နေပူပူ မိုးရွာရွာ သက်တောင့်သက်တာရှိတဲ့ ထီးလေးဆောင်းပြီး အပြင်ထွက်ကြစို့ !

မိုးရွာတဲ့နေ့တွေမှာဆို စိုထိုင်းဆတွေရယ် စိုစိုစိစိ နဲ့ အပြင်ထွက်ရတာမကြိုက်ဘူး။
နေသာတဲ့နေ့တွေမှာ နေပူလွန်းလို့ နေပူလောင်ခံရတာတွေအပြင် ပူလွန်းလို့ အပြင်ထွက်ရတာ မကြိုက်ဘူး။
ဒါ ဘယ်သူပဲဖြစ်ဖြစ် အခုလိုတွေးမိမှာပဲနော်။

ဒါပေမယ့် ဒီလိုထီးလေးသာ သင့်မှာ ရှိနေမယ်ဆိုရင် အပြင်ထွက်ရတာ အဆင်ပြေနေစေနိုင်မလား ?

https://www.plywood.jp/01445014

 

နေပူပူ မိုးရွာရွာ ကြိုက်တဲ့အချိန်သုံးနိုင်တဲ့ ထီး။

UV 99% ကာကွယ်ပေးနိုင်လို့ ပြင်းလွန်းတဲ့ နေရောင်ခြည်ဒါဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ရုတ်တရက်မိုးရွာရင်လည်း သုံးလို့ရလို့ အဆင်ပြေပါတယ်။

ဒါကတော့ အခုချိန်အထိ ထူးထူးခြားခြားအရာတော့ မဟုတ်သေးပါဘူး။ဒီထီးနဲ့ပတ်သတ်ပြီးတော့ ထူးခြားကြီးကျယ်တဲ့အရာကတော့ ဒီမှာပါ။

 

ထီးအမိုးရဲ့ အောက်မှာ ပန်ကာတပ်ထားပါတယ်။


ထီးရဲ့ ပုံစံကိုလိုက်ပြီး ပတ်ပတ်လည်ဝိုင်းပြီးတပ်ထားတဲ့ ပန်ကာ ။

မကောင်းတဲ့လေထုတွေအားလုံးကိုဖယ်ရှားပေးပြီး ပင်ပန်းနေတဲ့သင့်ရဲ့ စိတ်ကို ကုစားပေးနိုင်မှာပါနော်။ပန်ကာပါဝင်လို့ ဆံပင်တွေရှုပ်ထွေးခြင်းဖြစ်စေမှာကိုတော့ စိတ်ပူစရာမလိုပါဘူးနော်။

ဆံပင်တွေရှုပ်ထွေးခြင်းမှကာကွယ်ပေးဖို့ အတွင်းမှာ ပိုက်ကွန်တစ်ခုနဲ့ ကာပေးထားလို့ စိုးရိမ်စရာမလိုပါဘူးနော်။ပန်ကာမှာ ပါဝင်တဲ့ ပါဝါကတော့ 4 AA ဘတ်ထရီဖြစ်ပြီး ၅နာရီခန့် အသုံးပြုနိုင်ပါတယ်။

ထီးရဲ့ အလေးချိန်ကတော့ ၄၅၀ဂရမ်ရှိပြီး ဘက်ထရီရဲ့ အလေးချိန်မပါဝင်ဘူးလို့ထင်တောင်ထင်ရစေနိုင်ပါတယ်။ ဘတ်ထရီကုန်သွားရင်တောင်မှ ဒီလောက်အလေးချိန်နဲ့ တော့ ထီးဆောင်းရတာ လေးနေမယ်လို့တော့ မထင်ပါဘူးနော်။

အရောင်ကတော့ ၃ ‌ရောင်ရှိပါတယ်။

 

 

 

ဒီနှစ် နွေရာသီမှာတော့ ဒီထီးလေးကိုဆောင်းပြီး ကမ်းခြေသွားကြစို့ !

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: