ဂျပန်ရဲ့ စိတ်နှလုံး၊ 禅(ぜん)Zen ဆိုတာ ?

အားလုံးပဲ ဂျပန်ရဲ့ Zen ဆိုတဲ့ အရာကို သိကြပါသလား ?

ဘုရားကျောင်း မှာ တိတ်ဆိတ်စွာ ထိုင်ပြီး၊ မလှုပ်ရတဲ့ အနေအထားနဲ့ . . . လှုပ်လိုက်တာနဲ့ သစ်သားတုတ်နဲ့ အရိုက်ခံရမယ်။

ဒီလိုမျိုး စိတ်ထင်မြင်ယောင်မှုမျိုးနဲ့ Zen ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ထားတဲ့ သူတွေဟာ ဂျပန်လူမျိုးတွေထဲမှာတောင် နည်းနည်းပဲရှိတယ်လို့ ထင်ပါတယ်။

Steve Jobs အပါအဝင် ကမ္ဘာအနှံ့မှာရှိတဲ့ ထိပ်တန်းစီးပွားရေးသမားတွေရဲ့ နှလုံးသားကိုဖမ်းယူနိုင်တဲ့

Zen ဆိုတာ ဘာများပါလိမ့် ?


https://sincerity-yoga.com/works/yoga-zen/attachment/zen-img

မူလကတော့ ဗုဒ္ဓဘာသာရဲ့ အုပ်စုတစ်စုမှ ဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်ကနေ ဆင်းသက်လာတာပါ။

Zen ဆိုတာ စိတ်နှလုံး ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

ကျွန်တော်တို့တတွေရဲ့ တစ်‌ယောက်ချင်းဆီတိုင်းမှာ စိတ်နှလုံးသား ကိုယ်စီရှိကြပါတယ်။
အဲဒီ စိတ်နှလုံးရဲ့ မူလပင်ကိုယ်ကတော့ အလွန်ပဲ အေးချမ်းတည်ငြိမ်ပြီး သန့်စင်ပါတယ်။

ဒါပေမယ့် အခြားသူတွေ နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်မိတဲ့ အခါတွေ တော်တော်များများ ရှိကြမှာ အသေအချာပါပဲ။

ပိုက်ဆံရှိတယ်၊ မရှိဘူး . . .
ချမ်းသာတယ်၊ ဆင်းရဲတယ် . . .
လှတယ်၊ မလှဘူး . . .
ဉာဏ်ကောင်းတယ်၊ ဉာဏ်မကောင်းဘူး . . .
ငါ့ ဇနီးကချောတယ်၊ မချောဘူး . . .
အားကစားလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး . . .
ပညာရေးမှာထူးချွန်တယ်၊ မထူးချွန်ဘူး . . .. . .

အစရှိတဲ့ နှိုင်းယဉ်မှုတွေများစွာနဲ့ နှိုင်းယှဉ်နေစဉ်မှာပဲ ကိုယ့်ရဲ့ နေရာ၊ ရာထူးကို ကာကွယ်ချင်တဲ့ ဆန္ဒအပေါ်မှာ မူတည်ပြီး သန့်ရှင်းစင်ကြယ်တဲ့ သင့်ရဲ့ ပင်ကို စိတ်နှလုံးသားဟာ ပျောက်ကွယ်သွားပါတယ်။
အဲဒီကနေတဆင့် အခြားသူနဲ့ ထင်မြင်ချက်လွဲတဲ့အခါ ရန်ဖြစ်တာတွေ ဖြစ်လာမယ်၊ လိမ်ညာပြီးတော့တောင် တခြားသူဆီကနေ ပိုက်ဆံရဖို့ မကောင်းတဲ့နည်းနဲ့ ကြိုးစားလာမယ်၊ ကိုယ့်ကိုကိုယ့် အဲဒီ မကောင်းမှုတွေထဲကနေ ကယ်ထုတ်လို့ မရနိုင်တာတွေ ဖြစ်လာပါတယ်။

Zen ရဲ့ စကားလုံးတွေမှာ 如意(にょい) Nyoi ဆိုတဲ့ စကားလုံးတစ်လုံးရှိတယ်။

“ တွေးထားတဲ့ အတိုင်း (သို့မဟုတ်) မင်း ဖြစ်ချင်တဲ့ အတိုင်း “ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားလုံးပါ။ မင်းတွေးထားတဲ့အတိုင်း နေထိုင်ပါ ဆိုတဲ့ အသုံးအနှုန်းကို သုံးလေ့ရှိကြပါတယ်။

အဲဒီ ” ဖြစ်ချင်တဲ့အတိုင်း ” ဆိုတဲ့ အဓိပ္ပါယ်ဟာ အနည်းငယ်ထူးခြားပါတယ်။ကိုယ်ဖြစ်ချင်တဲ့အတိုင်းသာ အကုန်လုံးဖြစ်လာရရင် ဒါဟာ လောဘ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် Zen မှာပါရှိတဲ့ အတွေးအခေါ်ကတော့ မင်းကိုယ်တိုင်ရဲ့ပတ်ဝန်းကျင်မှာရော၊ အခြားသူရဲ့ ပတ်ဝန်းကျင်အားလုံးနှင့်တွေ့နိုင်ပြီး တွေးထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်ပါ ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

Zen ဟာစကားလုံးနဲ့မဟုတ်ဘဲ အတွေ့အကြုံနဲ့ မှတ်ယူရတဲ့ အရာပေါ့။အဲဒီအတွက်ကြောင့် တိတ်ဆိတ်တဲ့ဗိမာန်တော်မှာ ငြိမ်သက်စွာထိုင်ပြီး သင်၏မျက်စိကိုပိတ်၊ တိတ်ဆိတ်စွာနေပြီး စိတ်ကိုဗလာဖြစ်အောင် ထားပြီး ကျင့်ရတဲ့ အရာပါ။ဘာလို့လဲဆိုတော့ အတွေးတွေရှိနေရင် ခန္ဓာကိုယ်ကရွေ့လျားနေလို့ပါပဲ။

ဒါကို ဘုန်းကြီးက သစ်သားတုတ်နဲ့ အာရုံစိုက်နိုင်အောင် သတိပေးတယ်။အပို အရာ အားလုံးကို ဖယ်ရှားပြီး
သင့်ရဲ့ စိတ်နှလုံးကိုအဲဒီအချိန်မှာ ဆေးကြောသန့်စင်မယ် . . .Zen ရဲ့ ပုံရိပ်တွေဟာ ဗိမာန်တော်ထဲမှာသာမက ဗိမာန်တော်ရဲ့အပြင်ဘက် ဥယျာဉ်ထဲမှာလည်း ပြုလုပ်နိုင်ပါတယ်။

https://www.herenow.city/kyoto/article/gardens/1

ကျိုတိုမှာရှိတဲ့ Tofukuji ဘုရားကျောင်းရဲ့ ဥယျာဉ်တော်ဟာ ထိုကဲ့သို့ အလွန်ပဲ ရိုးရှင်းပါတယ်။သဲဖြူတွေက ပင်လယ်ကို ခံစားစေပြီး တောက်ပြောင်နေတဲ့ ကျောက်တုံးတွေကတော့ ထာဝရနှင့်မသေဆုံးနိုင်သေးတဲ့ နေ့ရက်တွေရဲ့ လူနေမှုဘဝကိုမြင်စေကာ
ကျွန်းပုံစံအဖြစ် ဖော်ပြနေပါတယ်။

ဒီဟာကိုကြည့်ပါ ဦး ။
အိပ်မက်မြေပြင်ကို အဓိက ပုံဖော်ထားတာ။ဒီထူးခြားတဲ့စိတ်ကူးကို
ကမ္ဘာကြီးတစ်ခုလုံးသို့ စကားလုံးဖြန့်ဝေခဲ့သူကတော့ Suzuki Daisetsu ပါ။

https://ja.wikipedia.org/wiki/鈴木大拙

Suzuki က Zen အကြောင်းနဲ့ပတ်သတ်တာတွေကို လေ့လာခဲ့ပြီး

Zen အတွေးအခေါ်ရဲ့ အခြေခံများ မွေးဖွားခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ သူဟာ အမေရိကတစ်လွှား Zen ကို ဖြန့်ဝေခဲ့ပါတယ်။သူ့ရဲ့ စိတ်နှလုံးကိုဖော်ပြထားတဲ့ ပြတိုက် ကတော့

သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ Ishikawa စီရင်စုရှိ Kanazawa မှာတည်ရှိပါတယ်။အဲဒီနေရာက ရိုးရိုးလေးပြောရမယ်ဆိုရင် နေရာလွတ်တစ်ခု။

 

 

 

 

 

 

 


https://kinarino.jp/cat7-アート・カルチャー/17325-禅(zen)の哲学に触れる旅%E3%80%82金沢の「鈴木大拙館」で心洗われる体験を ev

လေမတိုက်တဲ့ နေ့တစ်နေ့မှာ ရေမျက်နှာပြင်ကမှန်နဲ့တူတယ် . . .
ပုံမှန်ဖြစ်နေတဲ့ ‌ရေပြင်ပေါ်ကို တစ်ခုခုထိမိလိုက်တာနဲ့ ဂယက်ထတာက စလာတော့တယ် . . .ရေတစ်စက်ကြောင့် ဖြစ်ပေါ်ထုတ်လုပ်လိုက်သောဂယက်ထမှုဟာ နောက်ဆုံးမှာ ရေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားစေတယ်။

ပြီးတော့ပျောက်ကွယ်သွားတယ်။
မှန်လိုပဲ ပြန်ငြိမ်သွားတယ်။ ဒီလိုပဲ
တိတ်ဆိတ်စွာနဲ့ မင်းရဲ့အတွေးတွေကို မင်းလွှင့်ပစ်လိုက်ရင်၊ စိတ်ငြိမ်းချမ်းမှု တွေပေါ်ထွက်လာမှာပါ။

Zen ရဲ့ မူလစကားလုံးကတော့ အိန္ဒိယလို “အာရုံစူးစိုက်မှု” ဟူသောစကားလုံးဖြစ်ပါတယ်။

တရုတ်ကိုကျော်လွန်ပြီး ဂျပန်ကို ပြန့်နှံ့သွားကာ၊
လက်ရှိ ဂျပန် Zen ယဉ်ကျေးမှုကတော့ အောင်မြင်ခဲ့ပြီးပါပြီ။

ဒါဟာ ဗုဒ္ဓဘာသာထံမှ စီးဆင်းလာတာ ဖြစ်သော်လည်း Zen ကို ယုံကြည်မှု တစ်ခုအဖြစ် ကျင့်ကြံအားထုတ် ကြပါတယ်။

Zen ဆိုတာ ဘာသာတရားမဟုတ်ပါ။
ဒါဟာအလေ့အကျင့်တစ်ခုပါ လို့လည်း ပြောကြပါတယ်။

ကမ္ဘာ့ထိပ်တန်းစီးပွားရေးသမားတွေလည်း လက်ကိုင်ထားကျင့်သုံးကြတဲ့ Zen ကို သင်လည်း လက်ကိုင်ထားပြီး သင့်ရဲ့စိတ်နှလုံးကိုအေးချမ်းအောင် လေ့ကျင့်ကြည့်ရအောင်လား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: