီလိုမျိုးလေးတွေ လုပ်ပေးစေချင်ပါတယ်။ ကိုယ့်လက်ရာက မသပ်မရပ်ဖြစ်နေရင်တောင် သားသားမီးမီးတို့ရဲ့ ရင်ထဲမှာတော့ သင်ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ ဒီလို အရာလေးတွေက ပျော်ရွှင်စရာအဖြစ် အမြဲအမှတ်တရရှိနေမှာပါ။

စကားမစပ် သားသားမီးမီးလေးတွေတင်မဟုတ်ပဲ ကိုယ်ချစ်ရတဲ့ သူတွေအတွက် ဒီလို လှပတဲ့ ထမင်းဘူးလေးတွေကို ကိုယ်တိုင် ချက်ပြုတ် ပြုလုပ်ပြီး လက်‌ဆောင်ပေးမယ်ဆိုရင်တော့ ဒီလိုမျိုးချစ်စရာထမင်းဘူးလေးရလို့ မပျော်တဲ့သူဆိုတာ မရှိပါဘူးနော်။

 

https://locari.jp/posts/118298?utm_content=post-footer

https://www.instagram.com/p/B2PulAPgAVQ/

 

ဒါကြောင့် စာဖတ်ပရိသတ်ကြီးလည်း ဒီလို အရသာရှိပြီး ချစ်ဖို့ကောင်းတဲ့ ထမင်းဘူးလေးတွေ ဖန်တီးကြည့်ပါဦးနော်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: