ပြောင်မြောက်လှတဲ့နည်းပညာ၊ သံကိုမသုံးဘဲအဆောက်အဦးတည်‌ဆောက် !!!

宮大工(みやだいく)Miyadaiku ဆိုတဲ့ အလုပ်ကို သိပါသလား?
နတ်ကွန်း၊ ဘုန်းကြီးကျောင်း စတာတွေကိုဆောက်လုပ်တဲ့ အထူးကျွမ်းကျင်အလုပ်ဖြစ်ပြီး၊ အိမ်ဆောက်တဲ့လက်သမားအတတ်ကျပြန်တော့လည်း မတူညီတဲ့ကျွမ်းကျင်မှု၊ အရည်အချင်းတွေရှိကြပါတယ်။


http://www.orido.co.jp/archives/1413

သူတို့တွေရဲ့ အံ့သြစရာအရည်အချင်းက တကယ်ကိုသံတွေလုံးဝမသုံးဘဲ အဆောက်အဦးဆောက်လုပ်တာပဲဖြစ်ပါတယ်။
継手(つぎて) Tsugite လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုပြီး၊ သစ်တွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်သွားတာပါပဲ။
တစ်ခုနဲ့တစ်ခုကပ်နေအောင် ကော်တွေကိုလည်း လုံးဝအသုံးမပြုထားပါဘူး။

သံတို့ အဆောက်အဦးခိုင်ခံ့အောင်အသုံးပြုရတဲ့ သတ္တုပစ္စည်းတွေကို ထည့်သုံးတာကပိုပြီးခိုင်ခံ့မှာပဲလို့တွေးမိမှာပဲနော်။ သို့သော် တကယ်ကတော့ ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်းတွေမှာ အဲ့ဒါတွေကိုလုံးဝအသုံးမပြုပါဘူး။
ဘုန်းကြီးကျောင်းနဲ့နတ်ကွန်းတွေက ပုံမှန်လူနေအိမ်တွေထက် ရေရှည်တည်တံ့ခိုင်ခံ့ဖို့ကလည်းလိုအပ်တာကြောင့်၊ ထူးခြားတဲ့နည်းပညာနဲ့ဆောက်လုပ်ထားပြီး၊ ကြီးမားတဲ့အကျိုးကျေးဇူး ၃ ခုကိုလည်းပိုင်ဆိုင်ထားပါတယ်။

၁။ ငလျင်ဒဏ်ခံနိုင်ခြင်း။
မကြာခဏငလျင်လှုပ်တတ်တဲ့ ဂျပန်နိုင်ငံမှာအဆောက်အဦးတွေအားလုံးဟာ ငလျင်ဒဏ်အလူးအလဲခံရပါတယ်။ အဲ့ဒီလှုပ်ခတ်မှုကို သံသတ္တုတွေမခံနိုင်ပါဘူး။
သစ်တွေရဲ့ အလိုက်သင့်နေနိုင်မှုကတော့ လှုပ်ခတ်မှုကိုခံနိုင်ရည်ရှိတဲ့အတွက် မပျက်ဆီးရခြင်းပဲဖြစ်ပါတယ်။

၂။ နှစ် ရာပေါင်းများစွာကြာရှည်ခံခြင်း။
သတ္တုပစ္စည်းတွေက အချိန်ကြာလာတာနဲ့အမျှ သံချေးတက်ခြင်းနဲ့ဆွေးမြည့်ပျက်စီးခြင်းတို့ကိုဖြစ်စေပါတယ်။
အဲ့ဒီအတွက်၊ အဲ့ဒါတွေကိုအသုံးပြုတဲ့ ပုံမှန်လူနေအိမ်တွေရဲ့သက်တမ်းကတော့ ၂၆ နှစ်လောက်သာခံပါတယ်။ ဘုန်းကြီးကျောင်းနဲ့နတ်ကွန်းတို့ကတော့ နှစ်ပေါင်း ၁၀၀ ကျော်တိုင်ခိုင်ခံ့ပါတယ်။
ဂျပန်မှာအဟောင်းနွမ်းဆုံးဖြစ်တဲ့ သစ်နဲ့ဆောက်လုပ်ထားတဲ့
法隆寺(ほうりゅうじ)Horyuji ဘုန်းကြီးကျောင်းဟာ နှစ်ပေါင်း ၁၃၀၀ တိုင်ကျော်ခဲ့ပြီဖြစ်ပါတယ်။


http://www.sciencehome-n.com/staffblog/slug-509b9da3cdbe98fc7c3316ddf2a4ae42

ပိုပြီးဟောင်းနွမ်းတဲ့ ကျောက်နဲ့ဆောက်ထားတဲ့အဆောက်အအုံတွေက ကမ္ဘာမှာရှိပြီး၊ အဲ့ဒါတွေကရှေးဟောင်းအမွေအနှစ်ဖြစ်သွားပေမဲ့ ယနေ့အချိန်မှာတော့ ခိုင်ခံ့မှုမရှိတော့ပါဘူး။

法隆寺(ほうりゅうじ)Horyuji ဘုန်းကြီးကျောင်းကတော့ ယနေ့အချိန်ထိသွားရောက်လည်ပတ်နိုင်ပါသေးတယ်။ ဒီလိုအဆောက်အအုံအမြင့်ကြီးကိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ မတိုင်ခင်ကဆောက်လုပ်ခဲ့ပြီး၊ အဲ့ဒီအမြင့်ကြီးကပဲ အမျိုးမျိုးသောငလျင်ဒဏ်တွေကို ကျော်လွှားခဲ့ပါသေးတယ်။

၃။ Recycling လုပ်နိုင်ခြင်း။
သစ်တွေကိုတစ်ခုနဲ့တစ်ခု တိတိကျကျချိတ်ဆက်ပြီးတပ်ဆင်တည်ဆောက်ထားတဲ့အတွက်၊ ပြန်ဖျက်ပြီး reform လုပ်မယ်ဆိုရင်လည်း မူလချိတ်ဆက်ထားတဲ့နေရာတွေကို Recycling ပြန်လုပ်ရလွယ်ကူပါတယ်။
ချိတ်ဆက်တဲ့အပိုင်းတွေကို ပြန်ခွဲထုတ်မယ်ဆိုလည်း အဆင်ပြေပါတယ်။

သံတွေကိုလုံးဝအသုံးဘဲ ဘယ်လိုလုပ်ပြီးသစ်တွေကိုချိတ်ဆက်လဲဆိုတာကတော့ 継手(つぎて)Tsugite  လို့ခေါ်တဲ့ ရိုးရာနည်းပညာကိုအသုံးပြုပါတယ်.
puzzle လိုမျိုးချိတ်ဆက်တဲ့အပိုင်းတွေကိုလည်း သစ်ကိုပဲသုံးထားပေမဲ့၊ သူကတစ်ခါချိတ်ဆက်လိုက်ပြီဆို မရွေ့တော့ပါဘူး။ အဲ့ဒီလိုပဲ အလွယ်တကူပြန်ခွဲထုတ်နိုင်တယ်။
စကားနဲ့ပြောရင် နားလည်ရခက်မယ်။ ဒါကြောင့် လက်တွေ့လုပ်ထားတဲ့ video သာကြည့်လိုက်ပါတော့။

 

 

 

 

 

 

 

စကားမစပ် အိုဆာကာရဲတိုက်ကိုဆောက်လုပ်ထားတဲ့ 継手(つぎて)Tsugite က 婆娑継ぎ(ばさらつぎ)Bazarasugi လို့ခေါ်တဲ့ နည်းပညာဖြစ်ပြီး၊ အရမ်းကိုအသေးစိပ်ကျတဲ့ ဖြတ်တောက်ပုံဖြတ်တောက်နည်းတွေလည်း ရှိခဲ့ကြောင်းသိရပါတယ်။

 

ဂျပန်နိုင်ငံမှာ ဘုရားကျောင်းကန်ဆောက်လုပ်တဲ့နာမည်ကြီး 金剛組 လို့ခေါ်တဲ့ ကုမ္ပဏီကိုမိတ်ဆက်ထားတာရှိပါတယ်။

 

 

နှစ်ပေါင်း ၁၄၀၀ မတိုင်ခင်ကတည်းက တည်ထောင်ထားတဲ့ ကမ္ဘာ့ရှေးအကြာဆုံးကုမ္ပဏီပဲဖြစ်ပါတယ်။

နောက်ဆုံးပေါ်သစ်သားနည်းပညာဖြစ်တဲ့ သူတို့ရဲ့လက်မှုပညာအတတ်က ကျွန်တော်တို့ရဲ့သားစဥ်မြေးဆက်အထိ လက်ဆင့်ကမ်းပေးသင့်တဲ့ပညာရပ်ပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: