ဖုံးကွယ်ခံလိုက်ရတဲ့ အမှန်တရား။ Petit Angel Case !!!

ကမ္ဘာတစ်ဝှမ်းမှာ မဖြေရှင်းလိုက်နိုင်တဲ့ အဖြေမရှိပုစ္ဆာတွေအများအပြားရှိနေပါတယ်။
ဘယ်လိုပဲလိုက်ရှာပါစေ ပြစ်မှုကျူးလွန်သူကိုအမိအရမဖမ်းနိုင်တာတွေလည်းသေချာပေါက်ရှိတဲ့အထဲမှာ အာဏာပိုင်တွေကြောင့် အမှန်တရားကဖုံးကွယ်ခြင်းခံလိုက်ရတာတွေလည်းရှိပါတယ်။

အဲ့ဒီလိုပြစ်မှုတွေထဲမှာတော့ Petit Angel Case လည်းတစ်ခုအပါအဝင်ဖြစ်ခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်၊ ၇ လပိုင်း ….တိုကျိုမြို့ရဲ့ Akasaka အရပ်မှာရှိတဲ့ တိုက်ခန်းတစ်ခန်းမှာ အဲ့ဒီအချိန် မူလတန်း ၆ နှစ်မြှောက် ကျောင်းသူ ၄ ယောက်ဟာ ပြန်ပေးဆွဲခြင်းခံလိုက်ရပါတယ်။
မိန်းမငယ်လေးတွေကထွက်ပြေးပြီး ရဲစခန်းကိုပြေးဝင်လာတာကြောင့် အမှုကိုသိလိုက်ရပြီး စစ်ဆေးတာတွေကို စပြီးလုပ်ဆောင်ခဲ့ပေမဲ့၊ ရုတ်တရက်စုံစမ်းစစ်ဆေးမှုတွေက ရပ်တန့်သွားပြီး အမှန်တရားဟာလည်း မှောင်မိုက်ထဲမှာပဲကွယ်ပျောက်သွားခဲ့ရပါတယ်။

 

https://www.excite.co.jp/news/article/Real_Live_50132/

အခင်းစဖြစ်တဲ့ ၂၀၀၃ ခုနှစ် ၇ လပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ မိန်းမငယ်လေးထဲက ၁ ယောက်က Shibuya အရပ်မှာ ပြန်ပေးဆွဲသမား A နဲ့စုံတွေ့ခဲ့တာကနေ အစပြုခဲ့ပါတယ်။

A ဟာတရားမဝင် အသက်မပြည့်သေးတဲ့မိန်းမငယ်လေးတွေရှိတဲ့ dating club ရဲ့ဦးစီးသူဖြစ်ပြီး၊ Shibuya နဲ့ Shinjuku ကိုအဓိကထားပြီး မိန်းမငယ်လေးတွေကိုသွေးဆောင်ကာ ကာရာအိုခေဆို ယန်း ၅၀၀၀၊ အတွင်းခံအဝတ်အစားအတွက်ထောက်ပံ့ငွေ ယန်း ၁၀၀၀၀၊ အဝတ်ဗလာနဲ့ဓါတ်ပုံရိုက်ခံမယ်ဆို ယန်း ၁၀၀၀၀ ပေးမယ်။ အဲ့ဒီလိုတွေပြောပြီး အဆက်အသွယ်ပေးတဲ့လူပဲဖြစ်ပါတယ်။

ဒီလိုခဏခဏပြော၊ သွေးဆောင်ပြီး မရတဲ့အဆုံးတော့ပြန်ပေးဆွဲခဲ့တာပဲဖြစ်ပါတယ်။
ချက်ချင်းပဲ မိန်းမငယ်လေးတွေရဲ့မိသားစုကနေ ရှာဖွေဖို့ရဲစခန်းကိုအကူအညီတောင်းလာကြပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း အစပြုခဲ့ပါတယ်။
ရက်အနည်းငယ်မှာပဲ ပြစ်မှုကျူးလွန်သူ A ရှိတဲ့နေရာကိုရဲတွေရောက်သွားပြီး ဖမ်းမယ်အလုပ်မှာ A ဟာသူ့ကိုယ်သူသတ်သေခဲ့တာကိုတွေ့လိုက်ရပါတယ်။

သူဟာ vinyl ပလက်စတစ်အလုံပိတ်နဲ့သူ့ကိုသူပတ်ထားပြီး၊ အထဲမှာကျောက်မီးသွေးမှုန့် လောင်စာခဲကိုမီးရှို့ပြီး၊ carbon monoxide အဆိပ်သင့်မှုကြောင့်သေဆုံးနေပါတယ်။
ဒီအမှုကအဖြစ်မှန်ပေါ်ရဲ့သားနဲ့ မရှင်းလိုက်နိုင်တဲ့အမှုလိုဖြစ်သွားပါတယ်။

ရဲတွေရဲ့ရှာဖွေမှုကြောင့် A ရဲ့အိမ်မှာ ကလေးပြည့်တန်ဆာ ဗီဒီယိုတိတ်ခွေပေါင်း အခု ၁၀၀၀ ကျော်နဲ့အတူ ဖောက်သည် ၂၀၀၀ ဆီကိုပေးပို့ခဲ့တဲ့ list ကိုလည်းတွေ့လိုက်ရပါတယ်။
customer list ထဲမှာ ဆရာဝန်၊ ရှေ့နေ၊ နိုင်ငံရေးသမားတွေရဲ့နာမည်အမြောက်အများလည်းပါနေကြောင်း အဲ့ဒီအချိန်ရဲ့သတင်းမီဒီယာများကလည်း ထုတ်လွှင့်ကြေငြာခဲ့ပါတယ်။

နောက်ပြီး ပြန်ပေးဆွဲခံရတဲ့မိန်းမငယ်လေးတွေရဲ့ထွက်ဆိုချက်အရ A အပြင်၊ ကားမောင်းသမား၊ Akasaka တိုက်ခန်းငှားတဲ့ ပိုင်ရှင်၊ သူတို့ ၃ ယောက်ကကြံရာပါလို့ဆိုပါတယ်။
အကြီးစားဒုစရိုက်အဖွဲ့အစည်းကြီးပဲမဟုတ်ဘူးလား?
လို့ အင်တာနက်ပေါ်မှာလည်း ဂယက်ထသွားခဲ့ပေမဲ့၊ ရဲတွေရဲ့ဘက်ကတော့ အသေးစားပြစ်မှုလို့ပဲ ဆုံးဖြတ်ချက်ချပြီး၊ customer list ကိုလည်းအမည်ဝှက်အဖြစ်ဖျောက်လိုက်ကာ စစ်ဆေးမှုကိုအဲ့ဒီမှာပဲ ရပ်ထားလိုက်ပါတော့တယ်။

သို့သော် ထူးဆန်းတာတွေကလည်း အမျိုးမျိုးရှိပါတယ်။
ဗီနိုင်ကို ပတ်ထားပြီးအထဲမှာ ကျောက်မီးသွေးမှုန့် လောင်စာခဲကိုမီးရှို့မယ်ဆို၊ ဗီနိုင်က အရည်တောင်ပျော်သွားမှာဖြစ်တဲ့အတွက် အလုံပိတ်ပြီးအဆိပ်သင့်တယ်ဆိုတာက မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ ရဲဌာနဘက်ကတော့ မိမိကိုယ်ကိုသတ်သေတယ်လို့ပဲဆုံးဖြတ်ချက်ချခဲ့ပါတယ်။

A ဟာ မဆုံးခင်မှာပဲ ဘာကြောင့်မှန်းမသိ သူသဘောကျတဲ့ Ferrari အမျိုးအစားကား ၂ စီးကို ရောင်းထုတ်ခဲ့ပါသေးတယ်။
သေချာတာက သူ့ကိုယ်သူသက်သေဖို့ဆုံးဖြတ်ထားတဲ့အတွက် ဘာကြောင့်ဒီလိုလုပ်ရသလဲ?

Akasaka ဆိုတဲ့အရပ်က လွှတ်တော်နဲ့သံရုံးတို့ဟာလည်း အနီးအနားမှာပဲရှိနေပါတယ်။
နောက်ပြီးနေ့တိုင်းဆိုသလို ဒီမှုခင်းနဲ့ပတ်သက်ပြီးထုတ်လွှင့်နေတဲ့ လူအများစိတ်ဝင်စားတဲ့မီဒီယာကလည်း တစ်ခုသောနေ့ကနေစပြီး ထုတ်လွှင့်မှုလုံးဝမရှိတော့ကြောင်းတွေ့ရပါတယ်။

ဒီအမှုရဲ့အမှန်တရားနဲ့နီးစပ်နေတဲ့ freelance writer ဖြစ်တဲ့ 染谷悟(そめや口さとる)Someya Satoru ဆိုသူဟာ အသတ်ခံလိုက်ရပြီး တိုကျိုပင်လယ်ကွေ့မှာသူ့ရဲ့အလောင်းကိုရှာတွေ့ခဲ့ပါတယ်။
ဒါပြီးတဲ့နောက် အခြားသော freelance writer တစ်ယောက်ဟာလည်း ဒီအမှုနဲ့ပတ်သက်ပြီးနှုတ်ပိတ်သွားခဲ့ပါတယ်။

customer name list ကိုလည်း တကယ်ပဲဖျောက်ခဲ့တာလား?
A လည်းတကယ် suicide လုပ်ခဲ့တာလာ?

အဲ့ဒါတွေအတွက်အဖြေမရှိသလို အမှန်တရားဟာလည်းအမှောင်ကျခဲ့ရပါပြီ။
ဂျပန်မှာလည်း ဒီလိုကိစ္စတွေရှိနေတာပဲဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: