၁၉၁၃ ခုနှစ်ရဲ့ တိုကျိုမြို့သို့ အလည်တစ်ခေါက် !!!!

၁၉၁၃ ခုနှစ်မှာ စာဖတ်သူတို့ဘာလုပ်နေခဲ့ပါသလဲ?
သေချာတာကတော့ မွေးတောင်မမွေးသေးဘူးနော်….
ကျွန်တော်ရဲ့အဘွားတောင်မမွေးသေးတဲ့အချိန်ကာလဖြစ်ပါတယ်။ အဲ့ဒီအချိန် တိုကျိုမြို့ဟာ အလျင်အမြန်ပဲ ခေတ်မီတိုးတက်လာခဲ့ပါတယ်။

၁၉၀၅ ခုနှစ် စစ်ပွဲကြောင့် နိုင်ငံကြီးဖြစ်တဲ့ ရုရှားကိုအနိုင်ရပြီး၊ အနောက်နိုင်ငံတွေဆီထိုးဖောက်မယ်လို့ စိတ်အားထက်သန်ခဲ့ပေမဲ့ အဲ့ဒါနဲ့ပြောင်းပြန် အနောက်နိုင်ငံတွေက ဂျပန်ကိုအန္တရာယ်ရှိနိုင်ငံအဖြစ် သဘောထားစပြုလာကာ၊ ဂျပန်နဲ့ပတ်သက်ပြီး လက်နက်တွေနဲ့ဝန်းရံစပြုလာပါတယ်။

ဂျပန်ရဲ့မြို့တော် တိုကျိုရဲ့ မြင်ကွင်းဟာ ဒီလိုဖြစ်ခဲ့ပုံရပါတယ်။

 

 

တိုးတက်ခေတ်မီလာတယ်လို့ပြောရမှာထက် နည်းနည်းနောက်ကျနေသေးတယ်လို့ မထင်ရဘူးလား?
တကယ်ပဲ ဒီတိုင်းပြည်ဟာ အင်အားကြီးတဲ့ ရုရှားကိုစစ်ပွဲမှာနိုင်ခဲ့တယ်ဆိုတာ ဟုတ်ပါ့မလား? လို့သံသယဝင်မိမယ်နော်…

 

ဒီလိုအလျင်အမြန်ဖွံ့ဖြိုးဆဲဖြစ်တဲ့ တိုကျိုရဲ့ပုံစံကို ထည့်သွင်းထားတဲ့ အဖြူအမည်းဟောင်းနွမ်းတဲ့ film ကနေ နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ အရောင်အဖြစ်၊ နောက်ပြီး video လည်းပဲ ချောမွေ့လာပြီး အသက်ဝင်လာခဲ့ပါတယ်။

 

နှစ် ၁၀၀ မတိုင်ခင်ရဲ့ တိုကျိုမြို့မှ ကြိုဆိုပါတယ်။

 

မြို့တွင်းမှာ လမ်းလျှောက်နေတဲ့ လူတွေချည်းသာ
ကားစီးဖို့နေနေသာသာ bikeတောင်မရှိသေးဘဲ၊ အထူးသဖြင့် ဖြတ်သွားဖြတ်လာ စက်ဘီးတွေသာရှိခဲ့ပါတယ်။
လမ်းတွေကိုတောင် ခင်းထားပါ့မလား?

အဓိကအားဖြင့် ဝတ်ကြတာကတော့ ဂျပန်အဝတ်အစားပါပဲ။
ကြည့်လိုက်ရင်တော့ ဘယ်အရာကခေတ်မီပြောင်းလဲသွားသလဲ ဆိုတာကို သဲသဲကွဲကွဲမသိရပါဘူး။

အခြားနိုင်ငံတွေကလည်း ဂျပန်ရဲ့ဒီလိုအခြေအနေကိုသိထားတာကြောင့် ဂျပန်ဟာရုရှားကိုနိုင်သွားတယ်ဆိုတာကို အစပိုင်းမှာဘယ်လိုမှမယုံကြည်နိုင်ခဲ့ခြင်းပဲလို့ ထင်ပါတယ်။
ထိုအချိန်ကာလဟာ ဂျပန်က အထူးဆန်းဆုံးစွမ်းအားတွေကို ဝံ့ကြွားနိုင်ခဲ့တဲ့ခေတ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: