အသက်အန္တရာယ်ရှိခဲ့တဲ့ ရှေးယခင် ကလေးမွေးမှုပုံစံ !!!!!

အသက်ရဲ့ဆန်းကြယ်မှုမွေးဖွားခြင်း
လူသားတွေဟာ ခြေထောက် ၂ ချောင်းစပြီးဖြစ်လာထဲက အရိုးတွေရဲ့ဖွဲ့စည်းပုံဟာ ပြောင်းလဲသွားပြီး၊ မွေးဖွားမှုကို ခက်ခဲစေတယ်လို့ပြောကြပါတယ်။
မိခင်ရဲ့ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့နာကျင်မှုဝေတနာကို ခံစားစေတဲ့ ကလေးမွေးဖွားမှုကို ရှောင်ကြဥ်ဖို့ရန်အတွက် မေ့ဆေးသုံးပြီး မနာကျင်ဘဲမီးဖွားတဲ့ပုံစံလည်းရှိလာကြသလို၊ ဂျပန်မှာတော့ အခြေခံအားဖြင့်မေ့ဆေးမသုံးဘဲ ပုံမှန်မီးဖွားတဲ့ပုံစံကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

ဒါကဂျပန်ရဲ့ဆေးကုသမှုမှာ မေ့ဆေးကိုအနည်းဆုံးပမာဏသာလျှင်ပေးတယ်လို့ စဥ်းစားနိုင်ပါတယ်။
မေ့ဆေးပမာဏကိုမှားပေးလိုက်မိရင် မိခင်ရဲ့ခန္ဓာကိုယ်ရော၊ ကလေးမှာပါ ဆိုးကျိုးရှိသွားနိုင်တာကြောင့်ဖြစ်ပါတယ်။

လက်ရှိဆေးလောကဟာ တိုးတက်လာတာကြောင့် နာကျင်မှုအလိုက် အတိုင်းတာတစ်ခုထိစိတ်ချနိုင်ပေမဲ့၊ရှေးယခင်မိခင်တွေကတော့ ခက်ခဲတဲ့အမှတ်တရဖြစ်တဲ့အထိအောင် ကလေးမွေးခဲ့ကြရပါတယ်။

 

麻酔なしの帝王切開?産後7日間眠ってはいけない?壮絶な出産の歴史から見えた「母は強し」の姿

ဂျပန်အမျိုးသမီးတွေဟာ ဘယ်လိုပတ်ဝန်းကျင်နဲ့ကလေးမွေးဖွားပြီး၊ ဘာတွေကိုတွေးခဲ့ကြသလဲ?
ဂျပန်သမိုင်းထဲက မိခင်များရဲ့တိုက်ပွဲကိုကြည့် ကြည့်ရအောင်….

Dogu တွင်ပါရှိသောဆုတောင်းချက်

လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀၀ မတိုင်ခင်ကနေ နှစ်ပေါင်း ၃၀၀၀ မတိုင်ခင်အထိ အရမ်းကိုရှည်လျားတဲ့အချိန်ကာလ ဂျပန်ဟာ 縄文時代(じょうもん じだい) လို့ခေါ်နိုင်တဲ့ ခေတ်ရှိခဲ့ပါတယ်။
အမျိုးမျိုးသော မြေထည်ပစ္စည်းတွေပြုလုပ်ပြီးလူသိများခဲ့တဲ့ခေတ်၊ ဓါတ်ပုံထဲကလို 土偶 လို့ခေါ်တဲ့ လူပုံသဏ္ဍာန်အရုပ်ကို အမြောက်အများလုပ်ခဲ့ကြပါတယ္။
土偶 အများစုဟာ အမျိုးသမီးပုံစံတွေဖြစ်ပြီး၊ အခြေအနေနဲ့လိုက်ပြီး ကိုယ်ဝန်သည်အမျိုးသမီး၊ ဒါမှမဟုတ် မိန်းမကိုယ်ပုံစံတူတွေလုပ်ခဲ့ကြပေမဲ့၊ ဒါဟာ အန္တရာယ်ကင်းစွာ၊လျင်မြန်စွာနဲ့ မွေးဖွားနိုင်ဖို့ဆုတောင်းခြင်းကို ဖော်ပြခြင်းပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်ရဲ့အမျိုးသမီးတွေမှာ မွေးဖွားထားတဲ့ကလေး ၄ ယောက်ကနေ ၅ ယောက်အထိရှိတယ်လို့ပြောကြပါတယ်။
မျက်မှောက်ခေတ်ထက်တော်တော်လေးများပေမဲ့၊ လူဦးရေအများဆုံးခေတ်ဖြစ်သော်လည်း ဂျပန်တစ်နိုင်ငံလုံး 260,000人 လောက်ရှိခဲ့တယ်လို့ပြောပါတယ်။
အသေမွေးတာတို့၊ မကြီးထွားနိုင်ဘဲသေသွားတဲ့ ကလေးတွေလည်းအများကြီးရှိတာကြောင့်ဖြစ်ပါတယ်။
ဆေးပညာမဖွံ့ဖြိုးသေးတဲ့အဲ့ဒီအချိန်၊ ဆုတောင်းရုံအပြင်မရှိခဲ့ပါဘူး။

平安時代 Heian ကာလအတွင်းကလေးမွေးဖွားခြင်း


နှစ်တွေကြာမြင့်လာပြီး၊ လက်ရှိအချိန်ကနေ နှစ်ပေါင်း ၁၃၀၀ မတိုင်ခင် 平安時代 Heian period
မင်းမျိုးမင်းနွယ်တွေက ခမ်းနားစွာနေထိုင်ကြပြီး၊ လူချမ်းသာနဲ့ဆင်းရဲသားတို့ရဲ့ကွာခြားမှုဟာလည်း အလှမ်းအကျယ်ကြီးဖြစ်တဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။
အဲ့ဒီအချိန်ကလေးမွေးဖွားခြင်းကို “ အပြစ်အနာဆာ” လို့ဆက်ဆံခဲ့ကြပုံရပါတယ်။
အပြစ်အနာအဆာကို အညစ်အကြေးဆိုတဲ့စကာလုံးနဲ့လည်း ရေးကြပါတယ်။
မျက်မှောက်ခေတ်မှာ ကလေးမွေးဖွားခြင်းကတန်ဖိုးရှိတယ်လို့တွေးကြပေမဲ့၊ ယခင်ကတော့လုံးဝဆန့်ကျင်ဘက်အမြင်မျိုးဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အပြစ်အနာဆာကိုရှောင်ဖို့အတွက် အဖြူရောင်အဝတ်ကိုဝတ်ကာ၊ ဘေးပတ်ပတ်လည်အဖြူရောင်အခန်းထဲမှာ ကလေးမွေးခဲ့ကြပါတယ်။
“ ဘယ်လောက်ပဲဆုတောင်းပါစေ 物の怪 Mononoke ကမထွက်သွားဘူး”
ဆိုတဲ့စကားကအဲ့ဒီအချိန် ဝတ္ထုမှာကျန်နေသေးပေမဲ့၊ 物の怪 Mononoke ဆိုတာလက်စားချေတဲ့မကောင်းဆိုးဝါးဝိညာဥ်ပါပဲ။
ကလေးမွေးရတဲ့ နာကျင်မှုဟာ မကောင်းဆိုးဝါးကကိုယ်မှာလာကပ်နေပြီး လှုပ်ဆော်တယ်လို့ ထင်ခဲ့ကြပုံရပါတယ်။

ကလေးမွေးတဲ့ပုံစံကတော့ အများစုကထိုင်ပြီးမွေးကြပါတယ်။
အညစ်အကြေးတွေကမျက်နှာကိုပြန်မစင်ဖို့အဲ့ဒီလိုမွေးခဲ့ကြသော်လည်း မဖြစ်နိုင်သေးတဲ့ပုံစံပဲနော်…

အဲဒိုခေတ်မှာတော့ ကြိုးတစ်ချောင်းကိုဆုတ်ကိုင်ပြီးမွေးဖွားခဲ့ကြ

ဆာမူရိုင်းခေတ်ပြီးနောက်၊ အဲ့ဒိုခေတ်ရောက်လာတဲ့အခါ က‌လေးမွေးဖွားခြင်းမှာကျွမ်းကျင်တဲ့ 産婆(さんば)Sanba လို့ခေါ်တဲ့ သားဖွားဆရာမ တွေပေါ်လာပါတယ်။
အညစ်အကြေးနဲ့ပတ်သက်တဲ့ စိတ်ခံစားမှုဟာယခင်နဲ့အတူတူပါပဲ။ နောက်ပြီး ထိုင်ပြီးတော့ပဲ ကလေးမွေးကြပေမဲ့ မျက်နှာကျက်ကနေဆွဲထားတဲ့ကြိုးကိုလက်နှစ်ဖက်နဲ့ အသားကုန်ဆွဲပြီး မွေးဖွားလာခဲ့ကြပါတယ်။

အဲ့ဒီအချိန်ဂျပန်ကိုရောက်လာတဲ့ အမေရိကန်လူမျိုးက၊ ဂျပန်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသံမထွက်ဘဲသည်းခံပြီးကလေးမွေးကြတာကို အံ့သြသွားခဲ့ပါတယ်။

ခွဲစိတ်မွေးဖွားမှုတွေအစပြုလာတယ်။

ဗိုက်ကိုခွဲပြီးကလေးမွေးတဲ့ နည်းလမ်းကိုစပြီးအသုံးချခဲ့တာကတော့ 1852 ခုနှစ်ကပဲဖြစ်ပါတယ်။
အဲဒိုခေတ်ရဲ့နောက်ပိုင်းလောက်ဖြစ်ပါတယ်.
၃ ရက်အကြာဝေဒနာခံစားရပေမဲ့ ကလေးကထွက်မလာနိုင်တဲ့အတိုင်းဗိုက်ထဲမှာတင်သေဆုံးသွားတာကြောင့် အရေးပေါ်ခွဲစိတ်မှုတွေလည်းပြုလုပ်လာကြပါတယ်။

အံ့သြစရာကောင်းတာက မေ့ဆေးမပေးပါဘူး။
အရမ်းနာကျင်နေမှာကိုတွေးရုံနဲ့သိနိုင်ပါတယ်။

နေအိမ်မှာပဲကလေးမွေးခြင်း

ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အထိ နေအိမ်မှာပဲကလေးမွေးဖွားတာတွေများခဲ့ပါတယ်။
မျက်မှောက်ခေတ်ကတော့ ပုံမှန်ဆိုဆေးရုံမှာမွေးကြပေမဲ့၊ အဲ့ဒီအချိန်ဝမ်းဆွဲသည်တွေအမြောက်အများရှိတဲ့အတွက် နေအိမ်အထိလာပြီးကလေးမွေးပေးခဲ့ကြပုံရပါတယ်။

စကားမစပ် 1973 ခုနှစ်မှာ မွေးဖွားတဲ့ကျွန်တော်ကတော့ ဆေးရုံမှာမွေးဖွားခွင့်ရသလို၊ မေ့ဆေးပေးပြီးဗိုက်ခွဲမွေးခဲ့ပါတယ်။
ဒီလိုမေ့ဆေးပေးပြီးမွေးဖွားတာတို့၊ မိခင်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေရုတ်တရက်ပြောင်းလဲမှုတို့နဲ့လိုက်ပြီး, ဆေးရုံမှာပဲကလေးမွေးဖွားတာတွေများလာကာ၊ ပြောင်းပြန်အနေနဲ့ သားဖွားဆရာမတွေလျော့နည်းသွားခဲ့ပါတယ်။

အမျိုးသားတွေအနေနဲ့ ကလေးမွေးရတဲ့နာကျင်မှုကိုသည်းမခံနိုင်ပါဘူး။
အဲ့ဒီလောက်ထိနာကျင်ရတယ်ဆိုပေမဲ့ အမျိုးသမီးများရဲ့ DNA မှာပင်ထွင်းထားတာကြောင့်များလား?
အမျိုးသမီးအများစုဟာ သတ္တိရှိစွာနဲ့ကလေးမွေးရဲကြပါတယ်။

ဒီလိုမျိုးကြိုးစားပြီးမွေးဖွားပေးခဲ့တဲ့အမျိုးသမီးတွေရှိလိုသာ ကျွန်တော်တို့တည်ရှိနေတယ်ဆိုတာကိုစဥ်းစားကြည့်ရင် “ အမေဟာသန်မာတယ်” လို့ခံစားလာရပါတယ်။

ကလေးကိုအန္တရာယ်ကင်းကင်းမွေးဖွားနိုင်တဲ့ရာခိုင်နှုန်းတွေလည်းမြင့်တက်လာသော်လည်း၊ အမျိုးသမီးတွေရဲ့ဘဝမှာ ကလေးမွေးဖွားတဲ့အရေအတွက်ကျဆင်းလာပါတယ်။
အနာဂတ်မှာ ဆေးပညာတွေဟာပိုပြီးတိုးတက်လာပြီး၊ Safe ဖြစ်လာတာနဲ့အတူ၊ မိခင်ရဲ့ကိုယ်မှာအနာတရနည်းပါးတဲ့ မွေးဖွားမှုပုံစံအဖြစ်ဆေးပညာတိုးတက်သွားဖို့လည်း မျှော်လင့်မိပါတယ်။

 

Kengo  Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: