ဂျပန်ရဲ့အနုပညာကို ဖော်ပြတဲ့ Tattoo နဲ့ ယာကူဇာတို့အကြောင်း !!!!!

Tattoo ကို အမျိုးသားတွေတော်တော်များများ သဘောကျကြတယ်။
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြ၊ မကြိုက်မတူကြသလို၊ tattoo ကိုသဘောကျတဲ့လူတွေအဖို့တော့ tattoo ဟာဆွဲဆောင်မှု တစ်မျိုးလို့မြင်ကြပါတယ်။

ဗလတောင့်တောင့် tattoo တွေနဲ့ ဘဲကြီးတွေကိုမြင်ဖူးတယ်မလား …. ခန့်တယ်နော်….ဟဟဟဟ !!!!

tattoo နဲ့အမြင်အာရုံကိုဖမ်းစားနိုင်သူတွေရှိသလို၊ tattoo မရှိ စင်းလုံးချော တည်ကြည်ခန့်ညားကြတဲ့ အမျိုးသားတွေလည်းရှိပါတယ်။

လူအမျိုးမျိုးအလှအမျိုးမျိုးပါပဲ…!!!

၂၀၂၀ ခုနှစ်ကိုရောက်တဲ့အခါမှာတော့ tattoo ကိုသဘောကျတဲ့ မိန်းကလေးများပါ unicorn ပုံစံ ပန်းပွင့်ပုံ၊ တိရစ္ဆာန်လေးတွေပုံ စတာတွေကို ခြေထောက်, လက်, စတဲ့နေရာတွေမှာ သေးသေးလေးတွေ ထိုးလာကြပါတယ်။

ဒီတစ်ခေါက်ကတော့ Irezumi လို့ခေါ်တဲ့ ဂျပန် tattoo အကြောင်းနဲ့ မိတ်ဆက်ပေးပါမယ်။

တော်တော်များများလည်း သိကြပြီးတဲ့အတိုင်း ယာကူဇာလို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာ ကိုယ်ခန္ဓာမှာထိုးထားတဲ့ အကွက်ကြီးကြီး tattoo တွေပဲမဟုတ်လား?….

ဒါတွေကို Irezumi လို့ခေါ်ပါတယ်။….

 

https://www.bardadim.tattoo/wp-content/uploads/2019/06/DSC_5373-copyXS.jpg

Irezumi ဟာ ဂျပန်-ရုရှား တို့ရဲ့လူမျိုးစု Ainu people နဲ့ the Ryukyuan Kingdom ကနေဆင်းသက်လာတဲ့ တက်တူးထိုးတဲ့ရိုးရာအပါအဝင် ဂျပန်ကနေမူလဖြစ်တည်လာတဲ့ tattoo စတိုင်ကို ဖော်ပြတဲ့ စကားလုံးအဖြစ်လည်း အသုံးပြုပါတယ်။

tattoo artist ကိုတော့ ဂျပန်လို Horishi လို့ခေါ်ပါတယ်။

ဂျပန်ရဲ့မူလအစမှာ tattoo ထိုးတဲ့ဓလေ့မရှိခဲ့ပါဘူး။
သို့သော် ဂျပန်ရဲ့ မျိုးနွယ်စုဝင်ဖြစ်တဲ့ Ainu လူမျိုးစုမှာတော့ မျက်နှာနဲ့ခန္ဓာကိုယ်မှာထိုးတဲ့ ဓလေ့ရှိခဲ့ပါတယ်။

tattoo ထိုးခြင်း ဂျပန်မှာရှိလာပြီးနောက် Kofun period (300–600 AD) အချိန်ကာလအစမှာပဲ tattoos ကိုမကောင်းတဲ့အမှတ်အသားအဖြစ် သတ်မှတ်လာပါတယ်။
ရိုးရာဓလေ့နဲ့ အဆင့်အတန်းတွေကိုပြသဖို့ tattoo ထိုးခြင်းအစား၊ tattoo ထိုးထားသူကို ပြစ်မှုဆိုင်ရာကျူးလွန်ထားသူလို့ ယူဆခဲ့ကြပါတယ်။

 

https://en.wikipedia.org/wiki/Irezumi

 

Edo period ရောက်တဲ့အခါ tattoo ထိုးထားသူကို ပြစ်မှုကျူးလွန်သူလို့ ယူဆစဲပါပဲ…….။
သို့သော် နောက်ပိုင်းမှာတော့ အလှဆင်တဲ့ tattoo အဖြစ် ယနေ့သိကြသလိုပဲ အနုပညာလက်ရာသို့ ရောက်ရှိလာပါတယ်။

အဲ့ဒီအချိန်ကာလ woodblock printing ဆိုတဲ့ အနုပညာပန်းချီဆွဲခြင်းတစ်ခုကခေတ်စားလာချိန်၊ တစ်ဖက်မှာလည်း တရုတ်ဝတ္ထုစာအုပ်တစ်အုပ်ထွက်လာပါတယ်။

အဲ့ဒီဝတ္ထုထဲမှာ နဂါးပုံ၊ အခြားဆန်းပြားတဲ့ သားရဲပုံ၊ ရက်စက်တဲ့ကျားပုံ၊ နဲ့ ဘာသာ‌ရေးပုံ တွေကို ခန္ဓာကိုယ်တစ်ခုလုံးရေးထိုးထားတဲ့ လူစွမ်းကောင်းတစ်ယောက်အကြောင်းကိုဖော်ပြထားပြီး အဲ့ဒီဝတ္ထုဟာလည်း ချက်ချင်းအောင်မြင်သွားကာ၊ အဲ့ဒီပုံစံအတိုင်းလိုက်ပြီး ထိုးလာကြပါတော့တယ်။

 

သို့သော် Meiji period ကိုရောက်လာချိန်မှာတော့ ဂျပန်အစိုးရက အနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးမှာ မိမိတို့ရဲ့ image ကိုကာကွယ်ဖို့နဲ့ အခြားနိုင်ငံတွေဆီက impression ကောင်းသတ်မှတ်ခံရဖို့ နဲ့ လှောင်ပြောင်ခြင်းတွေမခံရဖို့ tattoo ထိုးခြင်းကို တရားမဝင်အဖြစ်သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားတွေဟာ ဂျပန်ကိုလာပြီး tattoo artists တို့ရဲ့အရည်အချင်းကိုလာရောက်ရှာဖွေကြပါတယ်။
ဆိုသလိုပဲ ဂျပန်ရဲ့ရိုးရာတက်တူးထိုးခြင်းဟာ underground အနေနဲ့ပုန်းလျှိုးကွယ်လျှိုးဆက်လက်တည်ရှိပါတယ်။

အဲ့ဒီတော့ အကယ်၍ မိမိက တက်တူးထိုးထားမိပြီး ဂျပန်မှာရောက်နေခဲ့ရင် အထူးသဖြင့်ကတော့ ရေချိုးကန်၊ gym ၊ အခြားသော water parks နဲ့ ကမ်းခြေတွေမှာ မိမိရဲ့ တက်တူးကိုလုံးဝအကာအကွယ်လုပ်ထားဖို့လိုအပ်ပါတယ်။

tattoo ကို ဂျပန်မှာတားမြစ်ထားပါတယ်နော်……

Yakuza တွေ ဘာကြောင့် tattoo ထိုးရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အရင်ခေတ်တည်းက tattoo ထိုးထားသူကို ဒုစရိုက်ကျူးလွန်သူအဖြစ်သတ်မှတ်ထားတာကြောင့် ဒါကိုသိသာစေချင်တဲ့ သဘောမျိုးလို့တော့ထင်ရပါတယ်။

 

အချို့လူတွေဟာ Yakuza တွေကို အလယ်ခေတ်သူရဲကောင်းတွေလို့ ရည်ညွှန်းပါတယ်။ ဆိုလိုချင်တာကတော့ “ နောက်ကွယ်ကနေလူတွေကိုကူညီသူ” ……

Yakuza တွေဟာ သူတို့ကိုသူတို့ သူရဲကောင်းလို့ခံယူကာ အမှောင်လောကကနေ လူတွေကို ကူညီဖို့ကြိုးစားပြီး၊ သူတို့ရဲ့တက်တူးတွေကလည်း

“ ကူညီဖို့ခွန်အားအပြည့်ရှိတယ်” ဆိုတာကို ပြချင်တဲ့သဘောနဲ့ ခန္ဓာကိုယ်အပြည့်မှာထိုးကြပါတယ်။……

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: