အဆန်းပြားလွန် ရေချိုးခန်းသုံးကုန်ပစ္စည်း???

ဂျပန်လူမျိုးများဟာ ရေစိမ်ရေချိုးရတာကိုအရမ်းနှစ်သက်ပါတယ်။
အများသုံးဖြစ်တဲ့ ကြီးမားတဲ့ရေချိုးကန်တို့ ရေပူစမ်းတို့မှာသွားစိမ်ကြတာကိုအရမ်းကြိုက်ကြသလို အိမ်ရဲ့ရေချိုးကန်ထဲမှာအေးအေးဆေးဆေးစိမ်ကြတာကိုလည်း နှစ်သက်ကြပါတယ်။
အလုပ်ရဲ့ပင်ပန်းမှုတွေကို အိမ်ပြန်ရောက်တဲ့အခါ နွေးနေတဲ့ရေချိုးကန်မှာစိမ်လိုက်တာနဲ့ ပါလာသမျှ Stress တွေ relief ဖြစ်သွားရပါတယ်။
နောက်တစ်နေ့အတွက်လည်း အားအင်အသစ်တွေလည်း ပြန်လည်ရရှိလာပါတယ်။

ဒါကြောင့်လည်း ဂျပန်လူမျိုးတွေဟာရေချိုးခန်းသုံးပစ္စည်းအမျိုးမျိုးကိုတီထွင်လာကြပါတယ်။
ကဲ.သင်ရော ဒီလိုရေချိုးချင်ပါသလား?

Jewelry soap


https://savons-gemme.jp/bridal/

ကျောက်မြတ်ရတနာပုံစံ ဒီဇိုင်းထွင်ထားတဲ့ ရေချိုးဆပ်ပြာ..
ရေချိုးခန်းထဲမှာအလှဆင်ထားမယ်ဆိုရင် တကယ့်ကိုဇိမ်ကျတဲ့ခံစားမှုမျိုးကိုပေးစွမ်းပါတယ်။
ဆပ်ပြာတိုက်ရင်းနဲ့ သူ့ရဲ့ပုံစံလေးပျက်သွားမှာတော့ နှမြောမိတယ်နော်…

Bathtub tray


https://matome.naver.jp/odai/2155410388272293701

ရေအပူချိန်နွေးနွေးလေးမှာ ရင်ဘက်ကနေစပြီးခန္ဓာကိုယ်အောက်ပိုင်းကိုအချိန်ကြာကြာစိမ်ထားမယ်။
အဲ့ဒါကကျန်းမာရေးအတွက်အရမ်းကောင်းပေမဲ့၊ အကြာကြီးဆိုအိပ်ပျော်သွားနိုင်ပါတယ်။
ဒါကြောင့်စာဖတ်စားပွဲလေးသာရှိမယ်ဆိုရင် အဆင်ပြေမယ်မဟုတ်ဘူးလာ?
ဒါပေမဲ့ စာအုပ်ထောင်ထားရမှာတော့နည်းနည်း အဆင်မပြေဖြစ်နိုင်မယ်လို့ထင်တယ်…

Color changing shower

https://matome.naver.jp/odai/2155410388272293701

Shower ရေနွေးနွေးလေးကိုချိုးရင်းနဲ့ မီးအရောင်တွေပြောင်းသွားမယ်။
မီးလေးကိုပိတ်ပြီး အမှောင်ထဲမှာ Shower ရဲ့အလင်းရောင်နဲ့ရေချိုးရတာ သူလည်းတစ်မျိုး relax ဖြစ်ပါတယ်။
ဒါနဲ့သူရဲ့အလင်းရောင်ဟာ ရေဖိအားနဲ့အတူ လျှပ်စစ်ဓာတ်အားထုတ်တဲ့ပုံစံကိုလုပ်ထားတဲ့အတွက် အားသွင်းဖို့လည်းမလိုပါဘူး။

Bath light


https://matome.naver.jp/odai/2155410388272293701?page=2

ရေချိုးခန်းမီးကိုပိတ်ထားလိုက်မယ်ဆိုရင် Bath light က‌ရောင်စုံအလင်းတွေနဲ့အတူရေစိမ်ကန်ထဲမှာ float ဖြစ်နေပါမယ်။
ဘဲပုံစံလေးတို့၊ အသဲပုံ ပုံစံလေးတို့ အမျိုးမျိုးရှိပါတယ်။
waterproof ဖြစ်တဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်။

ရေချိုးဆပ်ပြာ

 

တစ်နိုင်ငံလုံးမှာရှိတဲ့ ရေပူစမ်းရဲ့ပါဝင်တဲ့ပစ္စည်းတွေကသာ အရေးကြီးဆုံးပဲလို့ထင်ခဲ့ပေမဲ့၊ အခုနောက်ပိုင်းကတော့ ဆန်းသစ်တဲ့ပစ္စည်းအမျိုးမျိုးကိုဖန်တီးလာကြပါတယ်။
ပန်းရနံ့နဲ့အတူ အမြှုပ်တွေကိုပါထုတ်နိုင်တဲ့ ပစ္စည်းတွေ …
အဲ့ဒီလိုချစ်စရာကောင်းတာလေးတွေပါ ရှိလာပါတယ်။
လက်ဆောင်ပေးမယ်ဆိုရင်လည်း အကောင်းဆုံးပါပဲ။

https://giftmall.co.jp/giftlbYovy/

အခုပြောသွားတဲ့အပေါ်ကပစ္စည်းတွေကတော့ အားလုံးပုံမှန်သုံးနေတဲ့အရာတွေပါပဲ….
ထူးဆန်းတဲ့ဂျပန်လူမျိုးတွေတီထွင်ထားတဲ့ အဆန်းပြားလွန်ကုန်ပစ္စည်းတွေက အခုမှလာမှာပါ….
ဒါလည်းဆပ်ပြာပဲလာ…အထုတ်လေးကတော့ အံ့သြစရာလေးပါ…


https://rocketnews24.com/2020/05/29/1376482/

牛丼の湯Gyūdon ဟင်းရည်、おでんの湯Oden ဟင်းရည်
အယ်… စားစရာကြီးလာ…
အထုပ်မှာလည်းရေးထားတာက စားလို့မရပါတဲ့…

အကယ်၍ သင်ဟာ 牛丼Gyūdon ဆိုင်ရဲ့အရသာရှိတဲ့ Gyūdon အနံ့လေးကိုအရမ်ကြိုက်ပါတယ်လို့ဆိုရင်တောင်၊ ကြိုက်လွန်းလို့အိုးထဲမှာဝင်နေချင်လို့မပြောလောက်ပါဘူးနော်?

ဒီကုန်ပစ္စည်းကိုတီထွင်လိုက်သူက အနည်းငယ်များဦးနှောက်ထိထားတဲ့သူများလာ….ဟဟဟ
牛丼Gyūdon ရေနွေးထဲမှာစိမ်ဖူးသူတစ်ယောက်ရဲ့ ပြန်ပြောပြချက်ကိုလည်း ပြောပြပါမယ်.

အထဲမှာတော့ ဒီလိုခရမ်းရောင်အမှုန့်တွေဖြစ်ပါတယ်။

牛丼Gyūdon လို့ပြောရမှာထက် ကြက်သွန်ဖြူအနံ့ဘက်ကိုပိုသွားတယ်။
လုံးဝကိုစားစရာအနံ့လိုပါပဲ။

ရေစိမ်ကန်ထဲကိုဝင်ကြည့်လိုက်တဲ့အခါ….

မလှဘူးလာ…..

စကားမစပ် おでんの湯 ရဲ့အရောင်ကတော့ နည်းနည်းဖျော့ပါတယ်။


သူကတော့ 鰹節 bonito (တူနာငါးတစ်မျိုးကို အခြောက်လှန်းပြီးအလွှာပါးလေးတွေလုပ်ထားသော)
အနံ့နဲ့ဆင်ပါတယ်။

ထူးဆန်းတဲ့ပစ္စည်းတွေပါပဲ။ အဲ့ဒီအနံ့တွေကမီးဖိုချောင်ထဲကနေထွက်တာဆိုရင်တော့ အရမ်းမွှေးတာပေါ့…
ပြောရင်းဗိုက်တောင်ဆာလာပါပြီ….
ဒါပေမဲ့ ရေချိုးခန်းထဲကနေအနံ့ရမယ်ဆိုရင်တော့ အန္တရာယ်ရှိနေပါပြီနော်……

ဒါပေမဲ့ သင်က 牛丼Gyūdon ကိုအရမ်းအရမ်းကိုကြိုက်ပါတယ်
おでん မှာပါတဲ့ ပစ္စည်းလေးတွေတောင်ဖြစ်ချင်တဲ့အထိ おでんကိုကြိုက်ပါတယ် ဆိုရင်တော့

အဲ့ဒီလိုကြိုက်တဲ့သင်ကလွဲရင် ဒီကုန်ပစ္စည်းကို အခြားဘယ်သူ့ကိုမှအကြံပြုနိုင်မယ်လို့မထင်ပါဘူး.,,

ကဲ. ဒီလိုအထူးအဆန်းပစ္စည်းတွေကခဏထားအုံး…၊
ဂျပန်မှာရေချိုးကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေကအများအပြားကိုရှိပါတယ်။
ရေချိုးကန်ထဲဝင်စိမ်ပြီး stress တွေကိုဖြေဖျောက်နိုင်တာကြောင့်ပဲ ဂျပန်လူမျိုးတွေဟာအလုပ်ကြိုးစားနိုင်ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: