ဆာမူရိုင်းတစ်ယောက်ရဲ့ အထီးကျန်အိမ် !!!!!

ဂျပန်အစိုးရကိုယ်တိုင် သတ်မှတ်ထားတဲ့ အရေးကြီးတဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုတာရှိပါတယ်။
အရမ်းကိုတန်ဖိုးရှိတဲ့အရာဖြစ်တဲ့အတွက် တန်ဖိုးထားခြင်းခံရပြီး၊ အများစုကမြင်တွေ့ဖို့တောင်ခက်ခဲတဲ့အရာတွေ ဖြစ်ကြပါတယ်။

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် 旧堀田邸(きゅう口ほったてい*堀田 Hotta ဆိုသူရဲ့အိမ်) ကတော့ ဒီလို အရေးကြီးတဲ့ယဥ်ကျေးမှုအမွေအနှစ်ထဲမှာ တစ်ခုအနေနဲ့သတ်မှတ်ခြင်းခံရပါတယ်။

千葉Chiba ခရိုင်မှာရှိတဲ့ 佐倉Sakura မြို့မှာ ၁၈၉၀ ခုနှစ်ကစပြီး ဒီအိမ်ကိုဆောက်ခဲ့ပါတယ်။

ဆာမူရိုင်းခေတ်၊ အဲဒိုခေတ်ကုန်ဆုံးပြီး၊ Meji ခေတ်ရောက်လာပြီးမှာဆောက်ထားတာဖြစ်ပြီး၊ 堀田正倫(ほった口まさとも)Hotta masatomo အိမ်အနေနဲ့ ဆောက်ထားပါတယ်။
Meji ခေတ်ပြန်ဆောက်ထားတဲ့ ဆာမူရိုင်းအိမ်တွေထဲမှာ ဂျပန်စတိုင်အိမ်မျိုးကရှားပါးတဲ့အတွက် ဒီအိမ်ကို ၂၀၀၆ ခုနှစ်လောက်မှာ အရေးကြီးတဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒီ 堀田邸 Hotta အိမ်က VR မှာပေါ်လာတဲ့ပုံပါ။


ကွန်ပျူတာတို့ စမတ်ဖုန်းတို့မှာ ဓါတ်ပုံတွေကြည့်လို့ရပေမဲ့၊ vr သုံးမျက်မှန်နဲ့ကြည့်ဖို့ ပိုပြီးတိုက်တွန်းချင်ပါတယ်။
vr မျက်မှန်နဲ့သာကြည့်လိုက်မယ်ဆို အပြင်မှာသွားလည်ပတ်တာနဲ့ဘာမှကွားခြားချက်မရှိ အတူတူလောက်သွားကျမှာပါ။

堀田 Hotta ဟာ ဆာမူရိုင်းတစ်ယောက်ပါ။
အိမ်ပြန်ပြီးဘာတွေကိုကြည့်နေခဲ့သလဲ?
ဘယ်လိုနေထိုင်ခဲ့သလဲ?

ဆာမူရိုင်းခေတ်ကုန်ဆုံးပြီးနောက် သူတို့တွေရဲ့ရပ်တည်အသက်ရှင်ရမယ့်နေရာတွေလည်း တစ်ဖြည်းဖြည်းပျောက်လာခဲ့တဲ့အတွက် ဆာမူရိုင်းဖြစ်တဲ့ 堀田 Hotta တစ်ယောက် ဒီအိမ်ထဲမှာဘာတွေတွေးပြီး ဘယ်လိုမျိုးနေထိုင်ခဲ့မလဲ?

လွတ်လပ်စွာနဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: