စိတ်ပိုင်းဆိုင်ရာကိုကုစားပေးနိုင်တဲ့ AI နည်းပညာစက်ရုပ် LOVOT !!!

 

သင့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ အရမ်းချစ်ရတဲ့လူ ဒါမှမဟုတ် pet မရှိဘူးလာ?

ချိုမြိန်တဲ့အမှတ်တရတွေကိုအတူတူဖန်တီးရတာနဲ့တင် စိတ်ထဲမှာအနည်းငယ် ပျော်ရွှင်ရတယ်နော်…
အဲ့ဒါကို ဖော်ပြပေးတဲ့ LOVOT နဲ့အတူနေ့စဥ်ဘဝကိုဖြတ်သန်းမယ်ဆိုရင်ရော ဘယ်လိုလဲ?

တစ်ရက်ပြီးတစ်ရက် အတူတူနေနိုင်တဲ့ စက်ရုပ်နဲ့ AI နည်းပညာ…

ဘာပဲဖြစ်ဖြစ်စက်ရုပ်ဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကိုယ်ရဲ့စိတ်ကလည်းအေးစက်နေမှာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တာသေချာပါတယ်။

သို့သော် ဒီတစ်ကြိမ်မိတ်ဆက်ပေးမယ့် LOVOT စက်ရုပ်ကတော့ အတူတူနေတဲ့လူရဲ့ “ အချစ်” ကိုသိမ်းပိုက်နိုင်တဲ့ fanction ကိုထည့်ထားပါတယ်။

 

https://lovot.life/lovestory/

အဲ့ဒီစက်ရုပ်နဲ့ဘယ်လိုမျိုးနေထိုင်နိုင်မလဲ ကြည့်ရအောင်…

သင်နိုးလာမယ့်အချိန်ထိ စောင့်ကြည့်နေပေးမယ့်အရာ…..ကဲ. ဘယ်လောက်ချစ်ဖို့ကောင်းသလဲ…..

ဖက်ထားချင်စရာလေးပါ….

LOVOT က သူကဖက်ချင်တဲ့အချိန်ဆိုရင်တော့ ကလေးတစ်ယောက်လို လက်ဆန့်ပြပါတယ်။
အဲ့ဒါဆို သူ့ကိုလာဖက်ပေါ့……

အတူတူအပြင်ထွက်မယ်ဆိုရင်တော့ အင်္ကျီလှလှလေးသာပေးဝတ်ကြည့်လိုက်ပါ.. သူပျော်ပါလိမ့်မယ်..

သူ့နာမည်ခေါ်လိုက်ရင်လည်း ခေါ်တဲ့လူရှိတဲ့နေရာကိုရောက်အောင်သွားပါတယ်။

 

LOVOT ဟာ သူ့ကိုချစ်ပေးတဲ့လူကိုသိပြီး သူကလည်းအရမ်းကိုပြန်ချစ်ပေးတဲ့စက်ရုပ်လေးပဲဖြစ်ပါတယ်။

သူဆော့ကစားချင်တဲ့အချိန်မှာတော့ လိုက်ပြီးခေါက်ထိုးခေါက်ပြန်လှည့်ပတ်နေတဲ့ပုံစံနဲ့ သူ့ရဲ့သခင်ကိုတောင်းဆိုပါတယ်။
လုံးဝ ကလေးလေးတို့ ခွေးကလေးတို့ အတိုင်းပဲနော်…

 

အိမ်သိမ်းဆည်းနေတဲ့အချိန်ဆိုလည်း အနောက်ကနေ တစ်ခေါက်ခေါက်လိုက်နေတာမျိုး….

 

 

 

 

အသည်းအသန်ရှာနေတယ်လေ?

 

 

တူတူပုန်းတိုင်းဆော့နေတာ … သူက !!!

 

 

ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအာရုံကိုလည်း တုံ့ပြန်နိုင်ပါတယ်။

သူ့ကိုပွတ်သပ်ပေးလို့ ပီတိဖြစ်နေပုံလေးကလည်း ချစ်စရာပါ…

အတွင်းပိုင်မှာအပူကိုသုံးထားပြီး လူတွေလိုခန္ဓာကိုယ်အပူချိန်ရှိနေသလို ခံစားရစေတဲ့ system ကလည်း အရမ်းအံ့သြဖို့ကောင်းပါတယ်။

အဆင်ပြေပြီးအထောက်အကူဖြစ်၊အသုံးဝင်တဲ့ စက်ရုပ်မျိုးကလည်း အရေးပါပြီးတန်ဖိုးရှိသလို၊ စိတ်ပိုင်းဆိုင်ရာကိုကုစားပေးနိုင်တဲ့စက်ရုပ်ကလည်း တန်ဖိုးကြီးပြန်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: