လျှပ်စစ်ထုတ်လုပ်ပေးတဲ့အဝတ်!! ပြောင်းလဲလာတဲ့ antibacterial ကုန်ပစ္စည်း !!!

Dragon Ball ရဲ့နိယာမကို စာဖတ်သူတို့သိကြပြီးပြီလာ?

Dragon Ball ဆိုတဲ့ animation ထဲမှာအသတ်ခံရပြီး ဒါမှမဟုတ် အသတ်ခံရခါနီးအထိတိုက်ခိုက်ခံရပြီး‌နောက် ပြန်ရောက်လာတဲ့အခါ အရင်ထက်ပိုပြီးအားကောင်းလာတယ်။
အဲ့ဒါဟာ Dragon Ball ရဲ့နိယာမပဲဖြစ်ပါတယ်။

https://www.shukatsu-note.com/list-of-category/report/post-51305 /

Dragon Ball ကိုဘယ်လိုမှကန့်သတ်လို့မရဘူးနော်။
အဲ့ဒီလိုပဲ လူသားတွေကိုကန့်သတ်လို့မရပါဘူး။ လုံ့လထုတ်မယ်ဆိုရင် ပြောင်းလဲမှုတွေဖြစ်လာမယ်.

ဒီတစ်ကြိမ် Covid-19 မှာလည်းလူတွေက Dragon Ball နိယာမကိုအစပျိုးလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီ ၂ ခု Murata Manufacturing နဲ့ Teijin Frontierတို့ဟာ လူတွေရဲ့လှုပ်ရှားနေတဲ့စွမ်းအင်ကို လျှပ်စစ်စွမ်းအားအဖြစ်ပြောင်းလဲပြီး၊ antibacterial အကျိုးသက်ရောက်မှုကိုပြသတဲ့ ကမ္ဘာ့ပထမဆုံးဖိုင်ဘာ၊ PIECLEX ကိုတီထွင်ခဲ့ပါတယ်။


https://topics.smt.docomo.ne.jp/article/kyodo_nor/business/kyodo_nor-2020060401001677?fm=latestnews

ဒီပစ္စည်းက starch နဲ့ sugarကဲ့သို့သော အပင်ထွက်ကုန်ကြမ်းပစ္စည်းကနေထုတ်လုပ်ထားပြီး၊ fiber တွေဆန့်ထွက်လာတဲ့အခါ လျှပ်စစ်ဓါတ်အားအလွယ်တကူထွက်လာနိုင်အောင်လို့ ပြုလုပ်ထားပေးပါတယ်။
အဲ့ဒီလျှပ်စစ်မှာ fiber တွေထဲမှာရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကိုဖျတ်ဆီးပေးတဲ့လုပ်ဆောင်ချက်တွေပါ ပါဝင်နေပုံရပါတယ်။

ပုံမှန် antibacterial လုပ်ဆောင်ချက်တွေပါဝင်တဲ့အဝတ်တွေကတော့ အဲ့ဒီလုပ်ဆောင်ချက်တွေကအဝတ်ရဲ့မျက်နှာပြင်လောက်မှာပဲရှိတဲ့အတွက် လျှော်လိုက်တဲ့အခါမှာတော့ အကျိုးသက်ရောက်မှုလျော့နည်းသွားပါတယ်။
ကလေးသုံး PIECLEX မှာလည်း fiber ကဲ့သို့လုပ်ဆောင်ချက်တွေပါဝင်တဲ့အတွက် ရွေးချယ်မယ်ဆိုလည်း အကျိုးသက်ရောက်မှုလျော့နည်းမသွားပါဘူး။
ဒီလိုပဲ အပင်ကနေရတဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ထုတ်လုပ်ထားတာကြောင့် ပတ်ဝန်းကျင်အတွက်လည်းအရမ်းကိုလိုက်လျောညီထွေမှုရှိပါတယ်။

လူသားတွေဟာ အကျပ်အတည်းထဲရောက်လာတဲ့အခါ အိုင်ဒီယာတွေကလည်းအမျိုးမျိုးထွက်လာကြတယ်နော်..

Covid-19 ကြောင့်ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုတွေဖြစ်သွားရတဲ့အပေါ် အဲ့ဒီဆုံးရှုံးမှုထက်ကျော်လွန်တဲ့ အပြုသဘောဆောင်တဲ့အကျိုးရလဒ်ကိုမယူနိုင်ဘူးဆိုရင် ဟန်ချက်လည်းညီမျှမှာမဟုတ်ပါဘူး။

ကမ္ဘာတစ်ဝှမ်းနေရာအသီးသီးမှာလည်း ဒီလို Dragon Ball ရဲ့နိယာမကို အစပျိုးကြဖို့ကိုလည်းမျှော်လင့်ပါတယ်။

ထွက်လာမယ့်လျှပ်စစ်စွမ်းအားတွေကိုစုစည်းပြီး smartphone ကိုပြန်ပြီးအားသွင်းနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: