Tokyo မြို့လည်းရေအောက်ကိုရောက်သွားမှာလား ??!!!!

ဂျပန်ရဲ့ ၆ လပိုင်းကနေ ၇ လပိုင်းဟာ 梅雨(つゆ)လို့ခေါ်တဲ့ မိုးအများဆုံးရွာသွန်းတဲ့ကာလဖြစ်ပါတယ်။
မိုးဆက်တိုက်ကိုရွာသွန်းတဲ့ရာသီပါ။
မိုးရွာချိန်ကကြာရှည်သော်လည်း၊ အပြင်းအထန်ကြီးမဟုတ်ဘူးဆိုတာကို ယခုအချိန်ထိသိခဲ့ပေမဲ့၊ ဒီနှစ်ကတော့ ကြီးကြီးမားမားကို အခြေအနေတွေပြောင်းလဲကုန်ပါတယ်။
အားလုံးလည်း သတင်းတွေမှာတွေ့မိမယ်လို့ထင်ပါတယ်။
Kyushu ဧရိယာတစ်ခုလုံး နောက်ပြီး Nagano နဲ့ Gifu လို့ခေါ်တဲ့ ဧရိယာတွေမှာ မိုးကြီးခြင်းကြောင့် မြစ် ရေကာတာကျိုးသွားပါတယ်။

https://www.msn.com/ja-jp/news/national/熊本・人吉の水害「過去最大級」-55年前の浸水高超え/ar-BB16qprc

ဒီတစ်ကြိမ်က အဲ့ဒီဒေသမြို့တွေ အကြီးအကျယ်ခံလိုက်ရသော်လည်း အကယ်၍ တိုကျိုမှာသာဖြစ်လာခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ?
တိုကျိုဆိုတာ မြေအောက်ရထားတင်မကဘူး၊ လမ်းတွေနဲ့၊ အမြန်လမ်း နောက်ပြီးအမျိုးမျိုးသော Facility တွေကို မြေအောက်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်ထားတဲ့ မြို့ဖြစ်ပါတယ်။

နောက်ပြီး ဘေးပတ်ပတ်လည် မြစ်နဲ့ဝန်းရံထားခြင်းခံရတဲ့မြို့ဖြစ်သလို၊ အထဲမှာလည်း 荒川 Arakawa လို့ခေါ်တဲ့ မြစ်ကလည်း အန္တရာယ်ရှိပြန်တယ်လို့ပြောကြပါတယ်။

တကယ်က မိုးကြီးလာတဲ့အချိန် ရေကာတာကျိုးသွားမှာသေချာတယ်လို့ပြောနေကြတဲ့ နေရာကတော့ 荒川 Arakawa မြစ်ပဲဖြစ်ပါတယ်။
အဲ့ဒီရေကာတာသာ ကျိုးသွားရင် မြင်ရမယ့်ပုံစံကတော့…..


https://smart-flash.jp/sociopolitics/75039

Ueno, Akihabara, Ginza ဝန်းကျင်တို့အပါအဝင် တိုကျိုရဲ့အဓိကဧရိယာဖြစ်တဲ့ အရှေ့ဘက်အခြမ်းဟာ ပျက်စီးနယ်မြေအဖြစ်ရောက်ရှိသွားပါမယ်။
မြေအောက်ရထား 17 လိုင်းနဲ့ ဘူတာပေါင်း 97 ဘူတာဟာလည်း ရေအောက်ရောက်သွားပြီး၊ မြေအောက်ရထားတစ်စီးလုံးဟာလည်း ရေပိုက်လိုင်းကြီးသဖွယ်ဖြစ်သွားပါလိမ့်မယ်။

ဒီဟာက 72 နာရီပတ်လုံး မိုးရေချိန်ပမာဏ 550mm ကိုကျော်သွားတဲ့အခြေအနေမှာ၊ နှစ်ပေါင်း 200 မှတစ်ကြိမ်သာဖြစ်ပေါ်မယ့် မိုးရွာသွန်းမှုကြီးကို တိုကျိုမြို့အတွက် တွက်ပြထားတာပဲဖြစ်ပါတယ်။

ဒါက ဖြစ်နိုင်ချေဘယ်လောက်အထိရှိလာမလဲလို့ဆိုရရင် 2018 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံရဲ့အနောက်ပိုင်းမိုးရွာသွန်းမှုမှာ
စုစုပေါင်းမိုးရေချိန်ပမာဏက Shikoku မှာ 1800mm
Tokai ဒေသမှာ 1200mm ကိုကျော်သွားသလို၊

2015 ခုနှစ် Tochigi ခရိုင်မှာတော့ 24 နာရီကြာမှာ 500mm ကျော်သွားတဲ့အထိ ရွာသွန်းခဲ့တာကြောင့် ဖြစ်နိုင်ချေရှိနေတဲ့ပြဿနာပဲဖြစ်ပါတယ်။

လက်တွေ့မှာ 1993 ခုနှစ် တိုင်ဖုန်းကြောင့် မိုးကြီးရွာသွန်းမှုမှာ မြေအောက်ရထားလိုင်းဖြစ်တဲ့ 赤坂見附駅(あかさかみつけ えき)ဘူတာဟာ ရေမြှုပ်သွားခဲ့ပါတယ်။


လက်တွေ့ဘယ်လိုအခြေအနေဖြစ်သွားမလဲဆိုတာ သတိပေးမှုတွေလည်းပြုလုပ်ကြပါတယ်.
1993 ခုနှစ် 荒川 Arakawa မြစ်ရေကာတာကျိုးသွားတဲ့နေရာရဲ့ အနီးမှာရှိတဲ့ 赤羽駅 ဘူတာဟာ ၁ နာရီအတွင်းမှာပဲ ဒီလိုအခြေအနေဖြစ်သွားခဲ့ပါတယ်။

https://j-town.net/tokyo/column/gotochicolumn/211868.html?p=all

မြေအောက်ရထားလိုင်းထဲ ဝင်ချလာတဲ့ရေတွေကိုမတားဆီးနိုင်ဘဲ၊ မြေအောက်ရထားလိုင်းကနေ မြေအောက်ရေပိုက်လိုင်းအဖြစ်ရောက်သွားခဲ့ပါတယ်။

 

 

 

နောက်ပြီး မြစ် တာကျိုးပြီး ၁၂ နာရီအတွင်းမှာပဲ Asakusa နဲ့ Kitasenju ဘူတာတို့ဟာလည်း တစ်ပြင်လုံး ရေအတိဖြစ်သွားပါတယ်။
ဒီဝန်းကျင်က ပုံမှန်ပင်လယ်ရေမျက်နှာပြင်ထက်ကို နိမ့်ကျနေတဲ့ 0 meter zone လို့ခေါ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

တစ်ဖြည်းဖြည်းနဲ့ရေတွေဝင်ရောက်လာကာ Ginza မြို့နဲ့ စီးပွားရေအချက်အချာကျတဲ့ Shinbashi မြို့ပါ ရေအောက်ရောက်သွားပါတယ်။

 

ဒီရေလွှမ်းမိုးမှုမှာ အသက်ဆုံးရှုံးသွားသူပေါင်း 3,718 ယောက်၊ ရေမြှုပ်တဲ့အိမ်ပေါင်း 2110,114 အိမ်၊ အိုးအိမ်စည်းစိမ် ဆုံးရှုံးရသူပေါင်း 318,191 ယောက် ရှိတယ်လို့ စစ်တမ်းကောက်ယူချက်ထွက်လာပါတယ်။
ဒုက္ခသည်ပေါင်း 2,500,000 ယောက်ထက်ကိုကျော်သွားပါတယ်။

ရေလွှမ်းမိုးမှုက အများဆုံး 10m အထက်ရှိပြီး ၂ ပတ်ကျော်ရေပြန်မကျဘူးဆိုပြီးတော့လည်း သိရပါတယ်။
ရေမြှုပ်သွားတဲ့အဆောက်အဦးနဲ့ မြေအောက်ရထားတွေမှာရလိုက်တဲ့ ဆုံးရှုံးနစ်နာမှုက အတိုင်းမသိဆိုးဝါးခဲ့ပါတယ်။
တိုကျိုမြို့ဟာလည်း ပစ်မှတ်တစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။

 

ဘာကြောင့် 荒川 Arakawa မြစ် ရေကာတာကျိုးရတာလဲ လို့ဆိုရင် ဒီလိုပုံစံဖြစ်နေတဲ့နေရာတွေ ရှိတာကြောင့်ပါပဲ………..!!!


ပုံနံပါတ် (၁) က ၁၉၃၀ ခုနှစ် အဲ့ဒီအချိန် အဲ့ဒီနေရာရဲ့အခြအနေဖြစ်ပါတယ်။
အဲ့ဒါရဲ့နောက်တစ်နှစ် ပုံနံပါတ် (၂)
မှာ တံတားကိုဆောက်လိုက်ပါတယ်။

အဲ့ဒီအချိန်ထိ အဆင်ပြေနေသေးပေမဲ့၊ တိုကျိုမြို့ဟာဆက်တိုက်ပြောင်းလဲလာပြီး မြေအောက်ရေစုပ်ထုတ်မှုတွေများလာတာကြောင့် မြေကြီးအောက်မှာရှိတဲ့ နိုက်ထရိုဂျင်တွေထွက်လာပါတယ်။ ပုံနံပါတ်(၃) မှာတွေ့နိုင်ပါတယ်။

မြေမျက်နှာပြင်နှိမ့်ကျသွားခြင်းတွေဖြစ်လာတာကြောင့် ပုံမှန်ရေကာတာရဲ့အမြင့်နဲ့ မလုံလောက်တော့ပါဘူး။

အဲ့ဒီနေရာမှာ ပုံနံပါတ်(၄) အတိုင်း ရေကာတာကို ပိုပြီးမြင့်လိုက်ပေမဲ့၊
အရင်လုပ်ခဲ့တဲ့တံတားကိုလည်း ဖယ်စရာမလိုဘဲ ဆက်ပြီးလုပ်ဆောင်နိုင်ဖို့ တံတားရဲ့နေရာကိုချန်ထားပြီး ကျန်တာကိုမြင့်လိုက်ပါတယ်။

ဒီနေရာလေးပဲနိမ့်နေမယ်ဆို အဲ့ဒီနေရာမှာရေတွေသွားစုကာ ရေရဲ့ စီးဆင်းမှုအရှိန်ကြောင့် ရေကာတာကျိုးသွားရပါတယ်။
အဲ့ဒီကနေတစ်ဆင့် အပေါ်မှာပြောခဲ့သလိုပဲ ရေလွှမ်းမိုးမှုကြီးဖြစ်လာရခြင်းပါ……..

တံတားအစားထိုးဆောက်လုပ်ဖို့လိုအပ်နေပေမဲ့ လုပ်မယ်ဆိုရင် ဘတ်ဂျက်ပြဿနာကလည်းရှိတာကြောင့်
တော်တော်နဲ့မှ မလုပ်ဆောင်ဖြစ်ပါဘူး။
ကိုရိုနာဒုက္ခ!!  မိုးကြီးမှုဒုက္ခ!!
ငလျင်အတွက်လည်း စိုးရိမ်ရပါသေးတယ်!!!!!

သေသေချာချာလေး အစီအစဥ်ဆွဲပြီး စီမံဆောင်ရွက်မှုတွေလုပ်ဖို့ အကြံဉာဏ်ပေးမှုတွေလည်း တောင်းခံချင်ပါတော့တယ် !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: