စစ္‌ပြဲၾကားမွ သဝဏ္လႊာ !!!!

၁၉၄ ခုနှစ်တုန်းက စစ်ပွဲတွေအကြား ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါ 

အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ Mizobuchi Emi မှာ သူမရဲ့ ငယ်ဘဝက စစ်ပွဲကာလတုန်းက ကြုံတွေ့ခဲ့ရဖူးတဲ့ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ 

 

လွန်ခဲ့တဲ့ ၇နှစ်တုန်းက အသက်၁နှစ်ကျောင်းသူ Emi ဟာ စစ်ပွဲကာလ ၃နှစ်အတွင်း စစ်သားတစ်ဦးနဲ့ စာပေးစာယူ အပြန်အလှန်လုပ်ခဲ့ကြပါတယ်။  

 

https://i.pinimg.com/originals/df/cb/c6/dfcbc603edf8e6f486228c16c8de9bf8.jpg

 

အဲဒီအချိန်တုန်းက ကျောင်းသူကျောင်းသားတွေအားလုံးဟာ အသက်နဲ့ရင်းပြီး စစ်ပွဲဝင်နေရတဲ့ စစ်သည်တော်တွေကို စိတ်ဓာတ်ခွန်အားမြင့်တင်ပေးတဲ့ စာတွေ၊ အင်အားဖြစ်စေမယ့်စာတွေ ‌ကို ပေးပို့ကြရပါတယ်။ Emi လည်းအပါအဝင်ပေါ့။ 

တစ်နေ့မှာ Emi ဆီသို့ မထင်မှတ်ပဲ ပြန်စာ တစ်ရောက်ရောက်လာတယ်။ 

 

Tomiyaki Yasou ဆိုတဲ့ ဒဏ်ရာရထားတဲ့ စစ်သားတစ်ယောက်ဆီကပေါ့။ သူက ရေတပ်က ဂျပန်လူမျိုးဖြစ်ကြောင်းကို မိတ်ဆက်ထားပြီး ပြန်ပို့လိုက်တဲ့ ပြန်စာလေး တစ်စောင်  . . . 

 

ထို့နောက်  . . . Emi ဟာ သူမရဲ့ နေ့စဉ်ဖြစ်ရပ်တွေကို ဟာသနှောပြီး မျှဝေကာပေးပို့လေ့ရှိပါတယ်။ 

 

 သူက ဟိုးအဝေးတစ်နေရာမှာ ရှိနေပြီး အချိန်မရွေးလည်း အသက်ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် သူ့ကို အနည်းဆုံးတော့ ရီစေ၊ ပျော်စေချင်တဲ့ အတွက် ဟာသာနှောပြီး စာရေး‌ပေးပို့လေ့ရှိပါတယ်။

 

နောက်ပိုင်းမှာ Tomiyaki Yasou ကလည်း  စတင်ရင်ဖွင့်ခဲ့ပါတယ်။ 

 

Tomiyaki Yasou 

ကျွန်တော့်ကို မစ္စတာလို့ မခေါ်ပါနဲ့။ ကျွန်တော့်နာမည်ခေါ်ပါ။ သင့်ရဲ့ပုံလည်းပို့ပေးပါ။ 

 

သူ့ရဲ့ စစ်ပွဲကြားက ပို့တဲ့ စာတွေဟာ စိတ်မကောင်းစရာတွေနဲ့ ပြည့်နှက်လို့နေပြီး Emi ဆီကို ပေးပို့ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးစာကတော့ စစ်ပွဲမပြီးခင် ၄လအလို ဖြစ်ပါတယ်။ 

 

Emi :  

သူ ဘယ်မှာ ဘယ်လို ‌ဆုံးပါးသွားလဲ . . . သူအသက်ရှင်လျက်ရှိနေသေးလား ဆိုတာကတော့ . . ကျွန်မလည်း မသိပါဘူး။ သေချာတာတစ်ခုကတော့ သူ ငါ့ကို တွေ့ချင်ပြီး ငါလည်း သူ့ကို တွေ့ချင်ခဲ့ပါတယ် . . .” 

 

Tomiyaki Yasou ရဲ့ Emi အပေါ်ခံစားချက်တွေကိုတော့ စာတစ်စောင်မှာ Hints တွေ့လိုက်ရပါတယ်။ 

 

ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ကျန်ရှိနေမယ့် သူက တစ်ယောက်တည်းပဲ . . . သူမကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ သူမကို တကယ်လေးစားတယ်

 

ဒီစာတွေကို ဖတ်လိုက်ရတော့ ကျွန်မ ကောင်းတာတစ်ခုခု လုပ်နိုင်ခဲ့တယ်ထင်မိတယ်လို့ Emi ကပြောပါတယ်။ 

သူမ က သူ့အတွက် စစ်ပွဲအတွင်းမှာ တစ်ခါတစ်ရံ စိတ်အေးချမ်းမှု ပေးနိုင်ခဲ့တယ်ဆိုရင်ပဲ တောင် အပျော်ဆုံးပါပဲတဲ့ 

သူတို့ ၂ ယောက် ဆုံတွေ့ခွင့်မရလိုက်ကြပေမယ့် Emi ဟာ အခုချိန်ထိ သဝဏ်လွှာတွေကို အမြတ်တနိုးသိမ်းထားတာကို မြင်တွေ့ရလိုက်ရုံနဲ့ပဲ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ 

 

ဒီလို စိတ်မကောင်းစရာ အကြောင်းဆိုပေမယ့် တကယ့်ကို ရိုးရှင်းပြီး လှပတဲ့ ပုံပြင်လေးတစ်ပုဒ်လို ဝမ်းနည်းရသလို ကြည်နူးမှုလည်း ခံစားရစေပါတယ်။ 

ဒါကြောင့် စာဖတ်ပရိသတ်တွေကိုလည်း ဒီဗီဒီယိုလေးကနေတစ်ဆင့် သင့်လျော်အောင် ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။ 

https://www.google.com/url?sa=i&url=https%3A%2F%2Fwww.bilibili.com%2Fs%2Fvideo%2FBV1P4411z7cg&psig=AOvVaw2-r65UjCXpOAd9J0F5-vBR&ust=1594905435111000&source=images&cd=vfe&ved=0CAIQjRxqFwoTCMjKxfSrz-oCFQAAAAAdAAAAABAD 

 

Eimon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: