Ice coffee ကို ကော်ဖီမထည့်ဘဲ ရေခဲတွေပဲဝယ်ကြတဲ့ဂျပန်လူမျိုး !!!!!!

ဂျပန်ရဲ့နွေခေါင်ခေါင်ကိုရောက်ဖို့သိပ်မလိုတော့ပါဘူး။
သို့သော် နွေရာသီရဲ့ပူနွေးတဲ့ရက်တွေက ပိုပြီးများလာခဲ့ပါတယ်။
ဒီလိုနေ့မျိုးဆိုရင်တော့ Ice coffee က အရသာအရှိဆုံးပဲဖြစ်ပါတယ်။

ကိုယ်တိုင်ဖျော်နိုင်တဲ့ Ice coffee ကို ဂျပန်နိုင်ငံရှိ convenience store မှာ ရနိုင်ပါတယ်။
အသင့်သောက်ကော်ဖီဗူးတွေထက်အရသာပိုရှိတယ်ဆိုပြီး သူ့ရဲ့ဂုဏ်သတင်းကလည်းမွှေးပါတယ်။

ထည့်ထားပြီးသားကော်ဖီကို ကိုယ်တိုင်ဖျော်ရတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။
အရင်ဆုံး convenience store ရဲ့ရေခဲသေတ္တာကနေ ရေခဲတွေချည်းပဲထည့်ထားတဲ့ ခွက်ကိုဝယ်ရပါတယ်။

http://hitoriblog.com/?p=18887

ပိုက်ဆံရှင်းပြီးရင်တော့ ကောင်တာမှာထားပေးထားတဲ့ coffee maker မှာ ရေခဲထည့်ထားတဲ့ခွက်ထဲကော်ဖီထည့်ပြီးရင် ရပါပြီ။

 


ဖျော်ထားတဲ့ကော်ဖီရဲ့အနံ့လေးကလည်း မွှေးနေရောပဲ….

သို့သော်
ဂျပန်မှာ ဒီလို Ice coffee ကို ကော်ဖီမပါဘဲဝယ်တဲ့လူတွေ တော်တော်ကိုများလာခဲ့ပါတယ်။
Ice coffee ကနေ ကော်ဖီသောက်ပြီးရင် ရေခဲပဲကျန်မယ်လေ၊ ရေခဲ
တကယ်တော့ အဲ့ဒီလို ခွက်ထဲမှာထည့်ထားတဲ့ ရေခဲကိုလိုချင်ကြတာပါ…..

လုပ်ငန်းသုံးရေခဲသေတ္တာနဲ့ပြုလုပ်ထားတဲ့ ရေခဲဟာ အိမ်သုံးရေခဲသေတ္တာနဲ့ပြုလုပ်ထားတဲ့ ရေခဲထက်ကို တော်ရုံတန်ရုံအရေမပျော်နိုင်တာကြောင့် သောက်စရာတွေအတွက် အသင့်တော်ဆုံးပါပဲ။
ကော်ဖီအပြင် အခြားအရာကိုထည့်သောက်ဖို့ ဝယ်ကြတာပဲဖြစ်ပါတယ်။


https://news.livedoor.com/article/detail/18488861/

သေချာကတော့ ဒါဟာလမ်းလျှောက်နေတဲ့အချိန်မှာလည်း အဆင်ပြေလို့ကျေနပ်နေတဲ့ ဒီလူကြောင့် အံ့သြခဲ့ရပါတယ်။

အိမ်ကရေခဲသေတ္တာထဲမှာ ဒီခွက်ကိုဒီအတိုင်းလေးထည့်ထားပါတယ်။
အိမ်မှာလည်း ဒါကအဆင်ပြေပါတယ်တဲ့..

convenience store မှာ ဒီလိုရေခဲအထုပ်ကိုရောင်းချပါတယ်။

https://gourmet-note.jp/posts/12868

1.1kg ထည့်ထားတဲ့အထုပ်ဆို 203 ယန်းဖြစ်ပါတယ်။
Ice coffee ရဲ့ကော်ဖီမပါတဲ့ ခွက်အသေးဆိုရင် 93 ယန်းပါ။

ရေခဲအရည်အသွေးကောင်းပုံကတော့ အတူတူပါပဲ။ သို့သော် ခွက်နဲ့ထည့်ထားတဲ့ရေခဲကို ပိုပြီးသဘောကျကြပါတယ်။
အထုပ်လိုက်ဝယ်တာက ပိုပြီးတန်တာကိုသိပေမဲ့၊ ခွက်နဲ့ဆိုရင်တော့ အလုပ်မရှုပ်တော့ဘူးလို့ ယူဆကြပုံရပါတယ်။

မဟုတ်မှလွဲရော  Ice coffee ကို ကော်ဖီမပါဘဲဝယ်ကြတာက ဂျပန်လူမျိုးတွေပဲလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: