20 ထရီလီယံယန်းတန်ဖိုးရှိတဲ့ ဥစ္စာဓနတွေကို တစ်နေရာရာမှာ ဝှက်ထားတယ်!

Tokugawa ရတနာသိုက်ဆိုတဲ့ စကားလုံးကိုသိလား?

၁၈၆၈ ခုနှစ်၊ အဲတုန်းက အချိန်ကို အဲဒိုခေတ်လို့ ခေါ်ပြီး ဆာမူရိုင်းတွေ ထိပ်ဆုံးရောက်နေတဲ့ အချိန်၊ တိုကူဂါဝါ မိသားစုဟာလည်း ဂျပန်ကို လက်တွေ့ကျကျ ထိရောက်စွာအုပ်ချုပ်နိုင်ခဲ့ပါတယ်။

ဘုရင်မင်းမြတ် က Tokugawa မိသားစုအား အခွင့်အရေး ပေးထားတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုအချိန်က ဘုရင်မင်းမြတ်ဟာ ခွန်အားမရှိခဲ့တဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ထို Tokugawa မိသားစုဟာ ရှုံးနိမ့်ခဲ့တဲ့အခါမှာတော့ Meiji ဆိုတဲ့ ခေတ်သစ်စတင်ခဲ့ပါတယ်။

ထိုသို့ ခေတ်အသစ်စတင်တဲ့ အခါမှာ Meiji အစိုးရမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အတွေးအခေါ်တစ်ခုရှိပေမယ့် ပိုက်ဆံမရှိဘူးဖြစ်နေပါတယ်။

သူ့တို့ မျှော်လင့်ထားတာက Edo အစိုးရမှာ ရှိခဲ့တဲ့ ငွေတွေပါ။၁၈၆၈ ခုနှစ် တိုကျိုအလယ်ဗဟိုမှာရှိတဲ့ Edo ရဲတိုက်က Meijiအစိုးရရဲ့ ပိုင်ဆိုင်မှုဖြစ်သွားပါတယ်။

အဲဒါကတော့ အခုလက်ရှိ ဘုရင့်နန်းတော် ဖြစ်လာပါတယ်။

皇居

သူတို့တွေ အရင်ဆုံး ဦးတည်ခဲ့တဲ့ အရာကတော့ Edo ရဲတိုက်ရဲ့ခြုံမှုပါ။
သို့သော် . . . ထိုရဲတိုက်အတွင်းမှာတော့ ဘာမှမရှိပဲ အလွတ်ဗလာဖြစ်နေတယ်လို့ ပြောပါတယ်။နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရမှာ ပိုက်ဆံလုံးဝမရှိဘူးဆိုတာက တော်တော်ကို ထူးဆန်းမနေဘူးလား?

ဒါဆိုရင် ဘယ်သူကများ တစ်နေရာရာ ဝှက်ထားသလားလို့ ပုံမှန် အနေနဲ့ တွေးမိမှာပဲ။Meiji အစိုးရရဲ့ အမြင်ကတော့ Edoအစိုးရ၏ ဘဏ္ဏာအုပ်ချုပ်ရေးအရာရှိချုပ်ဖြစ်တဲ့
Oguri Tadashi သို့ ‌ရောက်ရှိလာပါတယ်။

Edo အစိုးရပြိုလဲပြီးနောက် Oguri က ယနေ့ခေတ်ရဲ့ Gunma စီရင်စုတွင်တိတ်တဆိတ်နေထိုင်ခဲ့ပါတယ်။Oguri ဟာ အစိုးရငွေတွေကိုယူကာ ထွက်ပြေးခဲ့ပြီး
Gunma ကိုထွက်ပြေးခဲ့ပါတယ်။

တိုကျိုကနေဆက်သွယ်တဲ့ Tonegawa ကို ခြေရာခံခဲ့တဲ့ အခါမှာတော့ ထိုသင်္ဘောသည် Gunma ၏ Akagi တောင်သို့ ၀ င်ရောက်ခဲ့ကြောင်းသတင်းများလည်းရရှိခဲ့ပါတယ်။
Oguri ကအစိုးရရဲ့ငွေတွေကိုဝှက်ထားခဲ့ပြီး Edo အစိုးရကိုပြန်လည်ရှင်သန်မှုအတွက် တူးဖော်အသုံးပြုလိမ့်မယ်ဆိုတဲ့ ကောလာဟလများထွက်ပေါ်ခဲ့ပါသေးတယ်။

Edo အစိုးရတွင် ငွေရှိကြောင်း အထောက်အထား အမျိုးမျိုးရှိသော်လည်း
ဘယ်လောက်ပဲရှာရှာရှာမတွေ့ဘူး။ဒီငွေတွေကိုတော့ အခုချိန်အထိ ရှာမတွေ့သေးပါဘူး။လက်ရှိခေတ်ရဲ့ တန်ဖိုးအရ ကို ပြောင်းပြီး အတိအကျ ခန့်မှန်းရန်အလွန်ခက်ခဲပြီး
ကွာဟမှုတစ်ခုရှိတယ်လို့ဆိုပေမယ့် ခန့်မှန်းခြေအရ အများဆုံးကတော့ ယန်း ၂၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ဖြစ်တယ်လို့ဆိုပါတယ်။

https://toyokeizai.net/articles/-/175466

အကယ်၍ သင်သာ ဒါတွေကို ရှာတွေ့မိရင် ဘယ်လိုလုပ်မလဲ?

အရင်ဆုံး ဂျပန်ဥပဒေကို ကြည့်ရအောင်။
ဥပမာအားဖြင့်. . . မည်သူကမှ ပိုင်ဆိုင်ခြင်းမရှိတဲ့ တောင်ပေါ်မှာသာ တွေ့ရှိမယ်ဆိုရင် . . .ဒါကို ဥပဒေအရ မြှုပ်ထားတာလို့ခေါ်ပါတယ်။

ပိုင်ရှင်ကိုရှာဖွေရန် ရဲကိုအကြောင်းကြားပါ။
ပိုင်ရှင်ကိုရှာခိုင်းပါ။
ပိုင်ရှင်ကိုရှာမတွေ့ပါက ခြောက်လကြာလျှင် ရှာတွေတာအားလုံး သင့်အပိုင်ဖြစ်သွားပါပြီ။

ပိုင်ရှင်က အမှန်တကယ်သာဆို အခုအချိန်ထိ အသက်မရှင်တော့တာကတော့ သေချာနေပါပြီ။

ဒ့ါကြောင့် ၉ လလောက်စောင့်ပြီးမှ ယူတာက ပိုကောင်းပါတယ်။

အကယ်၍ သင်ရှာတွေ့တဲ့နေရာက တစ်ယောက်ယောက် ကပိုင်ဆိုင်တဲ့ ‌မြေနေရာဖြစ်နေလျှင်တော့ သင်နှင့်မြေပိုင်ရှင်သည် အခွင့်အရေးတစ်ဝက်စီပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထက်ဝက်တောင် အံ့သြဖွယ်ပါနော်!

သို့သော်

အကယ်၍ ၎င်းသည် ယဉ်ကျေးမှုအတွက် တန်ဖိုးရှိသည်ဟုသတ်မှတ်ခံရရင်၊
ဒါဟာတိုင်းပြည်ပိုင်ဆိုင်မှု အဖြစ် ထားရှိမှာပါ။

ဒါပေမဲ့လည်း ဒီနေရာမှာ လည်း 5~20 % အကျိုး ကို သင်ရရှိ မှာပါ။

ကဲ . . .Covid-19 ပြီးဆုံးသွားသောအခါ Gunma ကို ဂေါ်ပြားသယ် ပြီး သွားကြမလား ?

အင်း. . . Gunma မဟုတ်ဘဲ တခြားနေရာမှာလည်း ရှိနိုင်ခြေတော့ ရှိမယ်ထင်တယ်နော် . . .

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: