Aircon က ဖုန်အနံ့တွေထွက်နေပြီလား? ဒါဆိုရင် ဒီ ၃ ချက်ကိုလုပ်ဆောင်လိုက်ပါ !!!!

ရာသီဥတုပူပြင်းတဲ့နေ့တွေမှာ အလုပ်ကနေအပြန်၊ aircon ဖွင့်လိုက်ချိန် အေးသွားတာကြောင့် ပျော်ရွှင်ရဖူးပါသလား?
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဖုန်အနံ့တို့၊ ချဉ်စုတ်စုတ်အနံ့တို့ထွက်လည်းထွက်လာရော ပျော်နေတာကနေ ချက်ချင်းစိတ်ပျက်သွားရတယ်နော်…..


https://cancam.jp/archives/851833

ဒီအနံ့တွေရဲ့အဓိကအကြောင်းအရင်ကို သိထားကြပါသလား?

aircon ဟာအခန်းတွင်းက လေကိုစုပ်ယူပြီး အခန်းအပြင်ရှိစက်ထဲမှာ အေးသွားအောင်လုပ်ပြီးမှ နောက်တစ်ကြိမ် aircon ကနေအခန်းတွင်းကိုပြန်ထုတ်လွှတ်ပေးတဲ့ပုံစံဖြစ်ပါတယ်။

လေဟာဒီလိုနည်းနဲ့ လည်ပတ်နေတာကြောင့် ဖုန်တွေနဲ့ နေစဥ်ဘဝမှာထွက်လာတဲ့အနံ့အသက်တွေ၊ ဆေးလိပ်ငွေ့ စတာတွေကို အထူးသဖြင့် စုပ်ယူပါတယ်။

နောက်ပြီး အပူချိန်မြင့်တဲ့ရက်တွေမှာ aircon ရဲ့အတွင်းမှာ ပျစ်ခဲမှုတွေဖြစ်ပေါ်ပြီး၊ မှိုတွေပေါက်လာရပါတယ်။
ဝင်သွားတဲ့ဖုန်တွေက မှိုတွေအတွက်အားပေးမှုလိုဖြစ်ပြီး ပိုပြီးပွားများစေကာ ဒီလိုပုံစံနဲ့ထပ်ခါတလဲလဲသံသရာလည်ပါတယ်။

ဒီလိုအခြေအနေကိုရောက်သွားတဲ့အခါ ပထမဆုံးတစ်ကြိမ်၊ aircon ရဲ့အတွင်းဘက်ကို သန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။
အကြောင်းကတော့ ပြောပြခဲ့ပြီးတဲ့အတိုင်းဖြစ်တာကြောင့်၊ deodorants ကဲ့သို့သော ဆေးတွေဖြန်းမယ်ဆိုလည်း ထိရောက်မှာမဟုတ်ပါဘူး။
အနံ့ဆိုးရဲ့ မူလအရင်းအမြစ်ကိုဖယ်ရှားဖို့လိုအပ်ပါတယ်။

ဒီသန့်ရှင်းရေးအတွက်၊ ဂျပန်မှာတော့ အမျိုးမျိုးသောကုန်ပစ္စည်းတွေကို ရောင်းနေတဲ့အတွက် ဂျပန်ရောက်နေတဲ့လူတွေအဖို့တော့ ဒီပစ္စည်းကို စမ်းသုံးကြည့်ပါလို့အကြံဉာဏ်ပေးချင်ပါတယ်။

ဝယ်ဖို့အဆင်ပြေဘူးဆိုရင်တော့ သေချာပေါက် တတ်ကျွမ်းသူဆီမှာပြပြီး သန့်ရှင်းရေးလုပ်ဖို့ ပထမအရေးကြီးဆုံးပဲဖြစ်ပါတယ်။
သို့သော် သန့်ရှင်းရေးအတွက်နဲ့ ငွေအကုန်မခံချင်ဘူးဆိုရင်တော့ ဒါဆို ကြိုတင်ကာကွယ်ရတော့မှာပေါ့….

လုပ်သင့်တဲ့အရာ ၃ ခုရှိပါတယ်။

၁။ filter သန့်ရှင်းရေး


အခန်းတွင်းရှိ aircon အဖုံးကိုဖွင့်လိုက်မယ်ဆို filter ကိုတွေ့ရပါမယ်။
ဒါကိုထုတ်ပြီး ရေဆေးပါ။

ဖုန်စုပ်စက်နဲ့ဖုန်တွေကိုစုပ်မယ်။
မပြောင်တဲ့နေရာကိုတော့ အိုးခွက်ပန်းကန်ဆေးအသုံးပြုတဲ့ ဆပ်ပြာကိုရေနွေးနွေးမှာအရည်ဖျော်ပြီးဆေးပါ၊ ပြီးရင်ရေနဲ့ပြန်ဆေးပြီး အရိပ်ထဲမှာ အခြောက်ခံပါ။
စိုနေတဲ့အတိုင်း ပြန်မထည့်ပါနဲ့၊ မှိုတွေနောက်တစ်ကြိမ်ပြန်ပေါက်နိုင်လို့ပါ။
အဲ့ဒါနဲ့အတူ filter ကိုထုတ်ထားပြီး aircon ခလုတ်ကိုမဖွင့်လိုက်ပါနဲ့၊
ဒါကို ၂ ပတ် ၁ ကြိမ် ပြုလုပ်ပေးပါ။
filter မှာ ဖုန်တွေအပြည့်ရှိနေမယ်ဆို aircon ရဲ့လုပ်ဆောင်မှုလည်းဆိုးရွားပြီး၊ မီတာခလည်းတက်လာနိုင်ပါတယ်။

 

၂။ လေအေးပေးစက်ကိုရပ်လိုက်ပြီးနောက်၊ ၁ နာရီကနေ ၂ နာရီအကြာလေဝင်လေထွက်လုပ်ပါ။

ပထမပြောသွားတဲ့အတိုင်း အပူချိန်မြင့်လာတဲ့နေ့တွေက လေအေးပေးစက်ကိုအသုံးပြုတဲ့အချိန် aircon အတွင်းမှာ လေပူတွေကစုပုံသွားပါတယ်။
အဲ့ဒီအတိုင်းထားမယ်ဆို မှိုတွေပေါက်နိုင်တဲ့အတွက် အဲ့ဒီလေပူကိုအပြင်ထုတ်ဖို့လိုအပ်ပါတယ်။
ဒီအတွက် လေဝင်လေထွက်လုပ်ပေးဖို့လည်းလိုအပ်ပါတယ်။

 

 

၃။ မကြာခဏ ventilation လုပ်ပြီး အခန်းရဲ့အနံ့အသက်တွေကိုဖယ်ရှားပါ။

aircon ဆိုတာတကယ်တော့ လေဝင်လေထွက်မရှိဘူးဆိုတာကို သိထားကြပါရဲ့လား?
အခန်းတွင်းက လေကိုစုပ်ယူပြီး၊ အဲ့ဒါကိုပဲ အပြင်ဘက်ရှိစက်ထဲမှာအအေးခံကာ၊ အဲ့ဒီအတိုင်းအခန်းတွင်းကို ပြန်ထုတ်လွတ်တာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုရိုနာကာကွယ်မှုစီမံဆောင်ရွက်ရေးအပါအဝင် aircon လေဝင်လေထွက်လုပ်ပေးဖို့ကလည်း အရေးကြီးမှုတစ်ခုပါပဲ။

 

လေဝင်လေထွက်လုပ်တယ်ဆိုတာက တံခါးနဲ့ပြတင်းပေါက်ကို တစ်ချိန်တည်းမှာဖွင့်ထားပြီး လေကိုစီးဆင်းစေခြင်းပဲဖြစ်ပါတယ်။

တံခါးပေါက်တစ်ချပ်တည်းကိုပဲဖွင့်ထားမယ်ဆို အဝင်လေပဲရှိနေမှာဖြစ်ပြီး၊ ထွက်ဖို့နေရာမရှိဖြစ်နေတတ်ပါတယ်။

သက်သောင့်သက်သာရှိတဲ့နေထိုင်မှုဘဝအတွက် လိုအပ်လာတဲ့ aircon နဲ့အတူ သန့်ရှင်းလတ်ဆက်တဲ့လေတွေရှူရှိုက်ရင်း နေထိုင်သွားကြရအောင်နော်……..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: