အိမ်ထဲရေမဝင်အောင် ရေနဲ့ကာထားမယ် !!!!

မိုးကြီးလေကြီးနဲ့ မုန်တိုင်းတွေ နောက်ပြီး မြစ်ချောင်းတွေကအနီးမှာရှိတာကြောင့် လူနေအိမ်တွေအထဲကိုတောင် ရေတွေဝင်လာပါတယ်။
ရေလို့သာဆိုပေမဲ့၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကိုညစ်ပေစေနိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။ ရေပမာဏများမယ်ဆို လူတွေရဲ့အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နိုင်ဖွယ်ရှိပါတယ်။

http://www.acrez.co.jp/2018/01/172

လက်ရှိ ဂျပန်ရဲ့ Kyushu ဧရိယာမှာ မိုးကြီးမှုကြောင့် မြစ်ရဲ့ရေကာတာကျိုးသွားပြီး အကြီးအကျယ်ဒုက္ခရောက်နေရပါတယ်.
လက်ရှိအချိန် ရေကြီးမှုပမာဏကိုဆိုရမယ်ဆို ဖြေရှင်းဖို့နည်းလမ်းမရှိပေမဲ့၊ ရေအနည်းငယ်လောက်ပဲဆိုရင်တော့ “ ရေ” နဲ့ဖြေရှင်းနိုင်ပါတယ်

အဲ့ဒါကတော့ မြေကြီးထည့်ထားတဲ့အိတ် 土嚢(どのう)ကို တန်းစီထားပြီး ရေဝင်လာမှုကာကွယ်တဲ့ပုံစံကို မြင်ဖူးကြမယ်နော်….
ဒါပေမဲ့ 土嚢 ကဘယ်လိုပဲဖြစ်ဖြစ်ကြားကနေ ရေတွေအလွယ်တကူဝင်နိုင်ပြီး၊ နောက်ပြီး ချက်ချင်းပြင်ဆင်ဖို့ကလည်း မဖြစ်နိုင်ဘူး။ အလုပ်လည်းရှုပ်လွန်းတယ်။

ဒါကြောင့် ရေအိတ် 水嚢(すいのう)ကတော့ အိမ်ထဲမှာ အကောင်းဆုံးပဲ။
ဗီနိုင်းအိတ် ထဲမှာရေကိုထည့်ပြီး ကြမ်းပြင်ပေါ်မှာထားလိုက်ရုံပါပဲ။


https://news.livedoor.com/article/detail/18530130/

အဝင်အဝတွေနဲ့ ခြေထောက်အထိရှိတဲ့ပြတင်းပေါက်တွေအစရှိသဖြင့် ရေဝင်နိုင်မယ့်နေရာတွေမှာထားထားပါ။
အိတ်ထဲမှာလည်းရေပဲဆိုတော့ နှစ်သက်သလိုထားနိုင်ပါတယ်။
ခင်းထားလိုက်တဲ့အခါ ဟနေတဲ့နေရာလည်းမရှိဘူး။
နောက်ပြီး အမှိုက်အိတ်သာရှိမယ်ဆိုရင် ရေဘုံဘိုင်ခေါင်းထဲကရေထည့်ပြီးလည်းပြုလုပ်နိုင်တယ်လေ…။

Toilet အဝတ်လျှော်စက် ထားထားတဲ့နေရာတွေမှာရှိတဲ့ ရေဝင်နိုင်တဲ့အပေါက်၊ ရေချိုးဇလုံနဲ့ shower အခန်းရဲ့ရေထွက်တဲ့အပေါက်၊ မီးဖိုချောင်ရေထွက်တဲ့ ဘုံဘိုင်ခေါင်း စတဲ့နေရာကနေ ရေတွေပြောင်းပြန် ပြန်ပြီးစီးဝင်လာနိုင်တာကြောင့်လည်း အိတ်အသေးလေးနဲ့ ရေအိတ်လေးတွေပြုလုပ်ပြီး ဖုံးကာထားပါ။

အိတ်ပြဲသွားနိုင်ချေလည်းရှိတာကြောင့် အိတ်ကို ၂ ထပ်လုပ်ထားတာကပိုကောင်းမယ်လေ….

ဒီဟာလေးနဲ့ ထိန်းထားနိုင်တယ်ဆိုတာ ရေပမာဏအနည်းငယ်လောက်ပါပဲနော်……
မိုးရေချိန်ပမာဏများလာတဲ့အခါဆိုရင်တော့ ရေအိတ်ကိုနေရာချထားပြီး အဝင်အထွက်တံခါးကိုဖွင့်ထားပါ။
တံခါးအမြင့်အထိရေဝင်လာမယ်ဆို ရေဖိအားကြောင့်တံခါးပွင့်သွားနိုင်ပါတယ်….

ဒီရေအိတ်နဲ့မထိန်းနိုင်တော့တဲ့ရေပမာဏဆိုရင်တော့ ထွက်သာပြေးပါတော့….ဟဟဟ!!!!!!!
မိမိရဲ့အသက်သာလျှင် အရေးကြီးဆုံးပဲမဟုတ်လား……..!!!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: