Ghibli ရဲ့ animation တွေထဲမှာပါတဲ့နေရာတွေက အပြင်မှာတကယ်ရှိတယ် !!!?…

Studio Ghibli ရဲ့ရုပ်ရှင်တွေကို စာဖတ်သူတို့အထဲမှာ ကြိုက်တဲ့လူရှိလား?
ရုပ်ရှင်တွေအများအပြားရှိပြီး, ဂျပန်ရဲ့ animation စံပြကိုယ်စားလှယ်အနေနဲ့ ကမ္ဘာကနေတောင်အသိအမှတ်ပြုခြင်းခံထားရပါတယ်.
ဒီတစ်ခေါက်မှာတော့ animation တွေရဲ့ပုံတွေအဖြစ်သုံးထားတယ်လို့ ပြောကြတဲ့နေရာတွေကို မိတ်ဆက်ပေးသွားပါမယ်။

အဲ့ဒီနေရာတွေကိုသာသွားလို့ရမယ်ဆို အရမ်းကြိုက်တဲ့ animation ကမ္ဘာထဲရောက်သွားတယ်လို့ သင်ခံစားရမလား?

Nausicaä of the Valley of the Wind


https://www.travel.co.jp/guide/matome/58/

လူသားတွေဟာ ကမ္ဘာကြီးကိုညစ်ညမ်းစေပြီး၊ အဲ့ဒါကိုပြန်ပြီးစင်ကြယ်စေတဲ့သဘာဝတရားကြီးကို အဓိကဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။
Pakistan မှာရှိတဲ့တောင်တစ်ခုမှာ နွေရာသီရောက်ပြီဆိုတာနဲ့ ပန်တွေပွင့်အုံလာတဲ့ Hunza ချိုင့်ဝှမ်း ရှိပါတယ်။
မတ်စောက်တဲ့တောင်ကမ်ပါးယံလမ်းတစ်လျှောက်ဆုံးသွားရင်တော့ ရောက်ရှိမှာက ဒီနေရာလေးပါ။
Nausicaä of the Valley of the Wind ထဲကပုံနဲ့တော်တော်လေးဆင်တယ်နော်….

Castle in the Sky


ကောင်းကင်မှာလွှင့်မျောနေတဲ့ ဒဏ္ဍာရီရဲတိုက် Laputa ကိုရည်ညွှန်းတဲ့ မိန်းမငယ်လေးရဲ့အကြောင်း…
ဒီပုံလေးမှာတော့ တကယ်ကြီးကောင်းကင်မှာလွှင့်မျောနေတာမဟုတ်ဘဲ ဒီမြင်ကွင်းကကောင်းကင်မှာပျံနေတဲ့အလား မြင်တွေ့ရပါတယ်။
ဒီနေရာက Sri Lanka ရဲ့ခရီးသွားနေရာဖြစ်တဲ့ ရှေးဟောင်းမြို့ sigiriya ပဲဖြစ်ပါတယ်။

နောက်ပြီးဒါကတော့ Cambodia ရှိ Angkor Wat အပျက်အယွင်းများရဲ့အနီးလေးမှာရှိတဲ့ တောနက်ထဲမှာ တိတ်တဆိတ်အိပ်လို့ရတဲ့ Beng Mealea လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်။

ဒီပျက်ဆီးနေတာကိုကြည့်ပြီး၊ တကယ်ကိုရုပ်ရှင်ထဲကအတိုင်းပဲလို့ ခံစားရတယ်နော်….

ဒါကတော့  Laputa ရဲ့အတွင်းပိုင်းနဲ့ဆင်တဲ့နေရာပါ။ Wakayama စီရင်စုမှာရှိတဲ့ Tomogashima ဟာအနုပညာလက်ရာမြောက်တယ်နော်။


တောင်အမေရိကရှိ Peru နိုင်ငံရဲ့ တော်ဝင်မြို့တော်ဖြစ်တဲ့ Machu Picchu ရဲ့ပုံတွေကလည်း အရမ်းကိုနီးစပ်ပါတယ်။

My Neighbor Totoro

ဒီရုပ်ရှင်ကိုကြည့်ဖူးတဲ့လူတွေအဖို့တော့ ဒါကတော်တော်လေးကိုဆင်ပြီး လုံးဝဒီအိမ်ကိုဆွဲထားတာပဲလို့ တစ်ထစ်ချထင်မိမယ်မဟုတ်လား?
တကယ်တော့ 2005 ခုနှစ်ကကျင်းပခဲ့တဲ့ Aichi ကုန်စည်ပြပွဲရဲ့ Pavilion တစ်ခုအနေနဲ့ဆောက်ခဲ့တဲ့အိမ်ဖြစ်ပါတယ်။
အဲ့ဒီလိုတစ်ခြားဟာနဲ့မတူဘဲ၊ animation မှာပါတဲ့အတိုင်းဆောက်ထားတာဖြစ်လို့ အတော်လေးဆင်ပါတယ်။

Nagoya မြို့မှာအဲ့ဒီအတိုင်းလေး ရှိနေသေးတဲ့အတွက် Totoro fan ဆိုရင် သေချာပေါက်သွားကြည့်နော်….
နောက်ပြီး ဇာတ်အိမ်တည်ထားတဲ့ရွာလေးဟာလည်း ဒီအတိုင်းပါပဲ…

Tokyo Ikebukuro ကနေ ၁ နာရီလောက်နဲ့ရောက်နိုင်တဲ့ Sayama တောင်ကုန်းမှာ ဒီလိုသဘာဝတောတောင်ရှုခင်းလေးကလည်း ကျန်ရှိနေပါသေးတယ်။

Kiki’s Delivery Service


သြစတြေးလျတောင်ပိုင်း၊ Adelaide မြို့မှာ ဒီလိုနာရီမျှော်စင်ရှိပါတယ်။
Kiki’s Delivery Service ရဲ့နောက်ဆုံးအခန်းမှာ လေသင်္ဘောကြီးကိုဖမ်းမိသွားတဲ့ နာရီမျှော်စင်စံနမူနာတစ်ခုလို့လည်းပြောကြပါတယ်။

မြို့ရဲ့မြင်ကွင်းကတော့ ဒီမှာပါ။

Sweden ရဲ့အကြီးဆုံးကျွန်း Gotland..
ဇာတ်လမ်းထဲမှာမြင်ရတဲ့ လိမ္မော်ရောင်အိမ်ခေါင်မိုးတွေ အတန်းလိုက်ကြီးဖြစ်နေတယ်လို့ ရုတ်တရက်မြင်နိုင်တဲ့အိမ်တွေအများအပြားရှိတဲ့ နယ်နိမိတ်လေး..
animation ထဲကအတိုင်းပဲနော်…

Porco Rosso

ဒါကတော့ ကျွန်တော်အကြိုက်ဆုံး animation ပါ။
Croatia နိုင်ငံရဲ့တောင်ဘက်အကျဆုံးဖြစ်တဲ့ Dubrovnik မြို့…
အခုလည်း လေယာဥ်ပျံက ပျံသန်းလာတဲ့အတိုင်းခံစားရတယ်နော်….

နောက်ပြီးဒီနေရာ..

ဇာတ်ကောင် Polco Rosso ရဲ့ပုန်းအောင်းနေတဲ့အိမ်နဲ့ တော်တော်လေးဆင်တဲ့နေရာက Shizuoka စီရင်စု Izu, Shimoda အရပ်မှာဖြစ်ပါတယ်။
တကယ်ဂျပန်လိုပဲနော်….

ပင်လယ်ရဲ့မြင်ကွင်းကတော့ Greek နိုင်ငံရဲ့လူမရှိတဲ့ Zakynthos Island ပဲဖြစ်ပါတယ်။


ရုပ်ရှင်ထဲမှာပါတဲ့ အပြာရောင်ပင်လယ်ကြီးက ဒီနေရာမှာရှိပါတယ်။

 

Princess Mononoke

ထူထပ်စွာပေါက်နေတဲ့ ရှေးဟောင်းမှိန်းတွေက ဒီနေရာက ပုံပါ။

Kagoshima စီရင်စု Yakushima,


Akita နှင့် Aomori စီရင်စုများအကြားစီရင်စုနယ်နမိတ်ရှိ Shirakami တောင်တန်း

 

Spirited Away

Gunma စီရင်စုမှာရှိတဲ့ Shima Onsen ပဲဖြစ်ပါတယ်.
ဒီအနီရောင်တံတားကို ကောင်းကောင်းမှတ်မိကြမှာပဲနော်..?

ထိုင်ဝမ်၊ တိုင်ပေမြို့၏အရှေ့မြောက်ဘက်တွင်ရှိတဲ့ ဒီမြို့လေးက ရုပ်ရှင်ရဲ့ဇာတ်အိမ်တည်နေရာဖြစ်ပါတယ်။

တိုကျို၊ Koganei မြို့ရှိ Edo-Tokyo Open Air Architectural Museum ကိုပြောင်းရွှေ့ခဲ့တဲ့ Meiji ခေတ်တွင်တည်ထောင်ခဲ့သောစာရေးကိရိယာဆိုင်ကို ဇာတ်ကားထဲမှာတော့ ရေနွေးပူထုတ်လုပ်ပေးတဲ့ အခန်းအဖြစ်မြင်ရပါတယ်။

Ponyo

ဆူနာမီတိုက်ခိုက်ခဲ့တဲ့ဒီနေရာလေးကို မှတ်မိပါသေးလား?

Hiroshima စီရင်စု Tomoura အရပ်နဲ့ဝေးတဲ့ နေရာပါ။

ကဲ ဘယ်လိုထင်ပါသလဲ?
စာဖတ်သူတို့ ကြိုက်မိတဲ့ animation ထဲကရှုခင်းတွေရှိပါသလား?

အားလုံးကို ဂျပန်မှာပဲရှိတယ်လို့ ထင်မိခဲ့မှာပဲနော်..
ဂျပန်ပဲလို့ထင်မိတဲ့အရာက အခြားနိုင်ငံမှာရှိနေပြီး..
အခြားနိုင်ငံကပဲလို့ထင်မိတဲ့အရာက ဂျပန်နိုင်ငံမှာတင်ဖြစ်နေပြန်ပါရော..

အရမ်းကြိုက်တဲ့ ရုပ်ရှင်ရဲ့အပြင်မှာရှိတဲ့ကမ္ဘာထဲကိုခုန်ဝင်ပြီး Cosplay လုပ်ကြည့်မယ်ဆိုရင်တော့ ပျော်စရာကောင်းမှာပါ……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: