ရေထဲခုန်ချသွားတဲ့အမျိုးသမီးကို ဆူမိုကစားသမားအယောက် ၂၀ ကသွားရောက်ကယ်ဆယ် !!!

တိုကျိုရဲ့ Adachi အရပ်မှာ တံတားပေါ်ကနေချောင်းထဲကိုခုန်ဆင်းသွားတဲ့ အသက် ၃၀ အရယ်အမျိုးသမီးတစ်ဦးကို အနီးအနားက ဆူမိုအားကစားရုံအတွင်းမှာရှိတဲ့နပန်းသမား ယောက် ၂၀ လောက်ဟာ သွားရောက်ကယ်ဆယ်ခဲ့ကြောင်းသိရှိရပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့ရဲ့ပြောပြချက်အရ ၁၀ ရက်နေ့မနက် ၅ နာရီခွဲအကျော်၊ Adachi ရပ်ကွက်တွင်းမှာရှိတဲ့တံတားကနေ ၃ မီတာအမြင့်ရှိတဲ့ချောင်းထဲကို အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးခုန်ဆင်းသွားခဲ့ပါတယ်။ ကိုယ်ကိုကိုယ် သေကြောင်းကြံစည်တယ်လို့ ထင်ရပါတယ်.

https://images.app.goo.gl/HfKWCB9ZFnX1bnDw6

 

ဖြတ်သန်းသွားလာတဲ့အမျိုးသားတစ်ဦးဟာ အော်ပြီးအကူအညီတောင်းခဲ့တာကြောင့် အဲ့ဒါကိုသတိထားမိသွားတဲ့ အနီးအနားမှာရှိတဲ့ Sumo Sakaigawa အသင်းရဲ့ နပန်းသမားအယောက် ၂၀ လောက်ဟာ ပြေးလာကြပြီး၊ အမျိုးသမီးကိုချောင်းထဲကနေ ဆွဲတင်ခဲ့ကြကြောင်း သိရပါတယ်။

 

 

 

ထိုအမျိုးသမီးကိုတော့ ဆေးရုံကိုခေါ်သွားကြပြီး၊ အသက်အန္တရာယ်စိုးရိမ်ရမှုအခြေအနေတော့ မရှိဘူးလို့ပြောပါတယ်။
Takenotsuka ရဲဌာနကလည်း Sakaigawa အသင်းနဲ့အတူ အကူအညီတောင်းပေးခဲ့တဲ့အမျိုးသားကို ကျေးဇူးတင်စာတစ်စောင်ပို့ပေးမယ်လို့လည်း ဆွေးနွေးလျှက်ရှိကြောင်းသိရပါတယ်။

ဒီအမျိုးသမီး ဘာကြောင့်ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရင်းကိုတော့မသိရသေးပေမဲ့၊ သေချာတာကတော့ အသက်ကိုသေစေနိုင်လောက်တဲ့အထိ ဒုက္ခပေးတဲ့ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေစဥ်ကာလအတွင်း တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေကလည်း အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်နေရတာပါ။
မည်သို့ပင်ဖြစ်စေ လူ့အသက်တစ်ချောင်းကိုအချိန်မီကယ်လိုက်နိုင်တာကတော့ ကျေးဇူးတင်ဖွယ်ကောင်းပါတယ်။

 

Hsu Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: