အန္တရာယ်ရှိသော စက်ဘီးမောင်းနှင်မှုအတွက် ပြင်းထန်သောပြစ်ဒဏ် !!!!

ကားမောင်းရင်း ရုတ်တရက်စက်ဘီးဝင်လာတာကြောင့် လန့်သွားရတဲ့လူတွေ 99%လောက်ရှိလာပါတယ်။
လိုင်စင်လည်းမလိုတာကြောင့် စိတ်လွတ်လက်လွတ်ပဲ စက်ဘီးစီးခွင့်ရတာ ကျေးဇူးတင်ဖို့ကောင်းသလို ပျော်ဖို့လည်းကောင်းတယ်နော် ..
သို့သော် လမ်းစည်းကမ်းကိုချိုးဖောက်မယ်ဆိုရင်တော့ သေဆုံးရတဲ့အထိ အသက်အန္တရာယ်ရှိပါတယ်…


https://autoc-one.jp/special/5004446/

ကိုရိုနာရဲ့သက်ရောက်မှုကြောင့် လူကြပ်နေတဲ့ရထားကိုရှောင်ဖို့ စက်ဘီးစီးတဲ့လူတွေများလာပါတယ်။
ဆောင်းရာသီစက်ဘီးစီးဖို့ဆိုရင်တော့ ခက်ခဲပေမဲ့၊ ယခုရာသီဥတုဆိုရင်တော့ အတော်ပါပဲ..
သို့သော် ကားမောင်းတဲ့လူတွေဘက်ကနေကြည့်ရင် ဒီလိုမောင်းတဲ့လူတွေ တော်တော်ကိုများလာခဲ့ပါတယ်။

ဂျပန်ရဲ့စည်းကမ်းမှာတော့ ဒီလိုဆိုးဝါးစွာမောင်းနှင်တဲ့စက်ဘီးနဲ့တိုက်မိလည်းပဲ ကားကရှေ့ကိုသတိမထားဘူးဆိုပြီး ထိခိုက်နစ်နာရတယ်လို့ဖြစ်လာပါတယ်။

အချက်ပြမှုကိုလျစ်လျူရှုခြင်း၊ ဖြတ်ကူးဂိတ်ကိုလျစ်လျူရှုခြင်း၊ ခေတ္တနားခြင်းကိုလျစ်လျူရှုခြင်း၊ ဘရိတ်မရှိတဲ့စက်ဘီး၊ အရက်သောက်ပြီးမောင်းနှင်ခြင်း၊ တားမြစ်ဖြတ်သန်းသွားလာခြင်းကိုချိုးဖောက်ခြင်း၊ လမ်းသွားလမ်းလာကိုအနှောက်အယှက်ပေးခြင်း၊ အခြားလုံခြုံရေးအတည်ပြုချက်တာဝန်ဝတ္တရားများကိုချိုးဖောက်ခြင်း။

ဒါတွေကိုထပ်ခါထပ်ခါကျူးလွန်ခြင်း ဒါမှမဟုတ် အန္တရာယ်ရှိတယ်လို့ယူဆတဲ့အခြေအနေဆိုရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ခြင်း ဒါမှမဟုတ် ယန်းသောင်း ၅၀ ထက်မပိုဒဏ်ငွေပေးဆောင်ရခြင်းတွေရှိပါတယ်။

နောက်ပြီး ဒီလိုလူမျိုးတွေလည်းရှိခဲ့ပါတယ်။

Uber eats ရဲ့ delivery သမားက ဂျပန်ရဲ့ဖြတ်သန်းသွားလာမှုအများဆုံး Shuto Expressway မှာမောင်းနှင်ခဲ့ပါတယ်။
ပုံမှန်ဖြစ်နေသော်လည်း စက်ဘီးကိုအမြန်လမ်းပေါ်မှာ မောင်းနှင်လို့မရသလို အရမ်းအန္တရာယ်လည်းရှိပါတယ်။
ဒီ video clip ကသက်သေဖြစ်ပြီး၊ သူ့ကိုဖမ်းဆီးလိုက်တဲ့အခါ၊ အချိန်ကုန်သက်သာစေဖို့ ဖြတ်လမ်းသဘောမျိုးနဲ့ အမြန်လမ်းပေါ်ကိုစီးလိုက်မိတာပါလို့ ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ မတိုင်ခင်က ကျွန်‌တော်လည်းပြိုင်ဘီးတွေကိုစီးခဲ့ပါတယ်။ စိတ်ထည့်ပြီးနှင်းလိုက်မယ်ဆို ကားလောက်နီးနီးကိုမြန်ပြီး၊ နည်းနည်းလှည့်လိုက်တာနဲ့ကိုရတာကြောင့် တော်တော်လေးမြန်ပါတယ်။
နောက်ပြီးလူငယ်ဖြစ်တဲ့အလျောက်ပျော်ဖို့လည်းကောင်းသလို စိတ်လှုပ်ရှားဖို့လည်းကောင်းတာကို ကောင်းကောင်းနားလည်ပါတယ်။
သို့သော် ကားနဲ့တိုက်မိပြီး သေရမှာကတော့ စက်ဘီးသမားပဲဖြစ်ပါတယ်။

မိုက်ရူးရဲဆန်စွာမလုပ်ဘဲ၊ လမ်းစည်းကမ်းကိုလိုက်နာပြီးစီးကြပါနော်…
ဂျပန်ကတော့ပြင်းထန်တဲ့ပြစ်ဒဏ်တွေချမှတ်ထားသော်လည်း၊ အန္တရာယ်ရှိတာကတော့ ဘယ်နိုင်ငံမဆို အတူတူပဲဖြစ်ပါတယ်။
ဒါကြောင့် သတိရှိစွာနဲ့ စက်ဘီးစီးကြပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: