Tatami ရဲ့အစိမ်းရောင်တွေကို ဘာကြောင့်တက်မနင်းရသလဲ?

ဂျပန်နိုင်ငံကိုချစ်တဲ့သူအပေါင်း မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။
ဂျပန်ယဥ်ကျေးမှုကိုကိုယ်စားပြုတဲ့အရာတွေထဲကတစ်ခုကတော့ Tatamiပါ။


https://halmek.co.jp/qa/626

イ草(いぐさ)Igusa လို့ခေါ်တဲ့ကျူပင်ကိုရက်လုပ်ထားတဲ့ကြမ်းခင်းဖြစ်ပြီး၊ သင့်တင့်တဲ့ ရေခိုးရေငွေ့စုပ်ယူနိုင်တဲ့ဂုဏ်သတ္တိနဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ဂုဏ်သတ္တိရှိပြီး၊ ကြမ်းခင်းအနေနဲ့အရမ်းကိုကောင်းမွန်တဲ့အရာပဲဖြစ်ပါတယ်။
ဒီလိုပျော့ပျောင်းတဲ့ကြမ်းခင်းရှိတာကြောင့်လည်း ဂျပန်ဟာ မွေ့ယာကုတင်နဲ့မဟုတ်ဘဲ၊ ကြမ်းခင်းပေါ်မှာ 布団 ふとん Futon နဲ့အိပ်တဲ့ယဥ်ကျေးမှု ယခုအချိန်ထိရှိနေရတာပါ။

နောက်ပြီး Tatami အသစ်ဆိုရင် ထူးခြားတဲ့ကျူပင်ရဲ့အနံ့လေးဟာလည်းသင်းနေတဲ့အတွက် စိတ်ကျေနပ်မှုရရှိစေပါတယ်။
နေ့လည်ခင်းအိပ်မယ်ဆိုရင်လည်း ဘာမှထပ်ခင်းစရာမလိုဘဲ၊ အဲ့ဒီအတိုင်းအိပ်လည်းပဲ အဆင်ပြေစွာနဲ့အိပ်နိုင်တယ်။

အဲ့ဒီလို Tatami မှာတော့ စည်းကမ်း ၁ ခု ရှိတယ်။
ကျွန်တော်ကိုလည်း ကလေးဘဝတည်းကအဲ့ဒီစည်းကမ်းကိုပြောပြကြတယ်။
အဲ့ဒါကတော့ “ Tatami ရဲ့အစိမ်းရောင်တွေကို တက်မနင်းရဘူး” ဆိုတာပါ
အစိမ်းရောင်ဆိုတာကတော့ အပေါ်ကဓါတ်ပုံအတိုင်းသာဆိုရင် အစိမ်းရောင်ပါတဲ့အပိုင်းပေါ့…
ကြမ်းခင်းဖြစ်တဲ့အတွက် ဘယ်နေရာမဆို နင်းလို့ရနိုင်တာပဲ? လို့စဥ်းစားနိုင်ပေမဲ့ ဂျပန်ရဲ့ ဒေသတော်တော်များများမှာ ယခုချိန်ထိပြောနေတဲ့လူရှိတယ်။

ဘာကြောင့်လဲ? Tatami ရဲ့သမိုင်းဟာလည်း ဖုံးကွယ်ထားခြင်းခံခဲ့ရပါတယ်။

Tatami ရဲ့အရင်ဆုံးသမိုင်းက အတော်လေးရှေးကြာနေပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ အထက်မတိုင်မှီ 奈良時代(ならじだい) ခေတ်မှာတည်းက အသုံးပြုခဲ့ပုံရပါတယ်။
အဲ့ဒီအချိန်က အရမ်းဈေးကြီးတဲ့ပစ္စည်းဖြစ်ပြီး၊ အထက်တန်းစာလူတွေက အခန်းတစ်ခန်းမှာခင်းကြတယ်။
အဲ့ဒါနဲ့ ဒီလွန်ခဲ့သော နှစ်ပေါင်း ၈၀၀ မတိုင်ခင်လောက်ကမှ အခန်းတစ်ခန်းလုံးအပြည့်ခင်းတဲ့အလေ့အထ ဖြစ်လာခဲ့တယ်။

အဲ့ဒီတော့မှာ ဂျပန်နိုင်ငံရဲ့ရိုးရာထိုင်ပုံထိုင်နည်း၊ 正座seiza လို့ခေါ်တဲ့ ဒူးကွေးထိုင်နည်းတွေပါ ထွန်းကားလာခဲ့ပါတယ်။

正座seizaဆိုတာ အောက်မှာပြထားတဲ့ ထိုင်နည်းပါ။

 

 

https://shikitari.net/wp-content/uploads/386-600×400.jpg

 

Tatami က နူးညံ့ပျော့ပျောင်းတဲ့အတွက်ကြောင့်လည်း ဒီလိုထိုင်နိုင်ရခြင်းဖြစ်ပါတယ်။
Kendo နဲ့ Judo စတဲ့ဂျပန်ရဲ့ကိုယ်ခံပညာသင်ကြားမှုမှာလည်း Tatami ကိုအသုံးပြုလျက်ရှိတယ်။

အိမ်တွေမှာစပြီးအသုံးပြုလာတာကတော့ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ မတိုင်ခင်လောက်ကမှလို့ ပြောကြပါတယ်။

သို့သော် Tatami ရဲ့အစိမ်းရောင်တွေကို တက်နင်းလို့မရဘူးဆိုတဲ့အယူအဆက ဘယ်ကနေဖြစ်ပေါ်သလဲလို့ပြောရင် အကြောင်းပြချက်အများအပြားရှိပါတယ်။

 

ပထမတစ်ချက်က အဲ့ဒီအစိမ်းရောင်မှာရေးဆွဲထားတဲ့ အဆင်ဒီဇိုင်းပါ။

ဂျပန်ရဲ့ စံနမူနာထားရတဲ့အိမ်မှာ 家紋(かもん)Kamon လို့ခေါ်တဲ့၊ အိမ်အမှတ်အသားရှိခဲ့ပါတယ်။
အထက်တန်းစားအိမ်တွေနဲ့ ဆာမူရိုင်းတွေရဲ့အိမ်မှာလည်းပဲ 家紋(かもん)Kamon ဆိုတဲ့အမှတ်အသားကို အစိမ်းရောင်အဆင်ဒီဇိုင်းနဲ့ပဲ အများအားဖြင့်အသုံးပြုခဲ့တာကြောင့်၊

အစိမ်းရောင်ကိုနင်းလိုက်တယ်ဆိုတာက အဲ့ဒီအိမ်ရဲ့ အိမ်အမှတ်အသားကိုနင်းလိုက်တာဖြစ်ပြီး၊ တစ်နည်းအားဖြင့် အဲ့ဒီအိမ်ကိုရိုင်းပျတယ်ဆိုတဲ့ သဘောကိုသက်ရောက်သွားပါတယ်။

 

ဒုတိယအချက်ကတော့ Tatami မခေါက်မကျိုးဖို့ရန်

ယခင်က Tatami တွေကတော့ မျက်မှောက်ခေတ်နဲ့မတူဘဲ အနည်းငယ်ပျော့တာကြောင့်၊ ကြာရှည်မခံပါဘူး။
အထူးသဖြင့် ခမ်းနားထည်ဝါတဲ့Tatami တွေဆို၊ အစိမ်းရောင်အပိုင်းတွေမှာ ရွှေကြိုး ဒါမှမဟုတ် ငွေကြိုးအဆင်ဒီဇိုင်းတွေနဲ့ချုပ်လုပ်သလို နူးညံ့ပျော့ပျောင်းမှုရှိဖို့လည်း အဓိကထားတယ်။
ဒါကြောင့်ပဲ Tatami အစိမ်းရောင်တွေကို တက်မနင်းရတာပါ။

နောက်ဆုံးကတော့ ဆာမူရိုင်းကန့်သတ်မှု

ဆာမူရိုင်းတွေရဲ့အချိန်ကာလမှာ၊ အထူးလုပ်ကြံသတ်ဖြတ်သူတွေဖြစ်တဲ့ နင်ဂျာတွေရဲ့လှုပ်ရှားမှုတွေကလည်းရှိခဲ့ပါတယ်။
သူတို့တွေက မျက်နှာကြက်တို့ Tatami တို့အောက်မှာပုန်းကွယ်ပြီး ရန်သူအလာကိုစောင့်နေတတ်ကြတယ်။

သို့သော် Tatami ကထူလွန်းတဲ့အတွက် ဓါးထိုးဖို့အဆင်မပြေပါဘူး။
အဲ့ဒီအတွက် အစိမ်းရောင် ၂ ခုကြားကနေ ဓါးနဲ့ထိုးပြီးလုပ်ကြံလေ့ရှိခဲ့ကြတယ်။
ဒါကြောင့်ပဲ အစိမ်းရောင်ကိုတက်နင်းမိလိုက်ရင် အောက်ကနေဓါးနဲ့လုပ်ကြံခံရနိုင်ခြေတွေလည်း ရှိတာကြောင့် တက်နင်းလို့မရတာပါ။

စကားမစပ် အဲ့ဒီအစိမ်းရောင်ဟာ မိမိရဲ့အဆင့်အတန်းနဲ့လိုက်ပြီးအရောင်ကိုသတ်မှတ်ခြင်းခံရပါတယ်။
ဧကရာဇ်သာဆိုရင်တော့ ကြိုက်နှစ်သက်တဲ့အရောင်ကိုရွှေးချယ်နိုင်ပြီး၊ ဘုန်းကြီးနဲ့ရဟန်း အတွက်တော့ ခရမ်းရောင်၊ ဆာမူရိုင်းကတော့ အဝါရောင်ဆိုပြီး အသေးစိပ်သတ်မှတ်ထားပါတယ်။

အကယ်၍ မိမိအဆင့်သတ်မှတ်ချက်က နိမ့်မယ်ဆိုရင်တော့ Tatami မှာအစိမ်းရောင်ရွေးချယ်ခွင့်မရှိဘူး ဆိုတာလည်း ရှိခဲ့ပါတယ်။

ကိုယ်ခန္ဓာမှာဖော်ပြတာမဟုတ်ဘဲ၊ ကြမ်းခင်းမှာ မိမိအဆင့်သတ်မှတ်ချက်ကိုဖော်ပြတာကလည်း ဂျပန်တစ်နိုင်ငံမှာပဲရှိတဲ့ယဥ်ကျေးမှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီမျက်မှောက်အချိန်မှာတော့ ဈေးသက်သာတဲ့ Tatami တွေကို ဝယ်လာနိုင်ပြီးဖြစ်ပေမဲ့၊ အဲ့ဒါတွေက တကယ်တော့ イ草(いぐさ)Igusa ကျူပင်နဲ့ရက်ထားတာမဟုတ်ဘဲ၊ vinyl Tatami တွေပါ။
သဘာဝကျူပင်အနံ့လည်း မရှိသလို၊ ရေနဲ့ရေခိုးရေငွေ့ကိုလည်း စုပ်ယူနိုင်စွမ်းမရှိပါဘူး။

ဂျပန်ကိုရောက်ဖြစ်ခဲ့ရင်တော့ သေချာပေါက် Tatami အစစ်ပေါ်မှာလှဲအိပ်ကြည့်ပါ။
နေ့လည်ခင်းအိပ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ !!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: