Okayama ခရီးသွားမိတ်ဆက် (အပိုင်း ၁) Kurashiki Bikan ဒေသ !!!

အပြင်ထွက်ခြင်းထိန်းချုပ်တဲ့တောင်းဆိုမှုကိုလျှော့ချလိုက်တာကြောင့် ဂျပန်နိုင်ငံရှိမြန်မာလူမျိုးများလည်း ဂျပန်ပြည်တွင်းခရီးတွေထွက်မလားလို့ စဥ်းစားနေကြလိမ့်မယ်လို့ထင်ပါတယ်.

Tokyo,Osaka နဲ့ Kyoto စတဲ့အဓိကမြို့ကြီး ၃ မြို့ကိုလျှောက်လည်မယ်ဆိုအဆင်ပြေပါတယ်။ သို့သော် Okayama ကိုရွေးချယ်ကြည့်ရင်ရော?

Okayama ဆိုတာဘယ်လိုနေရာလဲ? Okayama မှာခရီးသွားလည်ပတ်လို့ရမယ့်နေရာတွေရောရှိရဲ့လား? လို့ဆိုတဲ့လူတွေအတွက် Okayama ရဲ့ sightseeing information တွေကို အပိုင်းတွေနဲ့ပြောပြပေးသွားပါမယ်။

အရင်ဆုံး Okayama ကဘယ်နားမှာရှိတာလဲ? ဆိုတဲ့လူတွေအတွက် (ရယ်လျက်) !!!!!!

Okayama စီရင်စုဟာ Chugoku ဒေသမှာတည်ရှိပြီး၊ Hyogo စီရင်စု, Hiroshima စီရင်စု နဲ့ Tottori စီရင်စုတို့နဲ့ထိစပ်နေပါတယ်။

နွေးထွေးတဲ့ရာသီဥတုနဲ့လွှမ်းခြုံခြင်းခံရပြီး၊ နှစ်စဥ်မိုးရေချိန်နည်းပါးတာကြောင့် “ နေသာသောတိုင်းပြည်” လို့ခေါ်ဆိုခြင်းခံရပါတယ်။

https://images.app.goo.gl/tRaQWDrfrRGGZ5L78

ကျည်ဆန်ရထားစီးပြီး တိုကျိုကနေလာမယ်ဆို ၃ နာရီကြာ၊ အိုဆာကာကနေ ၁ နာရီမရှိတရှိနဲ့သွားနိုင်ပါတယ်။
Chugoku နှင့် Shikoku ဒေသများသို့အလွယ်တကူသွားနိုင်တဲ့ အဓိကသယ်ယူပို့ဆောင်ရေး ဧရိယာဖြစ်တာကြောင့်၊ Okayama မှာပြောင်းစီးပြီး Hiroshima, Tottori, Kagawa စသည်တို့ကိုသွားကြတဲ့လူတွေကများပါတယ်။

ဒီအတွက်ကြောင့် Okayama ဟာ “ လည်ပတ်တဲ့နေရာ” လို့ဆိုရမှာထက် “ ဖြတ်သန်းသွားလာတဲ့နေရာ” လို့သိကြတဲ့လူတွေကများပါတယ်. ..တကယ်တော့ကောင်းတဲ့နေရာလေးပါ။

ဒီတစ်ကြိမ်ကတော့ Okayama tourist attractions များစွာရှိတဲ့အထဲက 倉敷美観地区(Kurashiki Bikan historical quarter) လေးကိုမိတ်ဆက်ပေးပါမယ်။

ဒီဒေသဟာ အဖြူရောင်နံရံ၊ ကြွေပြားအမိုးတွေနဲ့ဆောက်လုပ်ထားတဲ့ ဂိုဒေါင်နဲ့အိမ်အမြောက်အများစီတန်းနေပြီး၊ ရှေးစတိုင်မြို့ရှုခင်းကိုပုံဖော်ထားပါတယ်။

 

 

 

 

 


အဆောက်အအုံအသီးသီးက အဲဒိုခေတ်ကနေကျန်ရစ်ခဲ့ပြီး၊ ယခုအချိန်မှာတော့ ယခင်ထက်ပိုမိုကောင်းမွန်အောင် ပြန်ပြင်ဆင်ကာ Cafe နဲ့ general store အဖြစ်အသုံးပြုကြပါတယ်။

စကားမစပ် Kurashiki မှာတော့ ဂျင်းအိတ်တွေနဲ့ ဖန်ထည်ပစ္စည်းအမျိုးမျိုးက နာမည်ကြီးပြီး၊
美観 Bikan ဒေသတစ်လျှောက် အထူးစတိုးဆိုင်များဟာလည်း စီတန်းလျက်ရှိပါတယ်။
စိတ်ဝင်စားတဲ့ဆိုင်ရှိမယ်ဆိုရင် ရပ်ပြီးလက်ဆောင်ကိုဝယ်ရတာလည်း ပျော်စရာကောင်းပါတယ်!


လက်မှတ်ဝယ်မယ်ဆိုရင် ဒီလိုမြစ်ကြောင်းတစ်လျှောက် 川舟River boatကိုစီးပြီး လှပတဲ့ဧရိယာရဲ့မြို့မြင်ကွင်းတစ်လျှောက် အေးအေးဆေးဆေးကြည့်ရှုနိုင်ပါတယ်။

မနက်ကတည်းကလက်မှတ်ကိုကြိုမဝယ်ထားရင် မစီးနိုင်တော့တဲ့အထိကို နာမည်ကြီးတဲ့ 川舟 ဖြစ်သော်လည်း၊ လက်ရှိအခြေအနေက ကိုရိုနာသက်ရောက်မှုကြောင့် လာရောက်လည်ပတ်ကြသူတွေအရမ်းကိုနည်းသွားတဲ့အတွက်၊ မဟုတ်မှလွဲရော စီးချင်တဲ့နေ့မှာချက်ချင်းစီးနိုင်ပါလိမ့်မယ်။

လမ်းပတ်လျှောက်ပြီးပင်ပန်းသွားတဲ့နောက်မှာတော့ Delicious sweets ကိုစားရင်း ခဏလောက်မနားချင်ဘူးလား?
美観 Bikan ဒေသထဲမှာ ဆိုင် ၂ ဆိုင်ရှိပါတယ်။ (くらしき桃子) ဆိုတဲ့ဆိုင်မှာတော့ Okayama စီရင်စုက ရာသီပေါ်အသီးအနှံတွေကိုသုံးထားတဲ့ Fruit parfaits and smoothies တွေကိုလည်းရနိုင်ပါတယ်..
နွေရာသီမှာ အရမ်းနာမည်ကြီးတာကတော့ အဖြူရောင်မက်မွန်းသီး parfaits ပဲဖြစ်ပါတယ်။

ကြည့်ရတာအရမ်းလှနေတာတော့အသေအချာပဲ..လုံးဝကွက်တိဖြစ်တဲ့အချိုနဲ့ အရမ်းကိုအရသာရှိတဲ့ parfaits ပဲဖြစ်ပါတယ်။
ရာသီအချိန်နဲ့လိုက်ပြီးရွေးချယ်ရမယ့် parfaits တွေလည်းအမျိုးမျိုးရှိတာကြောင့် ခဏခဏသွားချင်လာပါတယ်။


ဘယ်နေရာကိုပဲသွားသွား ဓါတ်ပုံရိုက်နိုင်တဲ့ လှပတဲ့မြင်ကွင်းကလည်းအကျယ်ကြီးပါ။

 

ဒီလိုပုံစံနဲ့နေရာအမျိုးမျိုးမှာ ဓါတ်ပုံတွေအများကြီးရိုက်ကြည့်နော်…

အပိုလေးအနေနဲ့
美観 Bikan ဒေသကနေကားနဲ့မိနစ် ၃၀ လောက်ဆက်သွားမယ်ဆိုရင်၊ 本州Honshu နဲ့ 四国Shikoku ကျွန်းတွေဆီကို တိုက်ရိုက်ဆက်သွယ်ထားတဲ့တံတားကြီးကို မြင်တွေ့နိုင်ပါတယ်။

 

နေသာတဲ့နေ့တွေဆို ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ Kagawa စီရင်စုကို ရှင်းလင်းစွာမြင်ရပါတယ်။
အချိန်ရမယ်ဆိုရင် သေချာပေါက်သွားလည်ပတ်ကြည့်ပါ။

Kurashiki Bikan ဒေသကိုဘယ်လိုထင်ပါသလဲ?
တစ်နိုင်ငံလုံးသိထားကြတဲ့ Okayama ရဲ့ Sightseeing Famous place ဖြစ်တာကြောင့်၊ တစ်ကြိမ်လောက်တော့သွားကြည့်ပါ။

ဒါဆို (အပိုင်း ၂ ) မှာလည်းပြန်တွေ့ကြမယ်နော် !!!!

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: