Rurouni Kenshin ရဲ့မော်ဒယ်ဖြစ်ခဲ့သူ ကြောက်စရာကောင်းတဲ့လူသား !!!!

စာဖတ်သူတို့ Rurouni Kenshin ဆိုတဲ့ anime ကိုသိကြပါသလား?

https://jumpsq.shueisha.co.jp/rensai/rurounikenshin/

Manga ကနေ anime ဖြစ်လာပြီးနောက် လူ version နဲ့ပြန်ရိုက်ထားပြီးနာမည်ကြီးရုပ်ရှင်တောင်ဖြစ်လာတဲ့အတွက် မသိသူတွေရှားမယ်လို့ထင်ပါတယ်။

ဆာမူရိုင်းခေတ်ဖြစ်တဲ့ အဲဒိုလက်ထက်ကနေ ခေတ်အသစ်ဖြစ်တဲ့ Meiji လက်ထက်ကိုကူးပြောင်းတဲ့ ရှုပ်ထွေးနေတဲ့ကာလ…
ဆာမူရိုင်းခေတ်ကိုပဲဆက်သွားချင်တဲ့လူတစ်ချို့ နဲ့ အဆုံးသတ်စေချင်တဲ့လူတစ်ချို့က အားချင်းပြိုင် အပြင်းအထန်ကိုတိုက်ခိုက်နေကြတဲ့အတွက် လုပ်ကြံသတ်ဖြတ်မှုဆိုတာကလည်း လက်ချိုးမရေနိုင်လောက်အောင် များပြားခဲ့ပါတယ်။

အဲ့ဒီအထဲက ဒဏ္ဍာရီလုပ်ကြံသမားတွေအဖြစ် ကြောက်စရာအကောင်းဆုံး လူ ၄ ယောက်ရှိခဲ့ပါတယ်။
၄ ထဲက ၁ ကတော့ သူပါပဲ။

https://machi-log.net/wp-content/uploads/2014/08/Genzai_kawakami.jpg

河上彦斎(かわかみ げんさい)Kawakami Gensai

အရပ်အမြင့် ၁၅၀ စင်တီမီတာနဲ့ မိန်းကလေးနဲ့တောင်မှားနိုင်တဲ့ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သူ….
Anime ထဲမှာလည်း သေးသွယ်တဲ့ကိုယ်လုံးကိုယ်ပေါက် အတိုင်းပဲဆွဲထားတာကိုတွေ့ရတယ်နော်…..

မှန်ကန်ဖြောင့်မတ်စွာနဲ့နေထိုင်ခဲ့ပေမဲ့ ခေတ်ကာလအရှုပ်အထွေးထဲမှာပါဝင်ခဲ့ပြီး၊ အဆုံးသတ်မလှတဲ့အဖြစ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။…

သူ့ဘဝဇာတ်ကြောင်းကတော့….

彦斎 Gensai ဟာ ဆာမူရိုင်းမိသားစုရဲ့ဒုတိယသားအနေနဲ့မွေးဖွားလာခဲ့ပေမဲ့၊ အသက် ၁၁ နှစ်မှာတော့ 河上Kawakami မိသားစုကနေ မွေးစားခြင်းခံခဲ့ရပါတယ်။

မိသားစုအသစ်ကြောင့် ကျောင်းတက်ခွင့်ရပြီး၊ ပညာရေးဘက်မှာရောဓါးရေးဘက်မှာပါ သင်ယူလေ့လာခဲ့ပါတယ်။ အသက် ၁၆ နှစ်ရောက်လာတဲ့အခါမှာတော့ ရဲတိုက်ထဲမှာ ဝေယျဝိစ္စတွေကိုကူညီလုပ်ဆောင်ရင်း tea ceremony နဲ့ ပန်းထိုးတဲ့ပညာ ကိုပါသင်ယူခဲ့ရပါသေးတယ်။

သူရဲ့ဓါးရေးပညာက ကိုယ်ပိုင်ပုံစံဖြစ်ပြီး၊ Master of one-handed sword လို့တောင်ခေါ်ကြပါတယ်။
ဒူးခေါင်းကမြေကြီးနဲ့တိုက်မိလောက်အောင်ကွေးလိုက်ပြီး အောက်ကနေတစ်ချက်တည်းဓါးဆွဲထုတ်ပြီးခုတ်ဖြတ်နိုင်တဲ့ တိုက်ခိုက်မှုပုံစံက ရုပ်ရှင်ထဲမှာလည်း မကြာခဏတွေ့ရပါတယ်။
ဒီလိုတိုက်ခိုက်ပုံကိုသုံးခဲ့တာအသေအချာပါပဲ။


https://middle-edge.jp/articles/oWLPt

宮部鼎蔵(みやべ ていぞう)Miyabe Tezo ဆိုသူနဲ့တွေ့ဆုံတယ်။
အဲ့ဒီတွေ့ဆုံမှုဟာ နှောင်တစ်ချိန်သူ့ဘဝမှာအကြီးမာဆုံးသောပတ်သက်မှုကြီးဖြစ်လာခဲ့ပါတယ်။

彦斎 Gensai အသက် ၂၀ ရောက်လာတဲ့အချိန်၊ အမေရိကန်ရဲ့ရေတပ်ဗိုလ်မှူးချုပ်ဖြစ်တဲ့ Perry ဟာဂျပန်ကိုလာရောက်လည်ပတ်ဖို့နဲ့ တိုင်းပြည်ကိုဖွင့်လှစ်ဖို့ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီတုန့်ပြန်မှုနှောင့်နှေးခဲ့တာကြောင့် အဲ့ဒီအချိန်အစိုးရဖြစ်တဲ့ Edo Shogunate ကိုဆန္ဒပြမှုတွေဖြစ်လာပြီး၊ နှစ် ၃၀၀ တိုင်အစိုးရလာခဲ့တဲ့ Edo Shogunate ဟာ အဆုံးသတ်ဖို့ဖြစ်လာပါတော့တယ်။

အဲ့ဒီအချိန် 彦斎 Gensai ဟာ Kyoto မှာဧကရာဇ်ရဲ့သက်တော်စောင့်အဖြစ်အလုပ်လုပ်နေခဲ့ပေမဲ့၊
သက်တော်စောင့်လုပ်နေရင်းနဲ့ Kyoto ကနေအထုတ်ခံလိုက်ရပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။

သူဟာဇာတိဖြစ်တဲ့ Kumamoto ခရိုင်ကိုမပြန်ဘဲ၊ Edo Shogunate ကိုဆန့်ကျင်တဲ့သူတွေနဲ့အတူ စပြီးပူးပေါင်းလာခဲ့ပါတယ်။
ဖြစ်ချင်တော့ အဲ့ဒီအထဲမှာ သူနဲ့ဆုံဖူးတဲ့宮部 ဟာလည်းအပါအဝင်တစ်ယောက်ဖြစ်နေပါတယ်။

宮部 Miyabe နဲ့အပေါင်းအပါတွေက ကြမ်းတမ်းတဲ့လမ်းကိုလျှောက်မယ်ဆိုပြီး Kyoto မှာပုန်းနေပါတယ်။
အဲ့ဒါကိုရည်ရွယ်ထားတဲ့ အာဏာပိုင်ရဲအရာရှိဖြစ်သူ 新撰組(しんせんぐみ)Shinsen gumi ရဲ့တိုက်ခိုက်မှုကိုခံရပြီး宮部 Miyabe တစ်ယောက်သေဆုံးသွားပါတယ်။

တကယ်က 彦斎 Gensai ဟာ Kyoto ကနေထွက်လာခဲ့ပြီးဖြစ်ပေမဲ့၊ 宮部 Miyabe သေဆုံးတဲ့အကြောင်းကိုသိသွားပြီး Kyoto ကိုပြန်လာကာပုန်အောင်းနေပြီး၊ ရန်သူဖြစ်တဲ့ကြိုးကိုင်ခြယ်လှယ်သူ 佐久間象山 (さくま ぞうざん)Sakuma zōzan ကိုလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇာတိဖြစ်တဲ့ Kumamoto ကိုပြန်သွားခဲ့ပေမဲ့၊ 脱藩(だっぱん)Dappan ရဲ့ရာဇဝတ်မှုကြောင့် အဖမ်းခံလိုက်ရပါတယ်။

အဲ့ဒီအချိန်ဂျပန်ဟာ ယခုလိုပဲမျိုးနွယ်စုငယ်လေးတွေကွဲနေခဲ့ပါတယ်။
မျိုးနွယ်အသီးသီးမှာလည်း ဆာမူရိုင်းခေါင်းဆောင်တွေရှိပြီး၊ ဆာမူရိုင်းတွေဟာ သူတို့ခေါင်းဆောင်ရဲ့စကားကိုနားထောင်ရပါတယ်။
အဲ့ဒါကို ကိုယ့်သဘောနဲ့ကိုယ် Kyoto ကိုသွားပြီး လုပ်ကြံသတ်ဖြတ်မှုလုပ်တယ်ဆိုတဲ့အကြောင်းကြောင့် ထောင် ၁ နှစ်ကျသွားခဲ့ပါတယ်။

ဒါဟာ Kumamoto စီရင်စု (အဲ့ဒီအချိန် Higo မျိုးနွယ်စု)က Edo Shogunate ရဲ့လက်အောက်ခံဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
သူထောင်ထဲရောက်နေတဲ့အချိန်မှာပဲ Edo Shogunate ကပြိုကွဲသွားပြီး၊ Meiji ဖြစ်တဲ့ခေတ်သစ်ကိုရောက်လာတဲ့အချိန်ပေါ့……

အစိုးရအသစ်က 彦斎 Gensai ကိုသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲ့ဒီနေရာမှာကြီးမားတဲ့အဆင်မပြေမှုကိုခံစားရပါတယ်။

Edo Shogunate ကိုအတူတူဆန့်ကျင်ဖီဆန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေက အစိုးရအသစ်အနေနဲ့တက်လာခဲ့ပေမဲ့၊ ထင်ထားတဲ့ပုံစံနဲ့လုံးဝကွဲပြားနေတာကို သူသိလိုက်တယ်။

အစိုးရအသစ်ရဲ့မူဝါဒကိုပြောင်းလဲပစ်မယ်လို့ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
အဲ့ဒီနေရာမှာ အစိုးရအသစ်ကိုဆန့်ကျင်ဖို့အစပြုလာခဲ့တယ်။
ဒါကို animation ထဲမှာလည်းတွေ့ရပါတယ်…..

အဲ့ဒီနောက်ပိုင်းမှာတော့ 彦斎 Gensai က လက်ရှိ Oita စီရင်စုမှာ Taira လူမျိုးစုအတွက် 有終館(ゆうしゅうかん)Yūshūkan ဆိုတဲ့ကျောင်းကိုတည်ထောင်လိုက်ပြီး၊ ပညာသင်ကြားပျိုးထောင်ပေးခဲ့ပါတယ်။
ထိုကျောင်းကို မရိန်းအယောက် ၂၀၀ နှင့်စစ်တပ်အယောက် ၁၀၀ လာရောက်တက်ခဲ့တဲ့ ကျောင်းကြီးတစ်ကျောင်းလည်းဖြစ်ပါတယ်။

သို့သော်ဒီနေရာမှာ အဖြစ်ဆိုးနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။

မူလကအပေါင်းအပါတွေဖြစ်တဲ့ အစိုးသစ်ရဲ့ခေါင်းဆောင်တွေကြောင့် ၂ နှစ်အတွင်းမှာပဲကျောင်းကိုဖျတ်သိမ်းလိုက်ရပါတယ်။
နောက်ပြီး 彦斎Gensai ဟာ ဆာမူရိုင်းတစ်ယောက်ကိုလျှို့ဝှက်ထားတဲ့အမှုနဲ့အဖမ်းခံရပါတယ်။

အဖမ်းခံရပြီးနောက်မှာတောင် 彦斎 Gensai ဟာအစိုးရဆန့်ကျင်ရေးပြဿနာများရှိတယ်လို့ အထင်ခံရပါတယ်။
အဲ့ဒါတောင်မှာ 彦斎 Gensai ကအရင်လုပ်ဖော်ကိုင်ဖက်တွေရဲ့ မှားယွင်းတဲ့အယူအဆတွေကိုတည့်မတ်ပေးမယ်ဆိုတဲ့ သူ့ရဲ့ခံယူချက်ကိုလုံးဝမပြောင်းလဲခဲ့ပါဘူး။

နောက်ဆုံးမှာတော့ သူ့ဟာအန္တရာယ်ရှိသူအဖြစ်သတ်မှတ်ခံရတာနဲ့အတူ ခေါင်းဖြတ်သတ်ခံလိုက်ရပါတော့တယ်။

သူနောက်ဆုံးရေးသားခဲ့တဲ့ ကဗျာလေးရှိပါတယ်။

君がため 死ぬる骸に 草むせば

赤き心の 花や咲くらん

君(天皇)のために死んだ骸(遺体)に草が生えれば(国の礎となれば)、
真っ赤な花(自分の熱き情熱)がそこに咲く事だろう。

သင့်(ဧကရာဇ်) အတွက်ကြောင့်သေခဲ့ရတဲ့ခန္ဓာကိုယ်မှာ(အလောင်း) မြက်ပင်ပေါက်လာခဲ့ရင်(တိုင်းပြည်ရဲ့အုတ်မြစ်ဖြစ်လာခဲ့ရင်) အနီရောင်ပန်းတစ်ပွင့်က(မိမိရဲ့ပူလောင်တဲ့စိတ်အားထက်သန်မှု) ထိုနေရာမှာပွင့်လိမ့်မယ်မဟုတ်လား…

ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
အခြား ၂ ခုလည်းရှိပါသေးတယ်။ စုစုပေါင်း ၃ ခုရေးပြီး သူ့ဘဝနိဂုံးချုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အရင်ကတည်းဧကရာဇ်ကို ဗဟိုပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါဟာဆာမူရိုင်းတွေအင်အားကြီးလာတာကြောင့် ဧကရာဇ်ဆိုတဲ့တည်ရှိမှုက အဲ့ဒီအတိုင်းကျန်ရှိနေသေးပေမဲ့၊ တကယ်ကတော့ ဆာမူရိုင်းတွေကပဲတိုင်းပြည်ကိုအုပ်စိုးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲ့ဒီမူဝါဒကိုပြန်ခေါ်မယ်ဆိုပြီး ပုန်ကန်ထကြွတဲ့လုပ်ရှားမှုတွေလုပ်ခဲ့တာပါ။…..

အဲ့ဒီပုန်ကန်မှုမှာပါဝင်တဲ့ 彦斎 Gensai ရဲ့အပေါင်းအပါးတွေက အဲ့ဒါကိုမေ့သွားပြီး၊
彦斎 Gensai ကတော့ အဲ့ဒီလမ်းစဥ်အတိုင်းပဲ သူ့ရဲ့စွမ်းအားကိုဖြည့်တင်းခဲ့ပါတယ်။
အဲ့ဒီအတွက်ကြောင့် ပုန်ကန်မှုအဖြစ်အစွပ်စွဲခံရပြီး၊ နောက်ဆုံးမှာ အပေါင်းအပါးတွေရဲ့ လက်ချက်နဲ့ပဲသေဆုံးခဲ့ရပါတယ်။

ဓါးရေးသမားတစ်ယောက်အနေနဲ့ပါရမီရှင်လည်းဖြစ်သလို၊ လမ်းမှန်ကိုဆက်လျှောက်ပြီး မိမိရဲ့ခံယူမှုကိုလုံးဝမပြောင်းလဲခဲ့တဲ့ 彦斎 Gensai ဟာ တကယ်ကိုအရည်အချင်းပြည့်မီတဲ့ ဆာမူရိုင်းတစ်ယောက်အနေနဲ့ လမ်းမှန်ကိုဆက်လျှောက်ခဲ့တယ်လို့ ထင်ပါတယ်။

စကားမစပ် Anime ထဲမှာတော့ ဇာတ်ကောင်ကိုင်တဲ့ နောက်ပြန်ဓါး(ဓားကိုဆန့်ကျင်ဘက်ဘက်တွင်ရှိသောသူသည်ဓားကိုမဖြတ်နိုင်ပါ)ကတော့ အပြင်မှာမရှိပါဘူး။ ဒါပေမဲ့ Chiba ခရိုင်မှာတော့ အဲ့ဒီလိုပုံစံဓါးသေးတစ်လက်ကိုတော့ ရှာတွေ့ခဲ့ပါတယ်။

https://matome.naver.jp/odai/2142348497175743701

ဘာအတွက်ကြောင့်ပြုလုပ်ခဲ့တာလဲဆိုတာ အတိအကျမသိသလို၊ မြင်းခွာကိုဖြတ်ဖို့အတွက်လား? ဆိုတဲ့ထင်မြင်မှုတွေလည်းရှိပါတယ်။

ဒါကြောင့် animation ထဲမှာလိုမဟုတ်ဘဲ၊ အပြင်မှာ 彦斎 Gensai ဟာနောက်ပြန်ဓါးကိုမကိုင်ခဲ့ဘူးလို့ယူဆနိုင်ပါတယ်။
ရိုးရိုးဓါး၊ ဒါမှမဟုတ် မူရင်းပုံစံမရှိတဲ့တုပထားတဲ့ဓါးကို ကိုင်ဆောင်ခဲ့တယ်လို့ယူဆနိုင်ပါတယ်‌။

ဒီအကြောင်းအရာတွေကိုဖတ်ပြီးနောက်၊ နောက်တစ်ကြိမ် Rurouni Kenshin Anime ကိုကြည့်မယ်ဆိုရင် အမြင်အနည်းငယ်ပြောင်းသွားကောင်းပြောင်းသွားနိုင်မယ်နော်….

ကျွန်တော်အနေနဲ့ကတော့ Anime ထက် movie version ကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

緋村剣心(るろうに剣心)のモデルは河上彦斎!逆刃刀や子孫も実在した!

ဓါးရဲ့လွှဲပုံလွှဲနည်း action ကလည်းတော်တော်ကိုမိုက်တဲ့အတွက်ကြောင့် သေချာပေါက်ကြည့်စေချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: