ကြောင်တွေအများကြီးရှိတဲ့ Aoshima ကျွန်း !!!!

ကြောင်ချစ်သူတွေ ရှိကြလား ?

ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Aoshima ဆိုတဲ့ ကျွန်းသေးသေးလေးမှာ နေထိုင်ကြတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။

 

Aoshima ကျွန်းစုဟာ  Seto ကုန်းတွင်းပင်လယ်တွင် တည်ရှိပြီး ကြောင်တွေအများကြီးရှိလို့ ကြောင်ကျွန်း ဆိုပြီးတော့လည်း ကမ္ဘာတစ်ဝှမ်းလူသိများပါတယ်။
ကျွန်းသား ၆ ယောက်၊ ကြောင်အကောင် ၂၁၀  တို့ ဖြင့် ငြိမ်းချမ်းစွာနေထိုင်လျက်ရှိကြပါတယ်။

ဂျပန်နိုင်ငံတွင်းက ကြောင်ချစ်သူတွေသာမက ကမ္ဘာတစ်ဝှမ်းမှ ကြောင်ချစ်သူတွေပါ ဒီကျွန်းလေးကို လာရောက်လည်ပတ်ကြပါတယ်။

https://s3-ap-northeast-1.amazonaws.com/thegate/2019/06/19/12/32/38/Aoshima-Top.jpg

သို့သော် ထိုကျွန်းသို့ တစ်နေ့လျှင် လူ ၃၄ ဦး မျှသာ သွားရောက်လည်ပတ်နိုင်တယ်လို့ဆိုပါတယ်။

ဆောင်းကာလလို လေ တိုက်ပြီး လှိုင်းများမြင့်တက်လာတဲ့ အချိန်မျိုးတွေကြောင့် ရံဖန်ရံခါ သင်္ဘောများဖြင့်သွားရောက်လည်ပတ်တာတွေကို ဖျက်သိမ်းထားတာမျိုးတွေလည်းရှိပါတယ်။

https://resources.stuff.co.nz/content/dam/images/1/w/c/v/i/5/image.related.StuffLandscapeSixteenByNine.710×400.1wcskq.png/1565136544957.jpg

အဲဒီကျွန်းမှာ ရှိတဲ့ ကြောင်အကောင်၂၁၀ လုံးဟာ သန္ဓေတားဆေး ခွဲစိတ်ကုသမှုခံယူခဲ့ပြီးပါပြီ။

ကြောင်လေးတွေဟာ လူလည်းယဉ်ပြီး အရမ်းကိုချစ်ဖို့ကောင်းပါတယ်။

ကြောင်အမျိုးအစားတွေ အများကြီးရှိပြီး သူတို့အားလုံးမှာ နာမည်ကိုယ်စီရှိကြပါတယ်။

အေးတဲ့ နေ့တွေမှာဆို ဒီလို ဘူးထဲမှာ စုဝေးပြီး အိပ်ကြတာတဲ့။

https://encrypted-tbn0.gstatic.com/images?q=tbn%3AANd9GcS0ZOKzl4Xgi0yd_UQjc9KNB7SmHKe7uwadpg&usqp=CAU

 

ပိုအေးလေ၊ ပိုစုဝေးပြီး အိပ်ကြလေပေါ့။ အမလေး အသဲယားလိုက်တာနော်။

 

https://img.travelawaits.com/filter:centercrop/quill/1/d/0/f/6/6/1d0f66a93148de6392e9b3a3267dfc09d47f2878.jpg?w=800&h=800

သူ့အလှနဲ့သူ ကိုယ်စီလှနေကြတဲ့ ကြောင်လေးတွေဗိုက်ကလေးကိုလုံးနေတာပဲ။

https://i.pinimg.com/originals/a1/00/5a/a1005a10f4041b9eed254c7a48572b40.jpg

 

ငိုက်မယ် ဟီးကြောင်ချစ်သူတွေ ကြည့်လို့မဝသေးဘူးဆိုရင်တော့ အင်တာနက်မှာ Aoshima Cat Island လို့ရှာကြည့်လိုက်တာနဲ့ သူတို့လေးတွေရဲ့ ပုံရော ဗီဒီယိုတွေရော အများကြီး တွေ့နိုင်ပါတယ်နော်။

 

Ei Mon

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: