Steve Jobs ရဲ့နှလုံးသားကိုဦးဆောင်သူ !!!!

ကမ္ဘာတစ်ဝှမ်းလူတွေသိထားကြတဲ့ Apple တည်ထောင်သူ Steve Jobs ရဲ့သေဆုံးမှုက အလွန်နှမြောတသဖြစ်ဖွယ်ကောင်းပါတယ်။

iMac စတင်ရောင်းချချိန်မှာအမြတ်မရှိခဲ့တဲ့ Apple ကိုကယ်တင်ကာ၊ iPod နဲ့သီချင်းနားထောင်နိုင်တဲ့ပုံစံသို့ပြောင်းလဲခြင်း၊ iPhone နဲ့ ဖုန်းရဲ့ common sense ချည်းပဲမဟုတ် အင်တာနက်နဲ့လူတွေရဲ့ဆက်သွယ်မှု ပုံစံကိုပါပြောင်းလဲခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။…


https://techwave.jp/archives/51704553.html

တစ်ကမ္ဘာလုံး အံ့အားသင့်စေတဲ့အရာတွေကိုအကြိမ်ပေါင်းမနည်းချပြသူတစ်ဦးအနေနဲ့ စာဖတ်သူအားလုံးလည်း သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။
တစ်ကမ္ဘာလုံးကနေ နှမြောတသဖြစ်စွာနဲ့ဆုံးပါးသွားတဲ့ ဒီပုဂ္ဂိုလ်မှာ သူ့ရဲ့စိတ်ကိုတွန်းအားပေးတဲ့လူရှိခဲ့တယ်။
အဲ့ဒီလူကတစ်ခြားသူမဟုတ် 乙川弘文 (おとがわ こうぶん) Otogawa Kobun လို့ခေါ်တဲ့ဂျပန်လူမျိုးဘုန်းကြီးသာလျှင်ဖြစ်တယ်ဆိုတာရော စာဖတ်သူတို့သိကြပြီးပြီလား?

http://www.eigonoshinzui.com/jinbutsuden15.html

乙川 Otogawa ဟာ Niigata စီရင်စုရှိဘုန်းကြီးကျောင်းက ကလေးတစ်ဦးအဖြစ်ကြီးပြင်းလာပြီး၊ 1967 ခုနှစ်မှာ အမေရိကန်နိုင်ငံကိုရောက်သွားပါတယ်။
အမေရိကားမှာနေထိုင်ရင်း, ၁၉၈၆ တွင်Jobs၏ NeXT ဘာသာရေးခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံရပြီး, ၁၉၉၁ ခုနှစ်တွင် Jobsရဲ့မင်္ဂလာပွဲကို ဦးဆောင်ခွင့်ရတဲ့အထိ ယုံကြည်ခြင်းခံခဲ့ရပါတယ်။

အဲ့ဒီပုဂ္ဂိုလ်ဟာ ၂၀၀၂ ခုနှစ် ၇ လပိုင်းမှာ၊ အသက် ၅ နှစ်အရွယ်သမီးဖြစ်သူကို ရေကန်ထဲကနေကယ်ဆယ်ရင်း ရေနစ်ပြီးဆုံးသွားပေမဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

乙川 Otogawa ဟာအရက်လည်းဖြစ်ကတည့်စမ်းသောက်ပြီး၊ ငွေကြေးနဲ့ပတ်သက်ရင်လည်းမရှိ၊ ဇိမ်ခံပစ္စည်းတွေလည်းအရမ်းကြိုက်ပါတယ်။
Jobs ဆီကရထားတဲ့ credit card ကိုလည်းအကုန်သုံးလိုက်ပြီး၊ Jobs အကြီးအကျယ်စိတ်ဆိုးတာကိုလည်းခံဖူးသူတစ်ယောက်ဖြစ်ပါတယ်။

အရက်တွေမူးပြီး သွားလည်ပတ်ရမယ့်အစီအစဥ်တွေကိုပါမေ့သွားတာလည်းအကြိမ်ပေါင်းမနည်းပါဘူး။
ဘုန်းကြီးဖြစ်သော်လည်း ဆံပင်တွေလည်းရှည်ပါသေးတယ်…

မိန်းကလေးတွေကိုလည်းသဘောကျပြီး၊ အတူနေထိုင်တဲ့ မိန်းကလေးကို international missionary conference ဆီခေါ်ဆောင်လာတာကြောင့် အခြားဘုန်းကြီးများရဲ့ဆန့်ကျင်မှုကိုပါခံရပါတယ်။
အသက် 60 အရွယ်မှာ ငယ်ရွယ်တဲ့လူဖြူအမျိုးသမီးတစ်ယောက်နဲ့ ကလေးရသွားပြီး လက်ထပ်လိုက်ရပါတယ်။

တရားမဝင်မူးယစ်ဆေးဝါး LSD ကိုလည်းသုံးခဲ့ဖူးတာတွေလည်း ရှိပုံရပါတယ်။
သီလရှိတဲ့ဘုန်းကြီးတစ်ပါးအဖြစ်မထင်ရရုံသာမက ….
လူသားအနေဖြင့်ပြောရလျှင် မြေကြီးလေးသည်ကလွဲပြီးမရှိဘူးမဟုတ်ပါသလား?

အဲ့ဒီလိုပုဂ္ဂိုလ်ကို Jobs ကတော့ ဒီလိုတန်ဖိုးထားခဲ့ပါတယ်။

အဲ့ဒီပုဂ္ဂိုလ်ပြောတဲ့အင်္ဂလိပ်စာက ဂျပန်လိုဖိသံပြင်းတဲ့ အင်္ဂလိပ်စာဖြစ်ပေမဲ့, စကားလုံးတွေကတော့အရမ်းကြွယ်တယ်။
အတွေးအခေါ်နဲ့ကဗျာဆန်တဲ့အသုံးအနှုန်းတွေလည်းကောင်းမွန်တယ်။
သူ့ရဲ့ဇာတ်လမ်းက လုပ်ကြံထားတယ်လို့မခံစားရဘဲ၊ သဘာဝဆန်တဲ့အခြေအနေပါ…

သင့်တော်တဲ့စကားလုံးကိုရှာရမယ်ဆိုရင် အပြစ်ကင်းတဲ့ဦးညွှတ်မှုတို့၊ ကောင်းကင်ကိုစိုက်ကြည့်နေတတ်တဲ့သူ့ရဲ့အပြုအမှုကလည်း လုံးဝကိုကလေးအတိုင်းပဲ။
အဲ့ဒီအတိုင်း ဖြူစင်မှုနဲ့ရိုးရှင်းမှုက မရည်ရွယ်ထားတဲ့ပုံစံမျိုးနဲ့ ကြားလိုက်ရတဲ့အရာတိုင်ကိုရယ်ရစေတယ်။
အရမ်းကို ကလေးလိုဖြူစင်တဲ့လူတစ်ဦးပါ..

အလွန်ထူးဆန်းတဲ့ဆွဲဆောင်မှုရှိတဲ့ပုဂ္ဂိုလ်အတိုင်းပါပဲ……

Jobs ကိုယ်တိုင် တည်ထောင်ထားတဲ့ကုမ္ပဏီကနေထွက်လိုက်ပြီး၊ စိတ်ပျက်ခြင်းနဲ့ကြုံတွေ့ခဲ့ရတယ်။
သူက ဂျပန်ကိုသွားပြီး၊ 乙川 ကြီးပြင်းခဲ့တဲ့ဘုန်းကြီးကျောင်းကိုသွားခဲ့ပါတယ်။
Jobs က မိမိဟာဘယ်လိုလူမျိုးလဲ၊ ဘာလုပ်သင့်လဲဆိုတာကို သိချင်တယ်ဆိုပြီး ရှာပုံတော်ဖွင့်ခဲ့ပါတယ်။

Jobs ဟာ အလွန်ထူးကဲတဲ့ပါရမီရှင်လို့သတ်မှတ်ခံရပေမဲ့၊ မာနထောင်လွှားခြင်းကမိမိကိုယ်ကိုဖြောင့်မတ်တယ်လို့ပြောခြင်းခံရသူ။

ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ လူတွေကိုဆွဲဆောင်နိုင်တဲ့Jobsဟာ နောက်ကွယ်မှာတော့ “ ပျောက်ဆုံး” နေတဲ့အရာလို့ပြောနိုင်တဲ့ တစ်ခြမ်းတည်းကိုပဲသာလွန်နေတာကများပြီး၊ အဲ့ဒီဟန်ချက်ပျက်သွားရင်တော့ အလုပ်ရော၊စိတ်ရော၊ခန္ဓာကိုယ်ပါ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။

ကမ္ဘာပေါ်မှာအကောင်းဆုံးပါရမီရှင်ကို ဘယ်သူကနောက်ကွယ်ကနေပံ့ပိုးပေးနေသလဲဆိုတာကို ပုံမှန်အသိနဲ့တော့ နားမလည်နိုင်ပါဘူး။
Jobs ဟာစိတ်မနှံ့တဲ့ဘုန်းကြီးလို့ပြောနိုင်တဲ့ 乙川 ကိုလိုအပ်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့တွေကိုဆက်သွယ်ပြီး Zen လို့ခေါ်တဲ့အယူအဆကို တကယ်က Jobs တစ်ဦးတည်းမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းအောင်မြင်သူတွေကိုယ်တိုင်လေ့လာပြီး မိမိရဲ့အတွေးထဲမှာ လက်တွေ့ကျင့်သုံးလျက်ရှိပါတယ်။

တစ်စုံတစ်ခုကိုရအောင်လုပ်တဲ့ Gain ရဲ့အယူအဆကိုစွန့်ပစ်ပြီး၊ စုပုံလာတဲ့အရာတွေကိုဖျတ်ဆီးတဲ့အယူအဆကို အခြေခံတဲ့ Zen ရဲ့အယူအဆက….
အပိုဖြစ်နေတဲ့အရာတွေကိုဖယ်ရှားပြီး၊ အရာဝတ္ထုတွေရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့ တွေ့ဆုံနိုင်တယ်လို့ခံယူကြပါတယ်။

ဒီအတွေးအခေါ်က လိုအပ်တာထက်ပိုတဲ့အရာတွေကိုခိုးယူသွားပြီး မိမိရည်ရွယ်ချက်ကိုထိထိရောက်ရောက် ရည်မှန်းနိုင်ဖို့ဖြစ်ပြီး၊ လက်တွေ့ business ပိုင်းမှာအောင်မြင်မှုရာခိုင်နှုန်းတွေ မြင့်တက်လာရုံတင်မက၊ အငြင်းပွားမှုတွေကိုလည်း တိမ်းရှောင်နိုင်လာတဲ့စွမ်းအားကိုပေးတယ်လို့ ပြောကြပါတယ်။

မိမိကိုယ်ကိုနှိမ့်ချစွာချုပ်တည်းပြီးတစ်ခုတည်းကိုအာရုံစိုက်ပါ။
ဒါက Zen ရဲ့အခြေခံသဘောတရားပဲဖြစ်ပါတယ်။
乙川 ဟာဖိတ်ခေါ်ခြင်းခံရတဲ့အခါ ဘယ်နေရာဖြစ်ဖြစ်သွားပြီး Zen ရဲ့သွန်သင်ချက်များကိုဟောပြောခဲ့ပါတယ်။

စည်းမျဥ်းစည်းကမ်းတွေနဲ့အချည်နှောင်မခံတဲ့နေထိုင်မှုပုံစံက Jobs နဲ့သဘောထားချင်းတိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။

 

Kengo Abe

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: