ဘယ်ဘက်ကိုအားသန်တဲ့ နိုင်ငံ၊ ဂျပန် !!!!!

အရာဝတ္ထုနဲ့လူ ၂ ယောက်ယှဥ်ရပ်တဲ့အခါ၊ ဘယ်ဘက်မှာကောင်းတဲ့အရာ၊ မြင့်မြတ်တဲ့အရာကို ကိုင်ထားပါသလဲ?
ဂျပန်မှာ ဘယ်ဘက်အခြမ်းကိုအဓိကထားတဲ့ စည်းမျဥ်းရှိပါတယ်။
ဂျပန်မှာ ဘယ်သန်တွေများလို့ ဒီလိုဖြစ်ရတယ်ဆိုတာမဟုတ်ပါဘူး။

မျက်မှောက်ခေတ်လူတွေထဲမှာ သိတဲ့လူတွေရှားသွားပြီး ဘယ်လောက်အထိ ဘယ်ဘက်အခြမ်းကိုဦးစားပေးခဲ့လဲဆိုတာကို ကြည့်ရအောင်…

 

အရင်ဆုံး ကီမိုနိုရဲ့ ဘယ်ဘက်ဦးစားပေးစနစ်..


https://mag.japaaan.com/archives/122881

ကီမိုနိုဆိုတာ ခန္ဓာကိုယ်ရဲ့အရှေ့ဘက်မှာ အဝတ်တွေတစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။
အဲ့ဒီအချိန် ဝတ်နေသူကိုယ်တိုင်ကနေကြည့်ပြီး ဘယ်ဘက်အခြမ်းကို မဖြစ်မနေအပေါ်မှာထားဝတ်ရပါတယ်။
အဲ့ဒီလို ကီမိုနိုဟာလည်း ဘယ်ဘက်ဦးစားပေးဖြစ်ပါတယ်။

 

အဲ့ဒီလိုပဲ ဂျပန်တံခါး 障子Shoji ၊ 襖Fusuma တို့မှာလည်း တံခါး ၂ ချပ်ထပ်ထားတဲ့ ပုံစံဖြစ်သော်လည်း


https://lohaco.jp/product/L06699114/

အခန်းအတွင်းဘက်ကနေကြည့်လိုက်မယ်ဆို ဘယ်ဘက် slide က အပေါ်ဘက်မှာ ရှိပါတယ်။
ဒါဟာလည်း Left priority ထဲက တစ်ခုပါပဲ…

 

 

ပြဇာတ်ရုံဇာတ်စင် တွေလည်း ဒီအတိုင်းပါ……

https://ameblo.jp/mespetitsdanseurs3/entry-12101874568.html

ပွဲကြည့်ပရိသတ်တွေဘက်ကမဟုတ်ဘဲ၊ စင်ပေါ်မှာ တာဝန်ရှိသူတွေဘက်ကနေကြည့်ပြီး ဘယ်ခြမ်းက 上手(かみて) ဖြစ်ပြီး ညာခြမ်းကိုတော့ 下手(しもて) လို့ပြောပါတယ်။

“ 上” အပေါ်၊ ” 下” အောက် ဆိုပြီး နာမည်ခွဲထားတာကြောင့် နားလည်ရလွယ်ကူမယ် Left priority ပုံစံပဲဖြစ်ပါတယ်။

 

ပါလီမန်အဆောက်အအုံ လည်း ဒီအတိုင်းပါပဲ…

အဆောက်အအုံရဲ့ အတွင်းဘက်ကနေကြည့်လိုက်ရင် ဘယ်ခြမ်းက ကောင်စီဝင်ရုံးဖြစ်ပြီး၊ ညာခြမ်းကတော့ အောက်လွှတ်တော် ဖြစ်ပါတယ်။
ယခင်ကောင်စီဝင်ရုံးကို မင်းမျိုးအနွယ်ဝင်အိမ် ဆိုတဲ့နာမည်နဲ့အစပြုခဲ့ပြီး၊ အဲ့ဒီကနေအဆင့်မြင့်လာတာပဲဖြစ်ပါတယ်။

http://blog.livedoor.jp/nandeya_umeda/archives/50607977.html

ဘုရင်မင်းမြတ်ဧကရာဇ်လည်း တန်းစီတဲ့အချိန် ဘယ်ခြမ်းမှာပဲ တန်းစီရပါတယ်။
သို့သော် အနောက်နိုင်ငံတွေမှာတော့ ညာခြမ်းကိုအဓိကထားတဲ့ နိုင်ငံတွေကများတဲ့အတွက် အဲ့ဒီအခြေအနေမှာ ဆန့်ကျင်ဘက်မတ်တပ်ရပ်အနေအထားမျိုး ဖြစ်သွားတတ်ပါတယ်။

ဒါဟာ မိမိအမြင်နဲ့ကြည့်ပြီး ဘယ်ခြမ်း၊ ညာခြမ်းလို့ဆုံးဖြတ်တဲ့အတွက် မျက်နှာချင်းဆိုင်မှာရှိသူအတွက်ကတော့ ဆန့်ကျင်ဘက်အနေအထားမျိုးဖြစ်သွားရပါတယ်။
အဲ့ဒီထူးခြားချက်ကို ဆက်ပြီးထိန်းသိမ်းထားတာက Kyoto ရဲ့ နေရာဒေသနာမည်ပဲဖြစ်ပါတယ်။

https://amaru.me/trivia/kyoto-left-right-reverse/

 

အီကွေတာရဲ့မြောက်ပိုင်းအခြမ်းမှာရှိတဲ့ ဂျပန်မှာတော့ မြေပုံထဲမှာမြောက်ဘက်အခြမ်းကိုအပေါ်မှာထားပြီးဆွဲပါတယ်။
အဲ့ဒီလိုလုပ်လိုက်တဲ့အချိန် Kyoto ဟာဒီလိုပုံစံဖြစ်လာပါတယ်။

Kanji ဖြစ်တာကြောင့် နားလည်ရခက်ကောင်းခက်နေပေမဲ့၊ စာလုံးအကြီးနဲ့ရေးထားတဲ့ area ၂ ခုကို ကြည့်လိုက်ပါ…

ဘယ်ခြမ်းမှာ 右京区(うきょうく) ၊ ညာခြမ်းမှာ 左京区(さきょうく)
ဘယ်နဲ့ ညာက မြေပုံပေါ်မှာ ပြောင်းပြန်ဖြစ်နေတာကို နားလည်ရပါတယ်။

ဒါကအဲ့ဒီအချိန် ဘုရင်မင်းမြတ်ဧကရာဇ် နေထိုင်တဲ့နေရာကနေကြည့်ပြီး ဘယ်ခြမ်း၊ ညာခြမ်းကို သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကယ်၍ သင့်ပတ်ဝန်းကျင်မှာ သင်ကအလယ်ဗဟိုဖြစ်ပြီး၊ ဧကရာဇ်မင်းကလည်း သင့်ပတ်ဝန်းကျင်မှာရှိမယ်ဆို ဧကရာဇ်မင်း ကိုပဲအဓိကထားပြီး ဘယ်ခြမ်း၊ ညာခြမ်းကိုသတ်မှတ်တဲ့အတွက် ဆန့်ကျင်ဘက်အမြင်မျိုးဖြစ်သွားရပါတယ်။

စကားမစပ် ဘာကြောင့်ဘယ်ခြမ်းကိုအားသန်ရတာလဲ ဆိုတဲ့အရာပေါ်ရှင်းပြရရင် နေကိုမျက်နှာမူပြီး ကြည့်ပုံရှိပါတယ်။
ဧကရာဇ်ရဲ့ နေထိုင်ရာတောင်ဘက်ခြမ်းကနေ ကောင်းကင်ကိုကြည့်တဲ့အခါ လက်ဝဲဘက်ကအရှေ့ဖြစ်နေပြီး လက်ယာဘက်ကအနောက်ဖြစ်နေပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု တော်တော်များများမှာ နေကို ကိုးကွယ်မှုအရာဝတ္ထုလို့လုပ်ခဲ့ပြီး ဂျပန်မှာလည်း ဒီအတိုင်းဖြစ်ပါတယ်။ ဧကရာဇ်ဟာ နေနတ်ဘုရားဖြစ်ပြီး 天照大神(あまてらすおおみかみ)ရဲ့ မျိုးဆက်လို့ သတ်မှတ်ထားတာကြောင့် နေကိုအဓိကထားပါတယ်။
ဧကရာဇ်မင်းရဲ့ လက်ဝဲဘက်ကနေတက်လာတဲ့နေဟာ ကောင်းကြီးပေးတဲ့အရာလိုသတ်မှတ်ပြီး အရမ်းကိုတန်ဖိုးထားတဲ့အတွက် ဘယ်ခြမ်းကိုအဓိကထားခဲ့ပါတော့တယ်။

စကားမစပ် 右 (みぎ) ညာဆိုတဲ့စကားလုံးရဲ့ ဝေါဟာရအရင်းအမြစ်က ၊ 水がみなぎる ရေတွေစီးဆင်းတယ် ဆိုတာကနေ (みぎ) ဆိုတဲ့စကားဖြစ်လာပြီး ၊
左 ဘယ်ဆိုတဲ့စကားလုံးကတော့ မီးတွေထတောက်တယ်ဆိုတဲ့အခြေအနေကနေ အဓိပ္ပါယ်ကောက်ကာ “ひだり” ဆိုတဲ့စကားထွက်လာပါတယ်။

ဒီလို Left-handed society ကအဓိကဖြစ်နေတဲ့ ဂျပန်မှာ၊ ဘယ်သန်တွေပိုပြီး မျက်နှာသာရတယ်ဆိုပြီးတော့လည်း မရှိပါဘူး။
ကျွန်တော်လည်း ဘယ်သန်ဖြစ်ပေမဲ့၊ လောကမှာအရာတော်တော်များများက ညာသန်တွေအတွက် လုပ်ထားတာကြောင့် အဆင်မပြေဖြစ်ရတာလည်း အခြားနိုင်ငံများနဲ့အတူတူပါပဲ။

စာဖတ်သူတို့အားလုံး ဂျပန်လူမျိုးတွေနဲ့တန်းစီတဲ့အခါ လေးစားရတဲ့လူကြီးနဲ့ စီနီယာကို ဘယ်ခြမ်းမှာထားကြည့်ပါ။
အတော်များများသော ဂျပန်လူမျိုးတွေမှာ မသိတဲ့လူတွေလည်းအများကြီးရှိပေမဲ့၊ သိထားတဲ့လူတွေအတွက်တော့ သူတို့ကိုဝမ်းသာစေမိမှာအမှန်ပါပဲ……..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: