နာမည်နဲ့တင်စားချင်စိတ်ပျောက်စေမယ့် ရေခဲမုန့်များ ?!!!

ရေခဲသေတ္တာတွေပေါ်လာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းလူအသုံးများလာပြီး၊ လူတိုင်းနီးပါးကြိုက်ကြတဲ့ icecream တွေအထိပြုလုပ်နိုင်လာကြပါတယ်။ icecream တွေမှာ အရသာအမျိုးမျိုးရှိပြီး၊ သူတို့ကိုကြည့်ပြီးဘယ်ဟာစားရင်ကောင်းလဲလို့ ရွေးနေတာနဲ့တင်စိတ်ထဲမှာ ကြည်နူးမိသလိုပဲနော် …..


https://www.newsweekjapan.jp/stories/world/2016/11/post-6410.php

ဂျပန်နိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုချင်းစီမှာ နာမည်ကြီးဒေသထွက်ကုန်တွေနဲ့ပြုလုပ်ထား icecream တွေရှိပြီး၊ အဲ့ဒီနေရာတွေကိုသွားတဲ့အခါ ပျော်ရွှင်ရတဲ့အထဲဒီ icecream ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒါကို ဒေသထွက် icecream လို့လည်းခေါ်ကြတယ်။

ခြံထဲကနေညစ်ပြီးခါစနွားနို့နဲ့ပြုလုပ်ထားတဲ့ လတ်ဆက်တဲ့ icecream ..
ဂျပန် wasabi အနံ့လေးကလည်း လူကိုဖမ်းစားနိုင်တယ်။
ခူးပြီးခါစ စတော်ဘယ်ရီသီးတွေကိုလည်း အများကြီးထည့်ထားပေးတယ်။

ဘယ်ဟာပဲဖြစ်ဖြစ်အရသာရှိမယ့်ပုံပဲ..
ဒါပေမဲ့ဒီလိုဒေသထွက် icecream တွေကအားလုံးအရသာရှိစားလို့‌ကောင်းကြတာတော့ မဟုတ်ဘူးနော်..
ကဲ.ဒါဆို ဒီလိုicecream ဆိုရင်ရော စားရဲမလား?
စားရဲမယ်ဆို အလကားကျွေးမယ်!!! ရယ်လျက်

မြွေပွေး ရေခဲမုန့်

http://j.peoplle.com.cn/n3/2016/0527/c94475-9064123-13.html

မြွေပွေးဆိုတာ ဒါပါပဲ…

https://www.nara-edu.ac.jp/ECNE/kaerhebi/kaisetu/mamusi.html

ဟုတ်ပါတယ် အဆိပ်ရှိတဲ့မြွေပဲ…. အရက်ထဲစိမ်ပြီးသောက်ရင်တောင် စိတ်ထဲမှာတစ်မျိုးကြီး…
အဲ့ဒါကိုတောင် ရေခဲမုန့်မှာထည့်သုံးတယ်ဆိုတော့ ဘာကြောင့်လဲတော့မသိပါဘူး..

ငါးရှည့် ရေခဲမုန့်

http://nippon-sumizumi-kanko.com/k-unagiice.html

မြွေပွေးရေခဲမုန့်ပြီးတော့ ငါးရှည့်ရေခဲမုန့်ပါ။
ငါးရှည့်ကို အားလုံးလည်းသိထားကြသလို၊ အဲ့ဒါကိုကုန်ကြမ်းအနေနဲ့ icecream မှာသုံးထားတယ်။
ဂျပန်မှာ 蒲焼き kabayaki လို့ခေါ်တဲ့ ငါးရှည့်ကိုအရသာလေးလေးနဲ့ကင်းထားတဲ့ဟင်းတစ်မျိုးရှိတယ်။
蒲焼き kabayaki ရဲ့အနံကလည်းမွှေးနေရော… ထမင်းပေါ်မှာတင်ပြီးစားရင်တော့အကောင်းဆုံးပဲ..
သူ့အရသာပိုရှိစေဖို့ ဂျပန်ငရုပ်ကောင်းမှုန့်လေးကိုအသုံးပြုရပါမယ်။

အဲ့ဒီလိုပဲ ဒီရေခဲမှန့်က 蒲焼き kabayaki ရဲ့အရသာအတိုင်းပဲလုပ်ထားတယ်။
ပဲငံပြာရည်ရဲ့အရသာကိုအခြေခံထားတဲ့အတွက် ရေခဲမုန့်အနေနဲ့ရောအဆင်ပြေပါ့မလား…
အပေါ်မှာဖြူးထားတာလေးတွေက ဂျပန်ငရုပ်ကောင်းမှုန့်တွေပါ..
ပုံမှန် 蒲焼き kabayaki ဆိုရင်တော့စားချင်ပေမဲ့… ရေခဲမုန့်အနေနဲ့ကတော့…

ပုဇွန်လုံးရေခဲမုန့်

https://nobuko.shiga-saku.net/e983084.html

အကောင်းဆုံးစားသောက်ကုန်တွေဆို တစ်ခုခုပဲဆိုတာကိုတွေးမိမလား?
ပုဇွန်လုံးရေခဲမုန့်လည်းရှိတယ်ဆိုပဲ..
ပုဇွန်လုံးရဲ့အသားနဲ့ရေခဲမုန့်လုပ်ထားပြီး အရသာလည်းပုဇွန်းလုံးအရသာရနေမှာပဲ..
ဒါဆို အနံ့ကလည်းနည်းနည်း ညှီမှာပဲလို့ထင်မိတယ်မဟုတ်လား?
လုံးဝမညှီဘဲ အနံ့ကသင်းသင်းလေးပါပဲတဲ့…

အမဲလျှာရေခဲမုန့်

https://minkara.carview.co.jp/userid/154459/blog/30271808/

တစ်ခါမှတောင်မကြားဖူးတဲ့ ရေခဲမုန့်တွေပါပဲဗျာ…
ရေခဲမုန့်ထဲမှာပါတဲ့အညှိုရောင်အစက်လေးတွေက ချောကလက်မဟုတ်ပါဘူးနော် အမဲလျှာပါ
စားဖူးတဲ့လူတွေပြောပြတာကတော့ “ ချောကလက်ကပိုကောင်းတယ်” တဲ့,,
ကဲ.ဘယ်လိုလဲ စားကြည့်မလား?

ငါးကွမ်းရှပ်ရေခဲမုန့်

http://nazofood.com/nazofood/nazo2006011.html

မက်ကရယ်(ခေါ်)ငါးကွမ်းရှပ်တွေမှာ ဦးနှောက်အတွက်ကောင်းတဲ့ Omega3 တွေအမြောက်အများပါဝင်ပါတယ်။
ဈေးလည်းကြီးပြီး အရသာလည်းရှိ၊ ခန္ဓာကိုယ်အတွက်လည်းကောင်းလို့ ဒီငါးကိုလူသိများတယ်..
သို့သော် ဂျပန်မှာတော့ ဒီငါးနဲ့ရေခဲမုန့်တောင်လုပ်နေပါတယ်။
ပုံထဲမှာတော့ ချောကလက် icecream လို့ထင်ရပေမဲ့၊
စားဖူးတဲ့လူတွေကတော့ “ ဆေးသုတ်ပစ္စည်းတွေကို ရေဆေးပြီးမှရလာတဲ့အရောင်အတိုင်းပဲ” တဲ့
အရောင်အမျိုးမျိုးရောနေပြီး ဘာမှန်းမသိညစ်ပေနေတဲ့အရောင်ဟာ ဒီ icecream ရဲ့အရောင်ပါပဲ…
ငါးညှီနံ့တွေကိုလည်းပျောက်အောင်လုပ်ထားပေမဲ့၊ အရသာကတော့ ငါးအူအရသာနဲ့ဆင်တယ်.
နည်းနည်းအူကြောင်ကြောင်နိုင်တဲ့ ရေခဲမုန့်တွေပါပဲဗျာ…

နောက်ထပ်ရှိပါသေးတယ်…

ငါးမန်းဆူးတောင်ခေါက်ဆွဲအရသာ ရေခဲမုန့်


အညိုရောင်ခေါက်ဆွဲကြော်အရသာ ရေခဲမုန့်


Horse-meat sashimi icecream (မြင်းအသားဆာရှိမိအရသာရေခဲမုန့်)

အိန္ဒိယဟင်းအရသာ ရေခဲမုန့်


ရေဘဝဲရေခဲမုန့်


https://matome.naver.jp/odai/213331478479301

သေသေချာချာကြီးကို မဖြစ်နိုင်တာတွေလိုက်ပေါင်းထားတယ်လို့မထင်မိဘူးလား?
ဒါပေမဲ့ ဒီရေခဲမုန့်တွေကစားလို့ရပါတယ်။

နောက်ဆုံးအနေနဲ့ အဆိုးဆုံးပုံကိုပြမယ်…

အဲ့ဒါကတော့ စပါးထွက်ဒေသဖြစ်တဲ့ 新潟県(Niigata)ခရိုင် 南魚沼市(Minamiuonumashi) မှာရနိုင်တဲ့ နှံကောင်ရေခဲမုန့်…ပါတဲ့ခင်ဗျား !!!


https://nlab.itmedia.co.jp/nl/articles/1608/16/news040.html

ကဲ. ဒီပုံအတိုင်းပါပဲ….
စပါးထွက်တဲ့‌ဒေသမှာ စပါးဖျက်နှံကောင်တွေကိုလိုက်ဖမ်းပြီး ချိုတာတွေနဲ့တွဲပြီးစားတယ်။
တိုကျိုမှာမွေးတဲ့ကျွန်တော့အဖို့ကတော့ လုံးဝမစားရဲသလို ရေခဲမုန့်ပေါ်မှာနှံကောင်ကိုတင်ပြီးစားဖို့ဆိုတာကလည်း တော်တော်ဆိုးဆိုးပါ..

မိန်းမငယ်လေးတစ်ချို့ကတော့ အထူးအဆန်းလေးဖြစ်လို့သဘောကျပေမဲ့၊ ယောက်ျားအရင့်အမာကြီးဖြစ်တဲ့ကျွန်တော်အတွက်တော့ အူကြောင်ကျားရေခဲမုန့်လို့ပဲပြောပါရစေ !!! ဟဟဟ

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: