သင့်မှာ Best Friend ဘယ်နှစ်ယောက်ရှိသလဲ?

ကျောင်းသားဘဝတုန်းက အတန်းဖော်တွေ၊ အသင်းအဖွဲ့ ကလပ်တစ်ခုတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ ကုမ္ပဏီထဲက လုပ်ဖော်ကိုင်ဖက်တွေ. . .

သင့်မှာ အသိအကျွမ်းများစွာရှိပြီး အချို့မှာမိတ်ဆွေကောင်းများဖြစ်ကြပါတယ်။
အချို့ကတော့ မည်သည့်အရာကိုမဆို ရင်ဖွင့်ပြောဆိုနိုင်တဲ့ Best Friend ဆိုတဲ့ အကောင်းဆုံးသူငယ်ချင်းတွေ ရှိကြမှာပါ။ ဂျပန်လိုဆိုရင် အရင်းနှီးဆုံးသူငယ်ချင်းကောင်းပေါ့။


https://seikatsu-hyakka.com/archives/46574

အကောင်းဆုံးသူငယ်ချင်းရှိခြင်းဟာ သင့်ရဲ့ဘဝမှာတော့ အဖိုးတန် ရတနာတစ်ခုရှိတာနဲ့အတူတူပါပဲ။လူအများစုကလက်ထပ်ပြီးဖြစ်စေ၊ ဘာတွေဘယ်လိုပဲဖြစ်ပါစေ သူတို့ရဲ့ အကောင်းဆုံးသူငယ်ချင်းနှင့် ထာဝရဆက်ဆံရေးကိုလိုချင်ကြပါတယ်။

Best Friend Forever ပေါ့။
ရုတ်တရက်ဆိုပေမယ့်. . . သင့်မှာရော Best Friend သူငယ်ချင်းဘယ်နှစ်ယောက်ရှိသလဲ? ၅ ယောက်လား? ၃ ယောက်လား?

သာမန်သူငယ်ချင်းတွေတောင်မှ စဉ်းစားကြည့်ရင် အဲလောက်သိပ်မများဘူးဆိုတဲ့ သူတွေလည်း ရှိလောက်မယ်ထင်ပါတယ်။
ဒါဆိုရင် ဂျပန်လူမျိုးတွေမှာရော ဘယ်လိုအခြေအနေရှိမယ်လို့ သင်ထင်မိသလဲ?

ယဉ်ကျေးပြီး ကြင်နာတတ်တဲ့လူမျိုးလို့ပြောပေမယ့် ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် စိတ်ရောဂါခံစားနေရသူတွေအများကြီးရှိတယ်၊ မရှိဘူးဆိုတာကို စိတ်ကူးဖို့ ခက်ပေမဲ့ စစ်တမ်းရလဒ်ကတော့ဒီမှာပါ။

 


အများဆုံးအဖြေက 0 ယောက်။

( Best Friend တစ်ယောက်မှမရှိ)ဂျပန်လူမျိုးတွေ အရမ်းအထီးကျန်လွန်းမနေဘူးလား . . .Best Friend တစ်ယောက်မှမရှိဘူးလို့ ဖြေတဲ့သူတွေရဲ့ Comment ကို ကြည့်ကြည့်ရအောင်။

“ မရှိပါဘူး။ ပြောရမယ်ဆိုရင် ဆုံးရှုံးသွားတာပါ။
အကြောင်းအရင်းတော့ရှိမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုမျိုးမတွေးမိပေမယ့် သူ့ဘက်က ဆိုရင်တော့ အသုံးချခံရတယ်လို့ တွေးရင်တွေးခဲ့မယ်ထင်တယ်။

(၃၄နှစ်)ကျောင်းသားဘဝတုန်းကနဲ့ အလုပ်ရပြီးတဲ့ နောက်ပိုင်းအထိ Best Friend လို့ပြောနိုင်တဲ့ သူငယ်ချင်းတွေရှိခဲ့ပေမယ့် လက်ထပ်ပြီးတဲ့နောက်ပိုင်း အိမ်နေရာ တွေခဏခဏပြောင်းရပြီး နောက်ပိုင်း အဆက်အသွယ်ပြတ်သွားပါတယ်။

နှစ်သစ်ကူး ကတ်တွေကိုတော့ ဆက်လက်လဲလှယ်နေဆဲဆိုပေမယ့်။
(၆၀နှစ်)လွန်ခဲ့တဲ့ ၂ နှစ်ကတော့ အကောင်းဆုံးသူငယ်ချင်းလို့ထင်ခဲ့တဲ့သူရှိပါတယ်။
ခင်မင်လာတာ ၃၆ နှစ်ရှိပါပြီ။

တစ်နေ့တော့. . .လွန်ခဲ့တဲ့ ၂ နှစ်ကသူမရဲ့ လုပ်ရပ်တစ်ခုကြောင့်
“ သူမနဲ့သူငယ်ချင်းလုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး “ လို့ တွေးထင်ပြီးတဲ့နောက် ထပ်မတွေ့တော့ဘူး။
(၅၈ နှစ်)Best Friend လို့ ခေါ်ရောခေါ်လို့ရလား ဆိုတာတောင် မသေချာဘူး . . .
(၅၆နှစ်)Best Friend မပြောနဲ့ သူငယ်ချင်းလို့ခေါ်လို့ရတဲ့သူတောင် မရှိပါဘူး။
(၄၄နှစ်)အရင်တုန်းကတော့ အချိန်အတော်ကြာအထိ ခင်မင်ခဲ့တဲ့ သူတစ်ယောက်ရှိခဲ့တယ်။

ဒါပေမယ့် နှစ်ယောက် အနေဝေးသွားပြီးတဲ့နောက်မှာ အဆက်အသွယ်ပြတ်တောက်သွားပြီး အကောင်းဆုံးမိတ်ဆွေလို့မပြောနိုင်ခဲ့ဘူး။
(၇၁ နှစ်)မှတ်ချက်တွေကို ဖတ်ပြီးတဲ့နောက် တွေးမိတာကတော့ အရမ်းဂရုစိုက်လွန်းနေသလားလို့ ထင်မိတာက ကျွန်တော်တစ်ယောက်တည်းများလား?

အဆက်အသွယ်ပြတ်သွားတယ်ဆိုတာက တစ်ဖက်လူဘက်မှာလဲ အကြောင်းအရင်းရှိပေမယ့်၊ ကိုယ်တိုင်က ထပ်ပြီး အဆက်အသွယ်မလုပ်ခဲ့မိတာဖြစ်ပြီး၊ မကြိုက်တာကို မကြိုက်ဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်ရင်ရတာကို မပြောနိုင်တဲ့ အခြေအနေတွေ ရောက်ပြီး ဒီလို အဆက်အသွယ်ပြတ်တဲ့အထိ ဖြစ်သွားရတယ်လို့ထင်ပါတယ်။

ဂရုစိုက်မှုလွန်ကျူးတဲ့ ဂျပန်တွေရဲ့မကောင်းတဲ့အကျင့်တစ်ခုလို့လည်း ပြောလို့ရပါတယ်။တစ်ဖက်လူက ဘယ်လို တွေးနေမလဲဆိုတာကို မမေးကြည့်ရင် မသိနိုင်ပါဘူး။

ကိုယ့်ဘက်က အဆက်အသွယ်လုပ်ချင်ရင် ဆက်သွယ်လိုက်၊ ရနေတာပဲလေ။မကြိုက်ရင် မကြိုက်တာကို ပြတ်ပြတ်သားသားပြောပြီး ဒီလိုပြောပြီးတာတောင် အဆင်မပြေဘူးဆိုတော့မှ အဆက်အသွယ်ဖြတ်လိုက်တာဟာ ပိုအဆင်ပြေမယ်ထင်ပေမယ့်၊ ဒီလို အခြေအနေမျိုးတွေ ရှိခဲ့ပုံမပေါ်ပါဘူး။

ကျွန်တော်က အသက်၁၂နှစ်အရွယ်မှာ မွေးရပ်မြေမှ စွန့်ခွာပြီး ရထားနဲ့ သွားရင် မိနစ်၂၀လောက်ကြာမယ့်နေရာကိုပြောင်းခဲ့ပါတယ်။

အခုတွေးကြည့်မယ်ဆိုရင် တော်တော်လေးဝေးတယ်ဆိုပေမယ့် ၊ အဲဒီအချိန်တုန်းက မေးလ် တို့ ဖုန်းတို့ မရှိလို့ တော်တော်လေးဝေးတယ်ပြီး ဆက်သွယ်ဖို့ခက်တယ်လို့လဲ ခံစားခဲ့မိပါတယ်။

အဲဒီတုန်းက ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ခဲ့မိပေမယ့် နောက်နှစ်၃၀ကျော်လောက်ကျတော့ Facebook ကနေ သူငယ်ချင်းတွေ ပြန်တွေ့မိကြပြီး အခု သူတို့တွေကတော့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။

ကျွန်တော်က ဗီယက်နမ်မှာနေပြီး သူကတော့ ဂျပန်မှာနေတယ်ဆိုပေမယ့် Best Friend လို့ ပြောနိုင်တဲ့ ယုံကြည်မှုတော့ရှိပါတယ်။

အခုအချိန်မှာ အထီးကျန်လွန်းတဲ့ဂျပန်လူမျိုးတွေလိုမျိုး နဲ့ စကားပြောအဆိုမကောင်းတဲ့သူတွေလည်းပဲ နည်းနည်းလောက် အားမွေးပြီး ဒီသူငယ်ချင်း မရှိတဲ့ ပြဿနာကနေ ကျော်လွှားရန် ကြိုးစားကြည့်ကြပါစို့နော်။
ဒီလိုမျိုး အထီးကျန်တဲ့ ရလဒ်တွေ မမြင်ချင်လို့ပါ. . .

Best Friend ရှိခြင်း နဲ့ မရှိခြင်းက လူ့ဘဝရဲ့ ပျော်ရွှင်မှု ကို လုံးဝ သိသိသာသာ ပြောင်းလဲနိုင်ပါတယ်နော် !

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: