ဂျပန်ရဲ့ အမှောင်လောက၊ အထက်တန်းကျောင်းသူမလေး ပြန်ပေးဆွဲခံရခြင်း အမှုကိစ္စ !!!!

ဂျပန်နိုင်ငံမှာလည်း ရာဇ၀တ်မှုကြီးကြီးမားမားရှိပါတယ်။
ဒီနေ့ကတော့ အဲဒီအဖြစ်အပျက်ကို ပြောပြပေးပါရစေ။

1965ခုနှစ်၊ နိုဝင်ဘာလ 25ရက်နေ့မှာ ဒီအဖြစ်အပျက်ဖြစ်ပျက်ခဲ့တာပါ။

အဲဒီနေ့က မိုးတွေလေတွေ ပြင်းထန်နေတဲ့အချိန်မှာပေါ့ . . .

တိုကျိုမြို့ တိုရှီမာရပ်ကွက်မှာရှိတဲ့ Seibu လိုင်းရှိ Shiinamachi ဘူတာမှာ ဒီအဖြစ်အပျက် စတင်ခဲ့ပါတယ်။

ထိုအချိန်က 17 နှစ်ရှိပြီဖြစ်တဲ့ အထက်တန်းကျောင်းသူမလေး XXX က
သူမအိမ်ရဲ့ အနီးနားတစ်နေရာကို လမ်းလျှောက်သွားနေတဲ့အချိန် ယောကျ်ားတစ်ယောက်က သူမရဲ့ အနောက်ကနေ ချဉ်းကပ်ပြီးလိုက်လာပါတယ်။

သတ္တု Shoehorn (ရှုးဖိနပ်စီးတဲ့အခါ ‌ခြေဖနောင့်လျှိုသွင်းရန် သုံးသည့် ဖိနပ်ကော်) ကို ဓားလိုမျိုးကိုင်ကာ XXX ရဲ့ လည်ပင်းမှာ ထောက်လိုက်ပြီး


https://www.excite.co.jp/news/article/Tablo_tablo_14735/

တိတ်တိတ်နေ၊ အသံထွက်တာနဲ့ သတ်ပစ်လိုက်မယ်။
အရင်ဆုံး မင်းရဲ့ထီးကို ခေါက်လိုက်လို့ ပြောပါတယ်။

ဓားလို့ ထင်သွားတဲ့ XXX က သူပြောတဲ့အတိုင်းလိုက်လုပ်မိသွားပါတယ်။
ပြီးတော့ အနီးနားက ရာဇဝတ်သားရဲ့အိမ်ကို ခေါ်သွားခံရပါတော့တယ်။

XXX ကို သူရဲ့အမည်မှာ ဟီနို ဖြစ်ပြီး ဘာသာပြန်တဲ့သူတစ်ယောက် လို့ပြောပေမယ့် အချက်အလက်အားလုံးက အမှားတွေနဲ့ XXX ကို လိမ်ပြောခဲ့ပါတယ်။

ထိုအချိန်က ၄၃ နှစ်ရှိပြီဖြစ်တဲ့ ထိုအမျိုးသားဟာ စစ်အတွင်းရေတပ်တွင်ဒုဗိုလ်ချုပ်ကြီးလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူက အပျော်သဘောနဲ့လက်ထပ်ပြီး သမီးမိန်းကလေးတစ်ယောက်ရှိခဲ့ပေမယ့် ကွာရှင်းခဲ့ပါတယ်။

အဲဒီနောက် အင်္ဂလိပ်စာကောင်းကောင်းရတော့ နိုင်ငံခြားသားခရီးသွား ဧည့်လမ်းညွှန်အဖြစ် အသက်မွေးခဲ့ပါတယ်။

သူက the collector လို့ခေါ်တဲ့ ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုကြောင့် ဒီလိုမှုခင်းမျိုး ဖြစ်စေခဲ့တာပါ။
အဲဒီရုပ်ရှင်ထဲကအမျိုးသားက လှပတဲ့ ကျောင်းသူလေးတစ်ဦးအား ဗီလာမြေအောက်ခန်းမှာ ချုပ်နှောင်ထားတယ်ဆိုတဲ့ အရာရဲ့ လွှမ်းမိုးမှုကိုခံရပြီး ထိုနည်းတူလိုက်လုပ်တယ်လို့ ယူဆရပါတယ်။

ရာဇဝတ်သားက အစပိုင်းမှာတော့ ရုံးဝန်ထမ်းတစ်ဦးအားရည်ရွယ်ခဲ့တယ်လို့ဆိုပါတယ်။
သို့သော်သူတစ်ချက် ကြည့်နေတုန်း ဒီမိန်းကလေးရဲ့ ပျော့ပျောင်းတဲ့ ဝမ်းဗိုက်ကိုတွေ့ပြီး ပစ်မှတ်ကိုပြောင်းလဲပစ်လိုက်တယ်လို့ ဆိုပါတယ်။

ထို၁၇ နှစ်အရွယ်အထက်တန်းကျောင်းမိန်းကလေး XXX ရဲ့ မျက်လုံးများနှင့်ပါးစပ်ကို ပတ်တီးစည်းထားပြီး၊ ဓါးနဲ့လည်ပင်းကို ထောက်ထားကာ သူမရဲ့ အဝတ်အစားတွေအားလုံးချွတ်ဖို့ အတင်းအကျပ်ခိုင်းပါတယ်။

ထို့နောက် ကိုယ်ထိလက်ရောက်ကျူးလွန်ပါတယ်။

https://www.rbbtoday.com/article/2007/02/21/38719.html

နောက်တစ်နေ့မှာတော့ XXX က လက်ထိတ်ခတ်များကိုဖယ်ရှားဖို့ အသနားခံခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ အတင်းအဓမ္မလိင်ဆက်ဆံခြင်းမှအပ XXX ကို ကြင်ကြင်နာနာဆက်ဆံခဲ့ပါတယ်။
စတုတ္ထနေ့တွင်သူက XXX ကို တိုက်ခန်းမှာထားခဲ့ပြီး XXX အတွက် အဝတ်အစားများကိုဝယ်ပေးခဲ့ပါတယ်။

၁၀ ရက်ခန့်အကြာ၊ ဒီဇင်ဘာ ၄ ရက်မှာတော့ သူတို့၂‌ယောက် Shizuoka စီရင်စုရှိ Ito မြို့ သို့ ရေပူစမ်းခရီးအဖြစ်သွားကြပါတယ်။

သူ့တိုက်ခန်းမှာ ရေစိမ်လို့ရတဲ့နေရာမရှိလို့ ရေချိုးကန်မှာ ရေချိုးချင်တယ်လို့ပြောတဲ့ XXX ရဲ့ စိတ်ကို လိုက်လျောပေးဖို့အတွက် ခရီးသွားခဲ့တာလို့ဆိုပါတယ်။

ဒီခရီးစဉ်က XXX အား ရာဇ၀တ်သားကိုချစ်မိသွားဖို့နဲ့ ချစ်သူလိုဆက်ဆံမှုကိုဖြစ်ပေါ်လာဖို့ လှုံ့ဆော်ပေးခဲ့တယ်။

အဲဒီနောက် သူတို့နှစ်ယောက် ဖော်ဖော်ရွေရွေနဲ့ အပြင်မှာ ထွက်သွားထွက်လာလုပ်တာကို တွေ့တဲ့လူများစွာရှိခဲ့ပါတယ်။
ထို့နောက် ဗီလာအခန်းထဲတွင် ပရိဘောဂများကိုစတင်ပြင်ဆင်ခဲ့ပြီး၊ ဟီနိုမီဒိုရီ ဆိုတဲ့နာမည်နဲ့ XXX အတွက် ဘဏ်အကောင့်တစ်ခုဖွင့်ပြီး ထိုတွင်ငွေစုဆောင်းပေးခဲ့ပါတယ်။

သို့သော် နောက်နှစ် မေလ ၁၈ ရက်နေ့မှာတော့ XXX ရဲ့ အသိမိတ်ဆွေက မတော်တဆတွေ့ရှိမှုအရ သူ့ကိုဖမ်းဆီးခဲ့မိပါတယ်။

ရဲစုံစမ်းစစ်ဆေးမှုအရ ဒီအမျိုးသားရဲ့ထွက်ဆိုချက်မှာ….
အိမ်ကနေထွက်လာတဲ့ XXX ကို တွေ့ပြီး လိပ်စာကိုသိလိုက်ရတဲ့အခါ ကျွန်တော်အိမ်နဲ့လည်းနီးလို့ သူ့ကိုကျွန်တော်အိမ်ကိုဖိတ်ခေါ်ခဲ့တာပါ။
သူမက ကွယ်လွန်သွားတဲ့ ဇနီးနဲ့တူတဲ့အတွက် နောက်ဆုံးမှာ လက်ထပ်မယ်လို့ စိတ်ကူးခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

XXX ရဲ့ပြောပြချက်ကတော့ …
Shibuya ဘူတာရုံရှေ့မှာ မိုးမိလို့ မိုးရေစိုစွတ်ပြီးဖြတ်သွားတဲ့အခါ “ ဘာဖြစ်လို့လဲ?” ဆိုပြီး ထီးလာဆောင်းပေးတဲ့ ဦးလေးတစ်ယောက်ရှိတယ်။
ပြီးတော့ ဒီတိုင်းလိုက်သွားခဲ့တယ်။

သူတို့ နှစ်ယောက်လုံး မုသားပြောပြီး ဖြေဆိုခဲ့ကြပါတယ်။

XXX သာ ဒီလိုမျိုးကထွက်ပြေးဖို့ ကြိုးစားမယ်ဆို အမြဲတမ်းလွတ်မြောက်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး၊ သူမ ဘာလို့မလွတ်မြောက်ခဲ့တာလဲ? လို့ မီဒီယာများလည်း ရှုပ်ထွေးသွားပါတယ်။

သို့သော် ဒါဟာ ရှားပါးသည့်
ရာဇ၀တ်သားနဲ့ အချိန်နှင့်နေရာကို ခေတ္တမျှဝေခြင်းဖြင့်
အလွန်အမင်းစာနာခြင်း၊ မျက်နှာသာပေးမှုကဲ့သို့သော အရာတွေကြောင့် နှစ်သက်မှုလိုမျိုးခံစားချက်တွေ‌ဖြစ်ကာ ဒီလိုမျိုးဖြစ်သွားစေတာလား . . .

နောက်ပိုင်းတွင် psychoanalysis အရ
XXX က ငါ့ခန္ဓာကိုယ်ညစ်ညူးနေလို့ ငါဟာအဲဒီလိုကိုယ်ခန္ဓာနဲ့တော့ မပြန်နိုင်ဘူးလို့ထင်ခဲ့တယ်။

ပြစ်မှုကျူးလွန်သူက သူမရဲ့ နေအိမ်နှင့်ကျောင်းကိုသိပြီး လွတ်မြောက်ရန်နေရာမရှိပါ။
ပတ်ဝန်းကျင်က အခြားသူများကိုလည်း အနှောက်အယှက်မပေးချင်တာကြောင့် မိမိကိုယ်ကိုသည်းခံရမည်ဟုလည်း တွေးမိလာတယ်လို့ဆိုပါတယ်။

ရေပူစမ်းခရီးကိုသွားပြီးတဲ့နောက်မှာ အရာအားလုံးကို သူမအရှုံးပေးလက်လျော့ခဲ့တယ်လို့ပြောပါတယ်။

အရှုံးပေးပြီးတဲ့နောက် သူမဘ၀မှာ ပျော်စရာကောင်းတဲ့အရာတွေကို တွေ့လာတယ်လို့လည်း သူမကပြောပါတယ်။
အဝတ်အစားတွေ ၀ယ်ပေးပြီး၊ သူမအတွက် ငွေစုဆောင်းနေတယ်ဆိုတာသိရတော့ သူမအတွက် ခံစားချက်တွေလည်း ရှုပ်ထွေးခဲ့တယ်လို့ဆိုပါတယ်။

နောက်ဆုံး၌ ထိုသူ အမျိုးသားအား ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပါတယ်။

၆ နှစ်တောင် အထက်တန်းကျောင်းမိန်းကလေးတစ်ဦးရဲ့ ဘဝကိုရှုပ်ထွေးစေခဲ့တဲ့ ဒီလူကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့တာတော့ မလုံလောက်ဘူးလို့ ထင်တဲ့သူက ကျွန်တော်တစ်ယောက်တည်းများလား ?

ပြစ်မှုကျူးလွန်သူရဲ့အသိအကျွမ်းအရ သိရတာကတော့ သူဟာ များသောအားဖြင့် ပုံမှန်လူကြီးဆန်တည်ကြည်တဲ့ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ထိုကဲ့သို့သော အဖြစ်အပျက်ကို လုပ်မယ့်ပုံမပေါ်တဲ့သူမျိုးပါတဲ့။

ဆိုလိုသည်မှာ ရာဇဝတ်သားလိုပဲ…..

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်ဖြစ်ပေါ်စေတဲ့ သူတွေဟာလည်း
ဒီ ဂျပန်လူ့အဖွဲ့အစည်းထဲမှာ ပုန်းလျှိုးကွယ်လျှိုးရှိကောင်းရှိနေနိုင်ပါသေးတယ်။

ဒါကြောင့်စာဖတ်သူတို့အားလုံးလည်း ညဘက်တွေမှာ သတိထားပါနော်။ .. ..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: