My 富士山 ကို ကိုယ်တိုင်ဖန်တီးလိုက်ရအောင် !!!!!!

ဂျပန်နိုင်ငံရဲ့ကိုယ်စားပြုတောင်လို့ပြောလိုက်ရင် ဖူဂျီတောင်ကိုပြေးမြင်မိတယ်မဟုတ်လား?
ဖူဂျီတောင်ရဲ့လုပမှုကို နှစ်သက်သဘောကျကြတာက ဂျပန်လူမျိုးတွေချည်းပဲမဟုတ်၊ နိုင်ငံခြားသားအများစုကပါ ဖူဂျီရဲ့လှပမှုကိုနှစ်သက်သဘောကျကြပါတယ်။
အနုပညာလောကအနေနဲ့ပြောရရင် သူ့မှာနိုင်ငံခြား ပရိသတ်တွေပါရှိတယ်ပေါ့…

အဲ့ဒီဖူဂျီတောင်ကြီးက အခုသင့်အိမ်ကိုရောက်ရှိလာပါပြီး!!!!
သို့သော် သင်ကိုယ်တိုင်လက်နဲ့လုပ်ဆောင်ရမှာပါ။

https://www.youtube.com/watch?v=uvnBOi8WwDs&feature=emb logo

ဖူဂျီတောင်ရဲ့ small version ပြုလုပ်ပုံလေးတွေထွက်လာတာကြောင့် မိတ်ဆက်ပေးပါမယ်။

ပြုလုပ်ရမယ့် ပစ္စည်းတွေကတော့ အောက်ခံသစ်သားပြား၊ နောက်ပြီးတောင်ပုံစံ print ထုတ်ထားတဲ့စာရွက်တွေ၊ နောက်ပြီး ရှင်းပြထားတဲ့စာနဲ့ထောက်တိုင် ၂ တိုင် တို့ပဲဖြစ်ပါတယ်။

 

山にまったく興味はないが富士山の山岳模型を作ってみたら……誰もが山好きになるかもしれない癒しのキット「やまつみ」

နွားနို့ထည့်တဲ့စက္ကူဘူးတွေကိုပြန်အသုံးပြုထားတဲ့ စက္ကူအထူတွေကို ညှပ်ထားပြီး၊ အနောက်မှာလည်း တစ်ခုနဲ့တစ်ခုကပ်နေအောင် စတေကာပါကပ်ထားပေးပါတယ်။
အဲ့ဒါလေးတွေကို ဖြဲပြီးကပ်သွားပေးရုံပါပဲ။


စာရွက်နေရာမရွေ့သွားအောင် သစ်သားလုံးအလေးတုံးနဲ့သေသေချာချာလေးလှိမ့်ပြီးကပ်နေအောင်လုပ်ရပါမယ်။
နောက်ပြီးတစ်ခုနဲ့တစ်ခု နေရာလွှဲချော်တာတွေမရှိအောင် ဖောက်ထားပေးတဲ့အပေါက်လေးတွေကို တိတိကျကျလေးတွေထည့်ရပါမယ်။
အဲ့ဒီအတွက်လည်း ထောက်တိုင်တွေကိုထည့်ထားပေးပြီးသားပါ။

၁ ခုချင်းစီထပ်သွားမယ်။


နောက်ဆုံးတစ်ခုကတော့ ဘာလုပ်ရမလဲ မသိတဲ့အရွယ်အစားထိကိုရောက်သွားပါတယ်။

အဲ့ဒါကို print ထုတ်ထားတဲ့အစဥ်လိုက်အတိုင်းလေးပဲ ထပ်ပြီးကပ်သွားလိုက်ပါ။


ကဲ.ရပါပြီ။…


အလွယ်ကူဆုံး ဖူဂျီတောင်အသေးစားလေး ပြီးစီးသွားပါပြီ။
လှလိုက်တာဆိုတာ…..

ဒါတင်မကသေးဘူး ဒီထက်အရွယ်အစားကြီးပြီး အရမ်းလှတဲ့နောက်ထပ်တောင်တွေနဲ့ ယှဥ်ကြည့်ရအောင်…

日光(にっこう)Nikko

箱根(はこね)Hakone


富士山と箱根 Mount Fuji and Hakone

穂高連峰(ほだか口れんぽう)Hodaka  Renpō

六甲山(ろっこうざん)Rokkozan


阿蘇山(あそざん)Asozan

 

ကဲ. ဘယ်လိုလဲ?

အရင်ကတော့ တောင်တွေနဲ့ပတ်သက်ပြီး သိပ်ပြီးစိတ်မဝင်စားခဲ့သူတွေ၊ အခုအရမ်းလှပတဲ့အရာတွေကိုတွေ့ပြီးပြီဆိုတော့ တောင်တန်းတွေအပေါ် စိတ်ဝင်စားသွားပြီမဟုတ်လား?

ဂျပန်နိုင်ငံဟာ တောင်တွေပေါ်များတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
လှပတဲ့တောင်၊ အမှတ်တရတွေရှိတဲ့တောင် အစရှိသဖြင့် အမျိုးမျိုးသောတောင်တွေကို သင့်ရဲ့အိမ်မှာ အလှမဆင်ထားချင်ဘူးလာ?

My 富士山 ကတော့ နည်းနည်းလေးပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ထင်တယ်နော် ?

http://www.yamatumi.jp/index.html

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: