ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ Nanbu Tekki ဖြင့်ချက်ပြုတ်ခြင်း !!!!

Iwate စီရင်စုဆိုတာ တိုဟိုကုဒေသမှာရှိ တဲ့ ကြီးမားသောစီရင်စုကြီးပေါ့။

နှစ်ပေါင်း ၄၀၀ ခန့်သမိုင်းကြောင်းဖြင့်
ဒဏ္ဍာရီ မီးဖိုချောင်သုံး Nanbu Tekki ဆိုတဲ့ အရာရှိတယ်။

(အဲ့ဒါဘာကြီးတုန်း?)ဤကဲ့သို့သော ပုံမှန်ပုံစံ စတိုင်လ်နဲ့ ပါ။

 

https://ja.wikipedia.org/wiki/南部鉄器

ဒီရေနွေးအိုးဟာ ရေပွက်ပွက်ဆူနေအောင်တည်နိုင်တဲ့ ရေနွေးအိုးတစ်လုံးပါ။
သံနှင့်လုပ်ထားပြီး အနက်ရောင်ရှိနေတာကလည်း သူ့ရဲ့ အင်္ဂါရပ်ဖြစ်ပါတယ်။

မူလက Iwate စီရင်စု ဧရိယာဟာ အရည်အသွေးကောင်းသောသံတွေရှိတဲ့အတွက် အဲဒီ ကောင်းမွန်တဲ့ သံတွေနဲ့
လက်ဖက်ရည်အိုးကိုပြုလုပ်ကြပါတယ်။သာမန်ရေနွေးအိုးနဲ့ ကွာခြားချက်က ဘာလဲ?

ဤရေနွေးအိုးဖြင့်တည်ပြီး ရရှိလာသော ရေပူက ချိုသောအရသာရှိပြီး သွေးအားနည်းရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
Nanbu Tekki ရေနွေးအိုးဖြင့် တည်ထားတဲ့ရေဟာ ပွက်ပွက်ဆူနေသောအခါ ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တဲ့ divalent iron ပမာဏများတဲ့ သံသည် ရေပူထဲသို့အရည်ပျော်သွားပါတယ်။

သံမဏိသည် မူးဝေခြင်းကို လျော့ချပေးနိုင်းတဲ့ အကြောင်းရင်းတစ်ခုဖြစ်သည်။ဒီရေနွေးအိုးကတော့ ဒါကိုကာကွယ်နိုင်ပါသေးတယ်။ထပ်ပြီးတော့ ရေရဲ့အရသာအားနူးညံ့စေပြီး ဘုံပိုင်ရေတွင်ပါရှိသော ပိုးသန့်ဆေးကလိုရင်းကိုလည်းဖယ်ရှား‌ပေးပါတယ်။ဒီရေနွေးအိုးက အလွန်လေးလံသောကြောင့် လူကြိုက်များမှု အနည်းငယ်သာရှိခဲ့ပေမယ့် အကျိုးသက်ရောက်မှုကိုတော့ ကျွန်ုပ်တို့တွေ့မြင်နိုင်ပါတယ်။

ဂျပန်မှာသာမက နိုင်ငံခြားမှလည်း
၀ယ်လိုအားမြင့်တက်နေပါတယ်။ရေနွေးအိုးတွေသာမကဘဲ ထိုကဲ့သို့သောအိုးလည်းရှိပါသည်။


https://paypaymall.yahoo.co.jp/store/citygas/item/la18-0007/

အကင်အတွက် အသုံးပြုတဲ့ ဒီလိုဒယ်တွေလည်းရနိုင်ပါတယ်။

 

http://umasoul.blog81.fc2.com/blog-entry-1661.html

သံရဲ့ထုထည်ကိုများစွာ အသုံးပြုထားပါတယ်။ တနည်းအားဖြင့်အိုးအထူက တော်တော်လေးကို ထူပါတယ်။အားနည်းချက်ကတော့ သူက လေးလံပါတယ်၊ သို့သော်အားသာချက် များစွာရှိပါတယ်။ပါးလွှာသောပစ္စည်းဖြင့် ပြုလုပ်ထားသောအိုးသည် အပူချိန်ကိုသိုလှောင်ထားနိုင်ခြင်း မရှိသောကြောင့် ပူနွေးသော အပူချိန်ကို နေရာတစ်လျှောက်ကူးစက်သွားစေပါတယ်။

ချက်ပြုတ်တဲ့အခါ ပါဝင်ပစ္စည်းများကိုထည့်လိုက်တဲ့အခါ အိုးသည် ပါဝင်ပစ္စည်းများ၏အပူချိန်နှင့်အတူ အေးသွားပါလိမ့်မည်။ပြီးတော့ မီးသတ်လိုက်တာနဲ့ အေးလာတယ်။

Nanbu Tekki ကတော့ ဒီလိုမဟုတ်၊ အိုးထူသောပစ္စည်းရှိပြီး သံမဏိသည် အပူသိုလှောင်ထားသောကြောင့် တည်ငြိမ်သောအပူချိန်ရှိပါတယ်။ထိုအခါ သင်သည် မီး‌နွေးနွေးနှင့်အတူ တည်ငြိမ်သောအပူချိန်မှာ ချက်ပြုတ်နိုင်ပါတယ်။

ဥပမာအားဖြင့်၊ Steak အသားကင်တဲ့အခါ အသားကို တစ်ခါထည်း မကင်လို့မရပါဘူး။ သို့သော် ပါးလွှာသောသံပြားတစ်ခုဖြင့် ကင်တဲ့အခါမှာတော့ အသားကိုထည့်သည့်အချိန်တွင် သံပြား၏အပူချိန်ကျဆင်းသွားပြီး အပူချိန်မြင့်တက်ရန်အချိန်ယူရပါတယ်။

ဒီလိုကင်နေတဲ့အချိန်အတောအတွင်း သာမန်ပါးလွှာတဲ့သံပြားနဲ့ ကင်ရင် အသားရဲ့အချိုရည်များကုန်သွားသော်လည်း Nanbu Tekki နှင့်သာကင်ရင်တော့ ဒီလိုပြဿနာမဖြစ်စေရပါဘူး။ပါဝင်တဲ့သံသည် ထူထဲသောကြောင့် အပူကိုသိုလှောင်ပေးထားပါတယ်။

ထို့အပြင် Nambu Tekki က ထူထပ်သောသံထည်များကြောင့် လုံလောက်သောကြာရှည်ခံမှု ရှိပါတယ်။နှစ် ၁၀၀ ကျော်ကာလလောက်အထိ အသုံးပြုခဲ့ကြသည့်သူတွေလည်း တော်တော်များများ ရှိပါတယ်။

သွေးအားနည်းရောဂါကြောင့် မူးဝေခြင်းဖြစ်ပါက Nanbu Tekki နှင့်ချက်ပြုတ်ကြည့်ဖို့ မမေ့နဲ့နော်။

ဆေးဝါးများ၊ ဖြည့်စွက်ဆေးများမသုံးဘဲ ကျန်းမာရေးကောင်းပြီး အရသာရှိတဲ့ အစားအစာတွေနဲ့ နေ့စဉ်စားသောက်နေထိုင်ရင်း နေ့စဉ် နေ့စဉ်ဘဝကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်မယ်လို့ ထင်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: