မအော်ရဘူးလို့ တားမြစ်ထားတဲ့ roller coaster !!!

လေထဲမှာတင်ကူးစက်မှုအန္တရာယ်ရှိတဲ့အတွက် အပြင်ထွက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်နီးနီးကပ်ကပ်လည်းမနေရသလို၊ mask ကြီးတပ်ပြီးအကျယ်ကြီးလည်းအော်လို့မရဘူးတဲ့….

ဒါဟာ ယခင်ကစည်ကားခဲ့တဲ့Happy World လိုဂျပန်ရဲ့အပန်းဖြေဥယျာဥ်အတွက်တော့ အသက်မဲ့စေတဲ့အခြေအနေပဲဖြစ်ပါတယ်.


https://www.fnn.jp/articles/-/47237

ကိုရိုနာကာကွယ်မှုစီမံရေးကိုကြိုးစားပြီးဆောင်ရွက်နေတဲ့ အပန်းဖြေပန်းခြံမှာတော့ mask တပ်ပြီး roller coaster စီးရသလို၊ မအော်ရဘူး လို့လည်းတားမြစ်ထားတယ်တဲ့…..
စီးကြည့်တဲ့အခါမှာတော့…


အား…… အော်မိသွားပြီ..

သွားတောင်ထွက်ကျလာပြီး….. အားလုံးထွက်နေတာနော်….ဟဟဟဟ

ဒါဆို သရဲအိမ်ဝင်တဲ့အခါမှာရောဘယ်လိုဖြစ်မလဲ?

အခုခေတ်က သရဲတောင် Social Distance ကိုစောင့်ထိန်းရပါတယ်တဲ့ဗျား….. ဟဟဟ

သရဲလည်း mask တပ်ရပါတယ်။
ကြောက်ဖို့ကောင်းမယ့်ပုံမပေါ်ဘူးနော်..

စကားမစပ် သရဲခြောက်တဲ့အိမ်တွေကိုတော့ အလုံပိတ်အခန်းဖြစ်မနေဖို့အတွက် အရင်ကတည်းကလေဝင်လေထွက်ပစ္စည်းတွေကိုတပ်ဆင်ပေးထားတဲ့အဆောက်အဦးတွေ များပုံရပါတယ်။
ဒါကြောင့်ဒီလို Social Distance ကိုလိုက်နာတဲ့သရဲဆိုရင်တော့ စိတ်ချရမှာပါ။
ကြောက်ဖို့ကောင်းလာမကောင်းလာဆိုတာကတော့ သီးသန့်တစ်ပိုင်းပေါ့…

Disney land ကတော့ပြန်မဖွင့်သေးပေမဲ့၊ အိုဆာကာမှာရှိတဲ့ Universal Studio Japan ကိုတော့ကန့်သတ်ချက်တွေနဲ့ဖွင့်လှစ်ထားပါတယ်။
entertainment industry တွေကလည်းပြန်ဖွင့်ဖို့ အရိပ်အယောင်တွေပြနေပါပြီ။

အော်လို့မရတဲ့ roller coaster နဲ့၊ Social Distance လုပ်ထားတဲ့သရဲအိမ်ကိုဝင်နိုင်မယ့်အခွင့်အရေးက ကြုံတောင့်ကြုံခဲလေးမို့လို့ စိတ်ဝင်စားမယ်ဆိုယခုအချိန်ပဲရနိုင်မှာပါ။
လက်ရှိဂျပန်မှာနေထိုင်တယ်ဆိုရင်တော့ သွားကြည့်ပါလာ?
mask ကိုတော့သေသေချာချာလေးတပ်သွားကြပါနော်……

 

Kengo Abe

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: