အင်တာနက်မှာ ဝေဖန်ခံရမှုကြောင့် မိမိကိုယ်ကိုသတ်သေခြင်း?

၂၃ ရက်နေ့မနက်, ဝမ်းနည်းစရာသတင်းကိုတွေ့လိုက်ရပါတယ်။
“ အသက် ၂၂ နှစ်သာရှိသေးတဲ့ အမျိုးသမီး pro နပန်းကစားသမား Kimura Hana စံ ဆုံးသွားပါပြီ”

 

https://images.app.goo.gl/sFnxCzuJLFY51DJr5

သူမကအနာဂတ်လက်ရွေးစင် pro နပန်းကစားသမားအဖြစ်သာမကဘဲ၊ Netflix မှာ တစ်ကမ္ဘာလုံးကိုထုတ်လွှင့်ပြသနေတဲ့ တီဗွီအစီအစဥ်မှာလည်းပဲ ပါဝင်တင်ဆက်နေတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။
အဲ့ဒီတီဗွီအစီအစဥ်က ဂျပန်တစ်နိုင်ငံတည်းမှာသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့လူငယ်တွေကြားမှာအရမ်းနာမည်ကြီးတဲ့အတွက်၊ သူမရဲ့ရုတ်တရက်သေဆုံးမှုမှာ လူအများကထိန့်လန့်သွားခဲ့ကြပါတယ်။
အသက် ၂၂ နှစ်တည်းနဲ့ အရမ်းကိုမြန်လွန်းတဲ့သေဆုံးမှု ..ဘယ်လိုများဖြစ်ခဲ့လို့လဲ?

ဒီသေဆုံးမှုသတင်းတွေပြီးသွားတဲ့နောက် သိလိုက်ရတာက၊ သူမဟာ Twitter ကိုပထမဆုံးအသုံးပြုတဲ့ SNS မှာ ဆိုးရွားတဲ့ဝေဖန်မှုကိုရရှိလိုက်လို့ပဲဖြစ်ပါတယ်။

သူမဟာတီဗွီအစီအစဥ်မှာပြောခဲ့တဲ့ အစွန်းရောက်တဲ့စကားတစ်ချို့က လူအများကြားနာမည်ကြီးကြောင်းအရာတစ်ခုလို့ဖြစ်သွားပြီး၊ အဲ့ဒီစကားကိုအကောင်းဘက်ကမတွေးတဲ့ လူတွေတစ်ချို့က Hana စံကို ဝေဖန်ရှုပ်ချတဲ့ comment တွေပေးခဲ့ပုံရပါတယ်။

သူမရဲ့ SNS မှာ နေ့တိုင်းနီးပါး “ သေပြီ” ၊ “ ပျောက်ကွယ်သွားတော့မယ်” ဆိုပြီးစိတ်ဓါတ်ကျတဲ့စကားလုံးတွေကို တင်ခဲ့ပုံရပါတယ်။
နောက်ပြီး၊ အဲ့ဒါကြောင့်ပဲလာ? ဘာလဲဆိုတာမသေချာသေးပေမဲ့ သေချာတာကတော့ သူမကိုယ်သူမသတ်သေခဲ့တာပါ။

သူမ မသေဆုံးခင်နာရီအတန်ကြာက ရေးသားခဲ့တဲ့ “ နှုတ်ဆက်ပါတယ်” ဆိုတဲ့စကားတစ်ခွန်းက Hana စံရဲ့ နောက်ဆုံးစကားလေးပဲဖြစ်သွားခဲ့ပါတယ်။

JAPO မှာအမြဲတမ်းစာဖတ်ပေးနေသူတွေအားလုံးလည်း ဝေဖန်ရှုပ်ချပြောဆိုတတ်တဲ့သူတွေလုံးဝမဟုတ်ဘူးလို့ ယုံကြည်နေကြောင်းပြောပါရစေ။

တီဗွီမှာရော facebook မှာပါ နာမည်ကြီးသူတွေလည်း၊ ကျွန်မတို့လိုပဲနှလုံးသားနဲ့ခံစားတတ်တဲ့ လူသားတွေပဲဆိုတာကို မေ့လို့မဖြစ်ပါဘူး။
ကျွန်မတို့လိုပဲ ဆိုးရွားတဲ့စကားတွေမှာစိတ်ဒါဏ်ရာရပြီး၊ စိတ်မကောင်းဖြစ်တတ်ကြပါတယ်။
“ ဝေဖန်ကဲ့ရဲ့တဲ့စကားတွေကိုသည်းမခံနိုင်ရင် SNS မသုံးနဲ့ပေါ့” ဆိုပြီးထင်မြင်ချက်ပေးတာတွေရှိပေမဲ့၊
ကျွန်မကတော့ “ ဝေဖန်ကဲ့ရဲ့တဲ့စကားတွေကိုပြောမယ်ဆိုရင် SNS မသုံးပါနဲ့” လို့တကယ်ကို အကြံပြုချင်ပါတယ်။

ဒီတစ်ခေါက် Hana စံရဲ့ကိုယ်ကိုကိုယ်သတ်သေခြင်းက မမျှော်လင့်ဘဲသတင်းတွေပြန့်နှံ့သွားတာနဲ့တင်၊ SNS မှာဝေဖန်ခံရမှုကြောင့် မခံစားနိုင်တော့တဲ့အဆုံး မိမိကိုယ်ကိုအဆုံးစီရင်သွားသူတွေ အများအပြားရှိနေတယ်ဆိုတာကို နားလည်ရပါတယ်။
ယနေ့အချိန်အထိ မိမိဟာ social network မှာ ဝေဖန်ကဲ့ရဲ့တဲ့စကားတွေကိုပြောမိမယ်ဆိုရင်၊ ဒါကိုသင်ခန်းစာယူပြီး၊ နောက်တစ်ကြိမ်ထပ်မလုပ်မိဖို့ ပြောချင်ပါတယ်။

SNS လို social network ဆိုတာက လူကို entertainment တစ်ခုလိုပျော်ရွှင်စေတဲ့အရာဖြစ်တယ်။ ဒါကြောင့် ပျော်ရွှင်စွာနဲ့အသုံးပြုရမယ့်အရာဖြစ်ပါတယ်။
ဒီလိုဝမ်းနည်းစရာကိစ္စတွေ နောက်တစ်ကြိမ်မဖြစ်စေဖို့ မိမိရဲ့အပြုအမှုတွေကိုကရုစိုက်ကြပါစို့ !!!!

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: