ဂျပန်ရဲ့တီဗွီအစီအစဥ်မှာ လုပ်ကြံသတင်းတွေတောင်ရှိလာပါပြီ ?!!

တီဗွီမှာထုတ်လွှင့်နေတဲ့သတင်းတွေဟာ အားလုံးအမှန်အကန်တွေချည်းပဲလို့ထင်ခဲ့ပေမဲ့၊ လက်ရှိဂျပန်နိုင်ငံမှာတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။
လုပ်ကြံထားတဲ့ဂျပန်ရဲ့သတင်း…
ဘာတွေဖြစ်နေလို့လဲ?

၂၀၂၀ ခုနှစ်၊ ၅ လပိုင်၊ ၇ ရက်နေ့၊ ဂျပန်ရဲ့တီဗွီအစီအစဥ် မနက်ပိုင်းအချိန်မှာထုတ်လွှင့်တဲ့သတင်းမှာ ပါဝင်တဲ့ဆရာဝန်ဟာအလွန်စိတ်ဆိုးနေပါတယ်။
澁谷奏介(しぶや口そうすけ) က Belgium ကိုရောက်နေတဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျပန်ကိုပြန်လာပြီး မနက်ပိုင်းတီဗွီအစီအစဥ်ရဲ့မေးမြန်းစုံစမ်းမှုမှာ ပြန်ပြီးဖြေကြားခဲ့ပါတယ်။

သူဟာနောက်နေ့မနက်၊ လွှင့်ခဲ့တဲ့အကြောင်းအရာကိုကြည့်ပြီး တော်တော်လေးလန့်သွားပုံရပါတယ်။

 

本日テレビ朝日の朝のニュース番組グッド!モーニングで私がコロナウイルス診療に関してインタビューされたものが放送されました。昨日の朝、テレビ朝日の方から取材の依頼が来て、夕方にzoomを用いたリモートでの取材という形で依頼を受けました。…

澁谷 泰介さんの投稿 2020年5月6日水曜日

ဥရောပရဲ့ ကူးစက်မှုအခြေအနေနဲ့ရောဂါအတွက်ဆောင်ရွက်မှုတွေ။
အဲ့ဒါကို ဂျပန်နဲ့နှိုင်းယှဉ်ပြီးမေးခွန်တွေမေးလာတဲ့အပေါ် ပြန်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ PCR စစ်ဆေးခြင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေကို သဲသဲမဲမဲမေးခြင်းခံရတဲ့ပုံပါပဲ…

PCR စစ်ဆေးခြင်းဆိုတာ Covid-19 ကိုစစ်ဆေးခြင်းဖြစ်ပြီး၊ ဂျပန်ကတော့ နိုင်ငံတော်တော်များများနဲ့ယှဉ်ရင် အတင်းအကြပ်စစ်ဆေးမှုတွေကိုသိပ်ပြီးမလုပ်သလို၊ လက်ညိုးထိုးခံရတာတွေလည်းအများအပြားရှိပေမဲ့၊ အဲ့ဒါနဲ့ယှဉ်ရင် ကူးစက်ပျံ့နှံ့မှုနှုန်းနဲ့သေဆုံးသူအရေအတွက်က အခြားနိုင်ငံတွေလောက် မရှိသေးဘူးဆိုတဲ့ထူးခြားချက်ထွက်လာခဲ့ပါတယ်။

PCR စစ်ဆေးမှုကိုပိုပြီးများများလုပ်နိုင်မယ်ဆို ကူးစက်သူတွေကိုလည်းပိုပြီးရှာတွေ့နိုင်လာမယ်။
သို့သော် ၊ အဲ့ဒီအခြေအနေမှာ quarantine လုပ်ဖို့ကအဓိကလိုအပ်တဲ့အတွက် ဆေးဘက်ဆိုင်ရာလဲပြိုခြင်းမှာလည်းစပ်ဆက်ကောင်းစပ်ဆက်နိုင်ပါတယ်။

စစ်ဆေးမှုကျွမ်းကျင်သူတွေမလုံလောက်တဲ့အထဲ စစ်ဆေးမှုတွေကိုတတ်နိုင်တာထပ်ပိုပြီးလုပ်သွားမယ်ဆို ပင်ပန်းခက်ခဲကြမှာဖြစ်သလို၊ အမှားတွေလည်းအလွယ်တကူဖြစ်လာနိုင်ပါတယ်။

လက်ရှိအခြေအနေရဲ့ပြောင်းလဲမှုတွေကိုပဲစဥ်းစားကြည့်ရင် စစ်ဆေးမှုကိုမနိုင်မနင်းနဲ့အများအပြားမလုပ်တာက ပိုပြီးကောင်းမယ်ဆိုတဲ့ထင်မြင်ချက်တွေလည်း ဆေးဘက်ဆိုင်ရာပတ်သက်မှုရှိသူတွေဆီက ကြားရပါတယ်။

စစ်ဆေးမှုတွေကိုပိုပြီးအများအပြားလုပ်သင့်သလား?။ လက်ရှိသွားနေတဲ့နှုန်းကကောင်းသလား?
အဲ့ဒီလိုလုပ်ရမလား မလုပ်ရဘူးလား အငြင်းအခုံတွေထဲမှာ၊ 澁谷ကတော့ “ စစ်ဆေးမှုအရေအတွက်ကို များများလုပ်နိုင်တိုင်းကောင်းတာမဟုတ်ဘူး” လို့စဥ်းစားတဲ့တစ်ဦးတည်းသောလူပဲဖြစ်ပါတယ်။

ဒါပေမဲ့ တီဗွီအစီအစဥ်ဘက်တော့ စစ်ဆေးမှုတွေကိုပိုပြီးများများလုပ်တာကောင်းတယ်ဆိုတဲ့သဘောတရားကို ဖြန့်ချင်တဲ့အတွက်၊ ခဏခဏရေလာမြောင်းပေးလုပ်တဲ့ပုံစံနဲ့ 澁谷ရဲ့ထင်မြင်ချက်ကိုပြောင်းလဲဖို့ လုပ်နေပုံရခဲ့ပါတယ်။
အဲ့ဒီအကြံအစည်ကိုသိနေတဲ့ 澁谷လည်း လုံးဝသူ့ရဲ့ထင်မြင်ယူဆချက်ကိုပြန်မပြင်ခဲ့ပါဘူး။

အဲ့ဒါနဲ့ပဲ တီဗွီအစီအစဥ်က အရေးကြီးဆုံးဖြစ်တဲ့ 澁谷 ရဲ့ထင်မြင်ချက်ကိုဖျတ်ချလိုက်ပြီး၊ တစ်ခြားထုတ်လွှင့်တဲ့အကြောင်းအရာထဲကအပိုင်းကိုအစားထိုးလိုက်ပါတော့တယ်။
အဲ့ဒါကတော့ “ PCR စစ်ဆေးမှုကိုပိုပြီးများများလုပ်တာကကောင်းတယ်” လို့ 澁谷 ကပြောလိုက်တဲ့ပုံစံနဲ့ သတင်းအတုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုသတင်းအတုတွေက ဒီတစ်ခုတည်းမကတော့ပါဘူး။
၂၀၁၈ ခုနှစ်၊ ၁၂ လပိုင်း၊ ကိုရီးယားစစ်တပ်ရဲ့သင်္ဘောက ဂျပန်ရဲ့ SDF လေယာဥ်အပေါ်တိုက်ခိုက်မှုသုံး ရေဒါလွှတ်ပြီး၊ ကြီးမားတဲ့နိုင်ငံရေးပြဿနာကိုဖြစ်ပွားစေခဲ့ပါတယ်။
တိုက်ခိုက်မှုသုံး ရေဒါလွှတ်တယ်ဆိုတာက တကယ်တိုက်ခိုက်တော့မယ်ဆိုတဲ့အချိန်မှာပြုလုပ်တာဖြစ်ပြီး မဟာမိတ်နိုင်ငံတွေအနေနဲ့ကတော့ ဒီလိုလုပ်စရာအကြောင်းမရှိပါဘူး။
မှားပြီးဒီလိုကိစ္စတွေမဖြစ်ပေါ်စေဖို့ မဟာမိတ်နိုင်ငံတွေရဲ့လေယာဥ်ကိုယ်ထည်မှာ ရေဒါလာပြီးထိလို့မရသလို၊ ဒီမဟာမိတ်ကိုမဖျတ်မချင်းကတော့ ရေဒါလာပြီးထိခွင့်မရှိပါဘူး။

ဒါဆို ဒါဘာကြောင့်ဖြစ်ရတာလဲ?
ဂျပန်နဲ့ကိုရီးယားတို့ရဲ့ တိုက်ပွဲမှာ၊ ဂျပန် NHK ကဒီဓါတ်ပုံကိုအသုံးပြုခဲ့ပါတယ်။

 

https://www.jijitsu.net/entry/NHK-uso-netsuzou-P

သေချာတာကတော့ ကိုရီးယားတပ်မတော်ကကြေငြာခဲ့တဲ့အတိုင်း၊ ဂျပန် SDF လေယာဥ်ဟာပုံမှန်မဟုတ်ဘဲချဉ်းကပ်နေတာကိုတွေ့ရပါတယ်။
သို့သော် သေသေချာချာကြည့်ကြည့်ပါ။
ဆင်းသက်ဖို့အတွက် ဘီးတွေကိုတောင်ထုတ်ထားပါတယ်။
ဒီလေယာဥ် ဘာအတွက်ဘီးတွေကိုထုတ်ထားရတာလဲ?

သမာရိုးကျစဥ်းစားကြည့်ရင် ဆင်းသက်ဖို့ကလွှဲပြီး ဘီးတွေကိုထုတ်စရာအကြောင်းမရှိပါဘူး။
နောက်ပြီးအခုကပင်လယ်ထဲမှာလည်းဖြစ်တယ်။ အနီးအနားမှာလေယာဥ်ကွင်းလည်းရှိတာမဟုတ်ပါဘူး။

ဒီဓါတ်ပုံဟာ NHK ကထုတ်လွှင့်ခဲ့တဲ့သတင်းအတုမျှသာဖြစ်ကြောင်းနားလည်ခဲ့ရပါတယ်။
ဒီလိုလုပ်ကြံသတင်းကပျံ့သွားပြီဆိုရင် အဆုံးသတ်မှာမဟုတ်တော့ပါဘူး။

သေချာတာပေါ့ အင်တာနက်လောကမှာ သတင်းအမှားတွေ၊လုပ်ကြံသတင်းတွေအများကြီးရှိနေပါတယ်။
သတင်းအခြေအမြစ်မရှိ လူပေါင်းစုံဟာလည်းစိတ်ကြိုက် သတင်းတွေကိုဖန်တီးပြီးဖြန့်နိုင်တဲ့အတွက်ကြောင့်ပါပဲ …

တီဗွီအစရှိတဲ့မီဒီယာတွေမှာတော့ ကန့်သတ်ထားတဲ့ကုမ္ပဏီကြီးတွေရဲ့တီဗွီအစီအစဥ်တွေကလွှဲပြီး တစ်ခြားအရာတွေကိုထုတ်လွှင့်ခွင့်မပြုပါဘူး။ ပြောချင်တာကတော့ အများပြည်သူတွေက ယုံကြည်နိုင်တယ်ပေါ့…
အဲ့ဒီလိုယုံကြည်မှုက အရမ်းအရေးကြီးတဲ့အရာ တန်ဖိုးဖြတ်မရတဲ့အရာဖြစ်တယ်။
သို့သော် ဒီလိုကြီးဖြစ်သွားတယ်ဆို‌တော့ …..

အခုကနေစပြီးတီဗွီအစီအစဥ်တွေမှာရော၊ အင်တာနက်မှာပါဖော်ပြနေတဲ့သတင်းတွေကို ချက်ချင်းမယုံကြည်လိုက်ဘဲ၊ ဘယ်အရာကမှန်ကန်သလဲဆိုတာကို တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကိုယ်တိုင်းစစ်ဆေးဖို့လိုအပ်တဲ့အချိန်အခါကို ရောက်လာခဲ့ပါပြီ…

ဒါကြောင့် စာဖတ်သူအားလုံးလည်း သတင်းအမှားတွေကိုသတိပြုနိုင်ကြပါစေ..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: