စစ်မှန်တဲ့ သက်သတ်လွတ်ဟင်းလျာဆိုတာ?

စာဖတ်သူတို့အားလုံး သက်သတ်လွတ်ဟင်းလျာ 精進料理(しょうじんりょうり) ဆိုတာကို သိကြပါသလား?
ဘုန်းကြီးကျောင်းမှာစားကြတဲ့ သက်သတ်လွတ်စည်းမျဥ်းစည်းကမ်းရဲ့ဟင်းလျာဖြစ်ပါတယ်။

https://intojapanwaraku.com/travel/58775/


http://waqoo-shitadera.com/experience/shojinryori.html

ကြည့်ရတာအရမ်းလှပပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တယ်။
ဆိုတဲ့အကြောင်းကြောင့် ကမ္ဘာနဲ့တစ်ဝှမ်းကျန်းမာရေးလိုက်စားသူ သက်သတ်လွတ်သမားတွေအရမ်းကိုသဘောကျသော်လည်း မူရင်းသက်သတ်လွတ်ဟင်းလျာရဲ့ အဓိပ္ပါယ်ကတော့ ကြီးမားစွာကွဲလွဲနေတယ်လို့ ပြောလာကြပါတယ်။
မဟုတ်သေးဘူး။ ဂျပန်လူမျိုးအများစုတောင် သိပ်ပြီးမသိကြပါဘူး။
အသားနဲ့ငါးကိုမထည့်ဘူးဆိုရင် သက်သတ်လွတ်ဟင်းလျာပဲလို့ ထင်တတ်ကြပါတယ်. သို့သော် ဒါဟာကနဦးတည်းက ဘုန်းကြီးတွေဟာ အသားနဲ့ငါးကိုမယူကြတဲ့နေထိုင်မှုဘဝပုံစံက ရှိခဲ့တဲ့အတွက်၊ သက်သတ်လွတ်ဟင်းလျာဆိုတဲ့အဓိပ္ပါယ်နဲ့ကွာခြားသွားပါတယ်။

သက်သတ်လွတ်ဆိုတာက ‌လောကီအတွေးတွေကိုဖယ်ရှားလိုက်ပြီး ခန္ဓာကိုယ်ကိုသန့်ရှင်းစေခြင်းပဲဖြစ်ပါတယ်.
လေ့ကျင့်မှုတစ်ခုပါ။

ဂျပန်ရဲ့ဗုဒ္ဓဘာသာ၊ အထူးသဖြင့် Zen ကိုအဓိကထားတဲ့ ဘာသာရေးဂိုဏ်းခွဲမှာတော့ စကားလုံးမဟုတ်ဘဲ “ အလေ့အ‌ကျင့်” ကိုအဓိကထားပြီး အဲ့ဒီထဲကတစ်ခုအနေနဲ့ ဒီသက်သတ်လွတ်ဟင်းလျာကထွက်ပေါ်လာပါတယ်။
စားတဲ့အလေ့အကျင့်မဟုတ်ဘဲ၊ ဟင်းလျာရဲ့အလေ့အကျင့်ကို ပိုပြီးအဓိကထားပါတယ်.

သက်သတ်လွတ်ဟင်းလျာရဲ့ အခြေခံအချက်က စိတ် ၃ ခုပဲဖြစ်ပါတယ်။

၁။ 喜心(きしん)
ပျော်ရွှင်ခြင်းနဲ့ပေါင်းစပ်ထားတဲ့စိတ်
လူသားတွေရဲ့ သဘာဝတစ်ခုဖြစ်တဲ့ စားချင်စိတ်ဆိုတာရှိပါတယ်။ စာရတာကိုကျေနပ်တဲ့ပျော်ရွှင်မှု၊
ဒီလိုပဲစိတ်နှစ်ပြီး အရသာရှိတာကိုပြုလုပ်တယ် ဆိုတဲ့စိတ်လည်းအရေးကြီးပါတယ်။

နောက်ထပ် အစားအစာဆိုတာက အခြားသောသက်ရှိကို မိမိကိုယ်ထဲသို့သွင်းတယ်ဆိုတဲ့သဘောပါ။
ဂျပန်မှာတော့ ထမင်းစားတဲ့အချိန်၊ “ いただきます” လို့ပြောသော်လည်း ဒါဟာအခြားသောသက်ရှိကို လက်ခံရယူမယ်ဆိုတဲ့အဓိပ္ပါယ်ကနေလာပါတယ်။
ဟင်းလျာတွေချက်ပြုတ်တဲ့အချိန်မှာလည်း ဒီဟာကိုမမေ့ဘဲ၊ အလဟသမဖြစ်စေရန် အကောင်းဆုံးချက်ပြုတ်သင့်တယ်လို့ စဥ်းစားကြပါတယ်။

၂။ 老心(ろうしん)
မိဘက ကလေးကိုအောက်မေ့တဲ့စိတ်
မိဘဆိုတာဘာပဲဖြစ်ဖြစ် ကိုယ်တိုင်အနစ်နာခံပြီး ကလေးကိုစောင့်ရှောက်မယ်ဆိုတဲ့ စိတ်ရှိကြပါတယ်.
အဲ့ဒီလိုတန်ဖိုးထားတဲ့ကလေးအတွက် ပြုလုပ်ပေးမယ့်အစားအစာကိုလည်း ဖြစ်ကတတ်ဆန်းလုပ်ပေးမှာမဟုတ်ပါဘူး။
ဒါကြောင့်မည်သူမဆို သားသမီးကိုအောက်မေ့တဲ့မိဘရဲ့စိတ်အတိုင်း ဟင်းလျာတွေကိုချက်ပြုတ်ပါ ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။

၃။ 大心(だいしん)
မည့်သည့်အရာနှင့်မှ စည်းနှောင်ခြင်းမခံရတဲ့စိတ်
နေ့စဥ်ကြုံတွေ့ရတဲ့ ပူပန်သောကတွေကိုထွေးပိုက်ပြီး ချက်ပြုတ်မယ်ဆိုအကောင်းဆုံးဟင်းလျာ ဖြစ်လာမှာမဟုတ်ပါဘူး။ ဟင်းလျာထဲမှာအာရုံစိုက်ပါ ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်.
ဒါကြောင့် သက်သတ်လွတ်ဟင်းလျာဟာ အရမ်းကိုနူးညံ့သိမ်မွေ့တဲ့ပညာရပ်နဲ့ ချက်ပြုတ်ရပါတယ်။

အရသာရှိလို့ကောင်းတယ်၊ ဟင်းသီးဟင်းရွက်ကိုပဲအသုံးပြုထားပြီး ကျန်းမာရေနဲ့ညီညွတ်တာကြောင့် ကောင်းတယ် ဆိုတဲ့အတွေးကကြီးမားစွာမှားယွင်းနေပါတယ်။

သက်သတ်လွတ်ဟင်းလျာဆိုတာ လောကီအတွေးတွေကိုဖယ်ရှားကာ မိမိရဲ့စိတ်ကိုသန့်ရှင်းစွာထားပြီး ချက်ပြုတ်ရတဲ့ အလေ့အကျင့်ပဲဖြစ်ပါတယ်။

သက်သတ်လွတ်ဟင်းလျာရဲ့အခြေခံအဖြစ်ထားတဲ့ ဟင်းလျာကတော့ 胡麻豆腐(ごまどうふ)Gomafu ပဲဖြစ်ပါတယ်။


https://chefgohan.gnavi.co.jp/detail/4368

နှမ်းကိုကြိတ်မယ် အဲ့ဒီနေရာမှာ ရေမှာပျော်ဝင်တဲ့ အာတာလွတ်ဥမှုန့်ကိုထည့်မယ်.
မီးအေးအေးနဲ့မိနစ် ၅၀ အကြာလောက် ဆက်ပြီးမွှေပေးရပါမယ်။
မီးပြင်းသွားတာတို့ မွှေတာနည်းသွားတာတို့ဆိုရင် အိုးကပ်သွားပါလိမ့်မယ်.

အခြားအာရုံတွေကရှိမယ်ဆိုရင် မပြုလုပ်နိုင်တာကြောင့်
喜心(きしん)
老心(ろうしん)၊
大心(だいしん)

ဒီ ၃ ခုကိုသေသေချာချာလေးပိုင်ဆိုင်ထားပြီးမှသာ အရသာရှိတဲ့ 胡麻豆腐 ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောက်ပြီးဒီလိုပျော်စရာကောင်းတဲ့အလုပ်ကို လူငယ်တွေကိုလုပ်ခိုင်းတာမကောင်းဘူးလို့လည်းပြောကြပါတယ်။

Shiga စီရင်စု Otsu မြို့မှာ 月心寺(げっしんじ) လို့ခေါ်တဲ့ 尼寺(女性僧侶だけのお寺)သီလရှင်ကျောင်းရှိပါတယ်။

အဲ့ဒီမှာ 村瀬 Murase လို့ခေါ်တဲ့ သီလရှင်တစ်ပါးရှိခဲ့ပါတယ်။
သူမဟာ အသက် ၃၉ နှစ်အရွယ်မှာပဲ ယာဥ်တိုက်မှုနဲ့ညာဘက်ကိုယ်တစ်ခြမ်းထိသွားပါတယ်.
ရှင်သန်ခွင့်ရတဲ့အသက်နဲ့ လောကအတွက်ဘာအသုံးဝင်မလဲဆိုတာကိုစဥ်းစားရင်း ထွက်လာတဲ့အဖြေကတော့ သက်သတ်လွတ်ဟင်းလျာပြုလုပ်ဖို့အစပြုလာခဲ့ပါတယ်။
အသက် ၉၀ မသေခင်အထိ ဟင်းလျာကိုချက်ပြုတ်သွားခဲ့ပုံရပါတယ်။
သေချာပေါက် အဲ့ဒီခက်ခဲတဲ့ 胡麻豆腐 လည်းပဲ ပါဝင်ပါတယ်။

အသက် ၈၀ ကျော်လောက်မှာ အင်တာဗျူးတစ်ခုဖြေခဲ့ပါတယ်။

ဒီရက်ပိုင်း ခန္ဓာကိုယ်ရဲ့ခွန်အားတွေလျော့နည်းလာတာကြောင့် ဘာလုပ်လုပ်အချိန်ကြာလာတယ်။
ဒါကြောင့်ပဲမနက်တိုင်း ၁ နာရီလောက်မှာပုံမှန်ထဖြစ်ပါတယ်။

သူမဟာသေချာတာကတော့ လက်တွေ့ကျတဲ့လေ့ကျင့်မှုကိုတန်ဖိုးထားတဲ့ Zen ရဲ့နိယာမကိုဘဝတစ်လျှောက်လုံး ကျင့်သုံးလာခဲ့သူပဲဖြစ်ပါတယ်။

村瀬 ကို အသက်ရှင်ရတာကဘာလဲ? ဆိုတဲ့မေခွန်းကို မေးခဲ့ပါတယ်။

အသက်ရှင်ရတာကို မဆန့်ကျင်ရဘူး
တွေးထားတဲ့အတိုင်းအသက်ရှင်ရမယ်
မကျေနပ်ချက်တွေကိုပြောနေလည်း ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။
ဘယ်တော့သေရမလဲ ဘယ်သူမှမသိဘူး။
ဒါကြောင့်အသက်ရှင်ရတဲ့အချိန်အတွင်း အကောင်းဆုံးအသက်ရှင်ရမယ်။
အသက်ရှင်ရတာကိုပျော်ပါ။ သို့သော် အဲ့ဒါရဲ့အနောက်မှာ ပင်ပန်းခက်ခဲမှုကိုလည်း သတ်မှတ်ပေးထားပြီးသားပါ.
ပျော်ရွှင်ခြင်းကဝမ်းနည်းခြင်း
ဝမ်းနည်းစရာကိုပဲမကြည့်နဲ့၊ ပျော်စရာကောင်းတာတွေကိုကြည့်ပြီး ‌ရှေ့ဆက်အသက်ရှင်သွားပါ။

လို့ပြန်ဖြေကြားခဲ့ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: