အမေရိကန်တွေကြုံတွေ့ခဲ့တဲ့ တစ္ဆေ White Zero Fighter !!!

ဒုတိယကမ္ဘာ့စစ်ကြီးအတွင်း ဂျပန်နိုင်ငံရဲ့တိုက်လေယာဥ်တွေထဲမှာ စံပြဖြစ်ခဲ့တဲ့ zero fighter.

https://news.yahoo.co.jp/byline/dragoner/20180830-00094973/

တိုက်လေယာဥ်ကို 1940 ခုနှစ်မှာအသုံးပြုခဲ့ပေမဲ့ ဘာကြောင့် zero fighter လို့ခေါ်ရသလဲဆိုတာ သိပါသလား?
ဧကရာဇ်နိုင်ငံဖြစ်တဲ့ဂျပန်ဟာ အေဒီနဲ့မဟုတ်ဘဲ၊ ဧကရာဇ်ကိုဗဟိုပြုထားတဲ့ ပြက္ခဒိန်ကိုပဲသုံးခဲ့ပါတယ်။
神武 ဧကရာဇ်ရဲ့အချိန်ကာလကနေရေတွက်ပြီး 1940 ခုနှစ်က၊ ဂျပန်ခုနှစ်နဲ့ဆို 2600 နှစ်ပဲဖြစ်ပါတယ်။

ဒီနောက်ဆုံးဂဏန်း ၂ လုံးကိုယူပြီးအမျိုးမျိုးသောလက်နက်တွေရဲ့နာမည်မှာတပ်လိုက်တာကြောင့်၊
2600 ခုနှစ်ကနေ 00 ကိုယူကာ Type zero လို့မှည့်လိုက်ပါတယ်။
အဲ့ဒါကိုအမေရိကန်စစ်တပ်က အင်္ဂလိပ်ဘာသာစကားနဲ့ပြောင်းခေါ်လိုက်တာကြောင့် Zero Fighter ဆိုပြီးဖြစ်လာပါတယ်။

လေယာဥ်မှာ ဝက်အူတစ်ခုချင်းစီရဲ့အလေးချိန်ကိုပေါ့ပါးနေဖို့ သေသေချာချာလေးအာရုံစိုက်ထားပြီး၊
လေစီးဆင်းမှုချောမွေ့စေရန်အတွက် ဝက်အူရဲ့ခေါင်းကိုတစ်သားတည်းကျအောင်ရိုက်ထည့်ထားပါတယ်။

အသေးစားတီထွင်မှုအမျိုးမျိုးဖြင့်ဖွဲ့စည်းထားခြင်းဟာ စွမ်းဆောင်ရည်အားကြီးမားစွာကွဲပြားစေခဲ့ပြီး၊
အဲ့ဒီစစ်ပွဲဖြစ်နေချိန်မှာတော့ ပြိုင်စံရှားဖြစ်တယ်လို့ပြောနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပေမဲ့၊
အဲ့ဒီကာလပြီးနောက်မှာတော့ updates လုပ်မှုတွေမရှိတော့ဘဲ၊ စစ်ပွဲအလယ်ကျော်လောက်မှာပဲ၊
အမေရိကန်လေတပ်ကသာလွန်သွားပါတယ်။

အဲ့ဒီအချိန် အမေရိကန်တပ်ထဲမှာကြီးမားတဲ့ကောလဟာလထွက်လာပါတယ်။

White Zero fighter

တစ္ဆေ White Zero fighter ထွက်လာတယ်ဆိုတဲ့အကြောင်းအရာ..
ဒါကို Ghibli ရုပ်ရှင်ရဲ့ 風立ちぬ မှာဖော်ပြထားပေမဲ့၊ ဒါနဲ့နည်းနည်းကွဲလွဲတဲ့စိတ်ကူးယဥ်လေယာဥ်ကိုယ်ထည်အကြောင်းကို ပြောချင်ပုံရပါတယ်။


https://renote.jp/articles/11938

စစ်ပွဲရဲ့နောက်ဆုံးလောက်မှာ ဂျပန်ရဲ့နေရာအတော်များများကလည်းရှုံးနိမ့်စပြုလာပြီး၊ Zero fighter ရဲ့စွမ်းဆောင်ရည်ကလည်း ရန်သူလေယာဉ်သို့မရောက်ရှိနိုင်ခဲ့ပါဘူး။

နောက်ပြီးကျွမ်းကျင်တဲ့လေယာဥ်မှူးဟောင်းတွေကသေဆုံးကုန်ကြပြီး၊ တက်သစ်စလေယာဥ်မှူးတွေပဲ ကျန်ရစ်ခဲ့ပါတယ်။
အမေရိကန်ဘက်ကိုလည်းလုံးလုံးကြီးရှုံးနေတာမျိုးလည်းမဟုတ်သလို၊ နောက်ပြီးအမေရိကန်ဘက်ကလည်း ဂျပန်ရဲ့စစ်တပ်ကိုအမှတ်မထင်စပြီးကြည့်လာတဲ့အချိန် White Zero Fighter အကြောင်းကရုတ်တရက်ပေါ်ထွက်လာပါတယ်။

အမေရိကန်စစ်သင်္ဘောစုဟာ Pacific သမုဒ္ဒရာကိုရွက်လွင့်နေစဥ်၊ လေယာဉ်တင်သင်္ဘောရေဒါမှာ လေယာဥ်တွေရဲ့ပုံရိပ်တွေအများအပြားကိုတွေ့လိုက်ခဲ့ပါတယ်။
ဂျပန်စစ်တပ်ကလွှဲပြီးမဖြစ်နိုင်ဘူးလို့ဆုံးဖြတ်ပြီး ချက်ချင်းကြားဖြတ်တိုက်ခိုက်စေခဲ့ပါတယ်။
ဒီလိုပင်လယ်ထဲမှာလေယာဥ်ရှိတယ်ဆိုတာက အနီးအနားမှာရှိတဲ့ရှိ ဂျပန်ရဲ့တိုက်လေယာဥ်တွေပဲဖြစ်လိမ့်မယ်လို့ ကင်းထောက်လေယာဥ်မှာ ဗုံးတွေကိုတပ်ဆင်ပြီးကြားဖြတ်တိုက်ခိုက်စေခဲ့ပါတယ်။

ကင်းထောက်လေယာဥ်တွေဟာ ဘယ်လိုပဲရှာရှာ ဂျပန်ရဲ့စစ်သင်္ဘောစုကိုမတွေ့ခဲ့ရပါဘူး။
နောက်ပြီး ရေဒါမှာတွေ့ခဲ့တဲ့ယာဥ်တွေကို အကြိမ်ပေါင်းများစွာပြန်ရှာလည်းမတွေ့တော့ပါဘူး။
ဌာနချုပ်ကပြန်လှည့်ဖို့အချက်ပြလိုက်တဲ့အချိန်မှာပဲ၊ ကင်းထောက်လေယာဥ်တွေ ၁ စီးကနေ အကြောင်းကြားမှုဝင်လာခဲ့ပါတယ်။

ရန်သူပဲ! Zero Fighter အများကြီးတွေ့ပြီး! ဒီဘက်ကိုဦးတည်လာနေတယ်! Wow! !

အဲ့ဒီနေရာမှာပဲ ဆက်သွယ်မှုပြတ်တောက်သွားပါတယ်။
မကြာခဏဆိုသလို တပ်ကတိုက်လေယာဥ်တွေကို မြင်ကွင်းထဲကိုသွားတိုက်စေတယ်။
ရန်သူရေတပ်ရဲ့အနီးကိုရောက်ပြီးဆိုတာနဲ့သင်္ဘောကိုတိုက်ခိုက်ဖို့တပ်ဆင်ထားတဲ့လေယာဥ် အမြောက်အများကိုလည်း စေလွှတ်ပါတယ်။
သို့သော်စေလွှတ်တဲ့ တိုက်လေယာဥ်တွေက တစ်စီးပြီးတစ်စီးဆိုသလို ပြုတ်ကျလာတယ်။

အမေရိကန်တပ်က White Zero Fighter ကိုရှာတွေ့ပြီးတိုက်ခိုက်ခဲ့ပေမဲ့၊ ဘယ်လိုပဲပစ်ခက်ပါစေ မထိမှန်ပါဘူး။
မဟုတ်သေးဘူး။ မထိမှန်တာမဟုတ်ဘဲ၊ ထိမှန်သွားသော်လည်း သက်ရောက်မှုမရှိတာပါ။

သို့သော် အနီးကိုရောက်လာတဲ့ Zero Fighter ကိုကြည့်လိုက်တဲ့အခါမှာတော့ ၊ အတောင်ပံမှာ ထိမှန်ထားတဲ့အပျက်အဆီးတွေ တော်တော်များများရှိနေပြီး လေယာဥ်ထိန်ချုပ်ခန်းကပါ အပ်ကွဲနေပါတယ်.

သိပ်ပြီးမပျံနိုင်တော့တဲ့အခြေအနေမှာ ရှိနေတာတောင်…
အမေရိကန်ဘက်ကအချင်းချင်းပြန်ပစ်မိပြီး၊ တစ်စင်းပြီးတစ်စင်းပြုတ်ကျလာတာပဲဖြစ်ပါတယ်.

စုတ်ပြတ်နေတဲ့လေယာဥ်ကိုစီးပြီး၊ သူတို့တွေရယ်နေကြတယ် လို့တွေ့ခဲ့တဲ့အမေရိကန်ဘက်က ပြန်ပြောကြပါတယ်.

http://www.luzinde.com/meisaku/zero/1.html

ပြင်းထန်ပြီးရှုပ်ထွေးတဲ့တိုင်ပွဲထဲမှာ ဒီအကြောင်းအရာတွေကမှန်ကန်လားဆိုတာ မဆုံးဖြတ်နိုင်ပါဘူး။

သို့သော် ဒီအကြောင်းအရာကစစ်ပွဲကနေပြန်ရောက်လာတဲ့ လူအားလုံးနီးပါးပြောခဲ့ကြပုံရပါတယ်။
အဲ့ဒီ Zero Fighter ကပုံမှန်အစိမ်းရောင်မဟုတ်ဘဲ၊ အဖြူရောက်လေယာဥ်ကိုယ်ထည်ဖြစ်ပါတယ်။
အနီးရောင်နေလုံးကြီးကလည်း အဖြူရောင်ပေါ်မှာထင်းနေတယ်လို့ပြောပါတယ်။

အဲ့ဒီအချိန်ကနေစပြီး အမေရိကန်စစ်တပ်မှာ

White Zero နဲ့ထိတ်တိုက်တွေ့ခဲ့ရင် မတိုက်ခိုက်ဘဲ၊ cross ဖြတ်ပြီးပြန်လာခဲ့

လို့အမိန့်ထုတ်ခဲ့တဲ့ပုံပါ။

အမေရိကန်တွေက White Zero Fighter ဆီကနေတိုက်ခိုက်ခံရတယ်ဆိုတဲ့ မှတ်တမ်းကိုလည်းမထားခဲ့ပါဘူး။

လျှို့ဝှက်စွာနဲ့လုပ်ရှားနေတဲ့ ဂျပန်ရဲ့ကျွမ်းကျင်လေယာဥ်မှူးတွေများလား၊ ဒါမှမဟုတ် အမိနိုင်ငံကိုစောင့်ရှောက်ဖို့ရန်အတွက် အသက်သေဆုံးသွားလည်း ဝိညာဥ်ဘဝနဲ့ဆက်ပြီးတိုက်ခိုက်နေတဲ့ ကျွမ်းကျင်လေယာဥ်မှူးတွေများလား…

စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: