ဘာကြောင့်ဂျပန်နိုင်ငံမှာ ခရစ်ယာန်ဘာသာမပျံ့ပွားရသလဲ?

 

သင်ကဘယ်ဘာသာဝင်ဖြစ်ပါသလဲ?

ဂျပန်မှာဒီလိုမေးလိုက်ရင် လူအများစုက “ ဘယ်ဘာသာဝင်မှမဟုတ်ဘူး” လို့ဖြေမယ်၊ ဒါမှမဟုတ် “ ဗုဒ္ဓဘာသာဝင်” ပါလို့ဖြေကြမယ်။
ဗုဒ္ဓဘာသာဝင်လို့ တိတိကျကျမပြောတာလည်း ဂျပန်ဆန်မှုပါပဲ။

ကမ္ဘာမှာကိုးကွယ်ယုံကြည်မှုအများဆုံးပဲလို့ပြောကြတဲ့ ခရစ်ယာန်ဘာသာဟာ ဂျပန်မှာတော့ ၁ ရာခိုင်နှုန်းမျှသာရှိပါတယ်။
ဘာကြောင့်လဲ?

https://mag.japaaan.com/wp-content/uploads/2020/05/statue-318783_1920-660×350.jpg

အကြောင်းအရင်းတစ်ခုကတော့ ခရစ်ယာန်ဘာသာဝင်တွေကိုနှိပ်စက်ညှဉ်းပန်းတဲ့ ရာဇဝင်ရှိခဲ့ပါတယ်။
စပိန်၊ ပေါ်တူကီတို့အင်အားကြီးခဲ့တဲ့အချိန်၊ သူတို့တွေက ကမ္ဘာတစ်ဝှမ်းကိုသာသနာပြုအဖွဲ့တွေစေလွှတ်ပြီး၊ သေနတ်နဲ့ခြိမ်းခြောက်ပြီးကိုလိုနီနယ်မြေတွေကိုချဲ့ခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတော်တော်များများလည်း ဒီလိုအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဂျပန်မှာလည်းထိုကဲ့သို့ပဲ သာသနာပြုအဖွဲ့တွေနဲ့ သေနတ်တွေဟာလည်းရောက်ရှိလာခဲ့ပါတယ်။
ကိုလိုနီရည်ရွယ်ချက်ကိုသိတဲ့ အာဏာရှိပုဂ္ဂိုလ်တွေက ခရစ်ယာန်ဘာသာဝင်အားလုံးကိုညှင်းပန်းနှိပ်စက်ပြီး၊ ဂျပန်မှာမပျံ့ပွားအောင်တားဆီးခဲ့ပါတယ်။

အရင်က တစ်ခြားဘာသာဝင်တွေအပေါ် open minded ရှိတဲ့ဂျပန်လူမျိုးတွေက ရှားရှားပါးပါးဒီလိုညှင်းပန်းနှိပ်စက်ရတဲ့ရည်ရွယ်ချက်ကတော့ ကိုလိုနီကြောင့်ပါပဲ။

အဲ့ဒီသက်ရောက်မှုကြောင့် ခရစ်ယာန်ဘာသာဝင်တွေ ဂျပန်မှာပျံ့နှံ့ဖို့စပြီးအရှိန်ယူဆဲမှာပဲ ရှုံးနိမ့်သွားရပါတယ်။

သို့သော် အဲ့ဒီတစ်ချက်တည်းမဟုတ်ပါဘူး။
မျက်မှောက်ခေတ်မှာတော့ လွတ်လပ်စွာကိုးကွယ်ခွင့်ရသွားတဲ့အတွက်၊ ခရစ်ယာန်ဘာသာကိုယုံကြည်လည်းရပေမဲ့၊ ယုံကြည်သူဦးရေ မများလာခဲ့ပါဘူး။
ဒါက ဘုရားတစ်ဆူတည်းရှိတဲ့ဘာသာ ဆိုတဲ့အတွေးရဲ့သက်ရောက်မှုကြောင့်လို့လည်းယူဆနိုင်ပါတယ်။

ဗုဒ္ဓဘာသာ၊ နောက်ပြီးဂျပန်ရဲ့ရှေးကတည်းကကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ (神道)ရှင်တိုဘာသာ ကတော့ ဘုရားအများကြီးရှိပါတယ်။
ရောက်တဲ့အရပ်မှာဘုရားတွေရှိတယ်ဆိုတဲ့ ယူဆချက်ကြောင့်၊ (神道)ရှင်တိုအယူဝါဒပဲရှိခဲ့တဲ့ဂျပန်မှာ ဗုဒ္ဓဘာသာဟာ အလွယ်တကူပဲဝင်လာနိုင်ခဲ့ပါတယ်။

သို့သော် ခရစ်ယာန်ဘာသာနဲ့ အစ္စလမ်ဘာသာမှာတော့ ဘုရားဟာတစ်ဆူတည်းရှိတယ်။
ဘုရားနဲ့ဆက်သွယ်မှုကို သက်သေမပြဘူး။
နောက်ပြီး ဗုဒ္ဓဆင်းတုတော်ကဲ့သို့၊ သူတို့ဘုရားတွေရဲ့ပုံတော်၊ ရုပ်တုတော်တွေထုလုပ်ပြီးကိုးကွယ်တာကိုလည်း တားမြစ်ထားတဲ့အယူအဆလည်းရှိပါတယ်။

သူတို့ဘက်ကနေကြည့်ရင်တော့ ဗုဒ္ဓဘာသာမှာ ဘုရားတွေအများကြီးရှိပြီး၊ ဆင်းတုတော်ကိုကိုးကွယ်တာလားလို့ ထင်တဲ့သူတွေလည်းအများအပြားရှိပုံရပါတယ်။

ဘုရားရဲ့တည်ရှိမှုနဲ့ ဆင်းတုတော်နဲ့ပတ်သတ်တဲ့ အယူအဆတွေသာလျှင်မဟုတ်ပါဘူး။
ဥပမာ ဂျပန်မှာဧကရာဇ်ပြောင်းသွားပြီဆိုရင် သက္ကရာဇ်ကိုလည်းအသစ်ကနေပြန်စကြတယ်။

မနှစ်ကဆို 平成 Heisei (1989.1.8-2019.4.30) ကနေ 令和 Reiwa (May 1,2019-) ကိုပြောင်းသွားခဲ့တယ်။
အဲ့ဒါနဲ့ပတ်သက်ပြီးခရစ်ယာန်ဘာသာဝင်အဖွဲ့အစည်းတစ်ခုက ဒီလိုပြောခဲ့ပါတယ်။

ခုနှစ်တွေကိုဧကရာဇ်နာမည်နဲ့ခေါ်တာ ရပ်လိုက်သင့်ပါတယ်။
“ ဂျပန်အင်ပါယာရဲ့ဂုဏ်” ကိုပိတ်စေသလိုဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
ဧကရာဇ်ဆိုတာ ဘုရားမဟုတ်သလို၊ လူပုဂ္ဂိုလ်ထဲကထူးမြတ်သူ လူသားတစ်ဦးသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လွတ်လပ်စွာနဲ့မိမိအမြင်ကိုပြောနိုင်ပေမဲ့၊ ဂျပန်ဆိုတာ ဟိုးအရင်ကတည်းကဧကရာဇ်ကို ဗဟိုပြုပြီးတည်ထောင်ခဲ့တဲ့ တိုင်းပြည်တစ်ပါးပဲဖြစ်ပါတယ်။
ဆာမူရိုင်းတွေက လူတွေကိုလွှမ်းမိုးနိုင်တဲ့အင်အားကိုပိုင်ဆိုင်ခဲ့တဲ့ခေတ်မှာတောင်မှ၊ အဲ့ဒီဆာမူရိုင်းတွေက ဧကရာဇ်ရဲ့အမိန့်ကို လိုက်နာခဲ့ကြပါတယ်။
ပြောပုံအရဆိုရင် ဒီယဥ်ကျေးမှုကို လက်မခံချင်းဘူးလို့ထင်မိပါတယ်။

ဂျပန်လူမျိုးအများစုဟာ ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာကို မကိုးကွယ်ရတဲ့အကြောင်းအရင်းက ဒီလိုအယူအဆတွေမှာ အဆင်မပြေတာကြောင့်လို့ ထင်ရစေပါတယ်။

ဘုရားရော၊ယဥ်ကျေးမှုရော နိုင်ငံအသီးသီး လူမျိုးအသီးသီးမှာ ဆိုင်ရာဆိုင်ရာရှိကြပါတယ်။
အဲ့ဒါနဲ့ဆန့်ကျင်ဘက်အယူအဆဆိုရင်တော့ လက်မခံချင်ကြတဲ့သဘောမျိုးကိုပြောချင်တာပါ။

လူတိုင်းလူတိုင်းမှာကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီး လက်ခံထားတဲ့အရာ၊ အာဘော်တွေအမျိုးအမျိုးရှိကြပေမဲ့ ဘုရားတွေကတော့ ကောင်းတဲ့လမ်းကိုပဲညွှန်ပြခဲ့တယ်လို့ ယုံကြည်ပါတယ်။

ဒါဆို သင့်နိုင်ငံကရော ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီးဘယ်လိုအမြင်တွေရှိကြပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: