お遍路 ( OHenRo ) လို့ခေါ်တဲ့ လမ်းလျှောက်ဘုရားဖူး အလည်တစ်‌ခေါက် !!!!!

Shikoku ‌‌ဒေသကို ခရီးသွားတဲ့အခါ အဖြူရောင်အဝတ်အစားဝတ်ကာ ဝါးခမောက်ဆောင်းထားပြီး တောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ လူတွေကိုတွေ့နိုင်ပါတယ်။

 

https://www.shikoku88.net/88blog/wp-content/uploads/2018/04/pixta_5761636_M.jpg

 

ဒါကတော့ OHenRo လို့ ခေါ်တဲ့ ကျင့်စဉ်ကို ကျင့်ကြံအားထုတ်နေကြတဲ့သူတွေပါ။
သူတို့တွေရဲ့ ရည်မှန်းချက်တွေကတော့ အမျိုးမျိုးပါပဲ။

· ဘိုးဘေးတွေနဲ့ ကွယ်လွန်သွားတဲ့ မိသားစုဝင်အတွက် သတိရအောက်မေ့ခြင်းအဖြစ်…
· ရောဂါမှ သက်သာလာစေရန် ဆုတောင်းခြင်း
· ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်လာစေရန်
· လူ့ဘဝထဲ ရှုံးနိမ့် လမ်းပျောက်နေတဲ့ ကိုယ်ကိုယ်တိုင်ကို နောက်တစ်ကြိမ်ပြန်လည် ကောင်းမွန်လာစေရန်

သူတို့တွေဟာ ဘုရားကျောင်း ၈၈ကျောင်း တဝိုက်ကို လမ်းလျှောက်ပါတယ်။ ဒီအကွာအဝေးက 1,400km ရှိပါတယ်။

ဒီဝတ်ပြုဘုရားဖူးတာဟာ ဘုရားကျောင်း 88ကျောင်းကို ပတ်ပတ်လည်သွားရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ခန့်က 空海(くうかい)KuKai လို့ခေါ်တဲ့ ဘုန်းကြီးတစ်ပါးက
ဗုဒ္ဓဘာသာထဲမှာပဲ 真言宗(しんごんしゅう)Shingonshu လို့ခေါ်တဲ့
ဂိုဏ်းအသစ် ဖွင့်လှစ်ပြီးတဲ့နောက်မှာ လူတွေကို ဘေးအန္တရာယ်ကနေ့ ကာကွယ်နိုင်စေရန်အတွက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Kukai သည် Wakayama စီရင်စုမှာရှိတဲ့ 高野山(こうやさん)Kouyasan ရှိ ဝတ်ပြုရာကျောင်းတော်မှာ လူ့ဘဝရဲ့ နောက်ဆုံးချိန်အထိ သီတင်းသုံးခဲ့ပါတယ်။ တရားထိုင်ကာ ဆုတောင်းလျက်ပုံစံအနေအထားနဲ့ ပုံတော်က ယနေ့ထိတိုင် အဲဒီပုံစံအတိုင်း ထိမ်းသိမ်းထားလျက်ရှိပါတယ်။

အများပြည်သူ တွေကတော့ KuKaiရဲ့ ပုံစံကို ကြည့်လို့ မရနိုင်ပေမယ့် နေ့စဉ်နေ့တိုင်း အဲဒီဘုရားကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေက KuKaiအတွက် အစားအစာများယူဆောင်ပေးခြင်း နဲ့ အဝတ်အစားလဲပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ထိုကဲ့သို့သော အင်အားကြီးမားကာ တန်ခိုးရှိပုံရတဲ့ Kukaiရဲ့ အကူအညီကို ငှားယူကာ ကိုယ့်ရဲ့ ဆန္ဒပြည့်ဝစေရန်အတွက် ဒီလိုကျင့်စဉ်ဖြင့် ဘုရားဖူးကာ အားလုံးကလမ်းလျှောက်ကြတာဖြစ်ပါတယ်။

ဘုရားကျောင်းတစ်ကျောင်းချင်းဆီကို လှည့်ပတ်ကြည့်မယ်ဆိုရင်တော့ အချိန်ယူရပါမယ်။အတင်းအဓမ္မ ဆက်လက်ဆောင်ရွက်ရန်ကြိုးစားနေသည့်အခါမျိုးမှာ
မြို့ထဲကနေ မြို့ပြင်အထိရောက်သွားပြီး ညဘက် စခန်းချနေလို့ မရရင်မဖြစ်တဲ့ အခါမျိုးလည်းရှိလို့
ကိုယ့်ကိုကိုယ်အတင်းအကြပ်တော့ မလုပ်မိပါစေနဲ့။

ပုံမှန်အားဖြင့် ၄၅ရက်ကနေ ရက် ၆၀ လောက် ကြာပါတယ်၊
သင်ဟာ ချွေတာပြီး အသုံးပြုမယ်ဆိုရင်တောင် လူတစ် ဦး ကို ယန်း ၅၀၀၀၀၀ လောက်တော့ ကုန်ကျနိုင်ပါတယ်လို့ ပြောကြပါတယ်။
ဒါကို အတိုကောက် ကားနဲ့ လာရောက်လည်ပတ်ကြတဲ့သူတွေလည်းရှိပါတယ်။

 

https://www.shikoku88.net/88blog/wp-content/uploads/2018/04/7926610ca1ec66f53de8356699e76e67.jpg

 

ကားနဲ့ဆိုရင်တော့ ၁၀ ရက်မှ ၁၃ ရက်အထိကြာပါတယ်။

အကယ်၍ သင်က သင့်ရဲံကိုယ်ပိုင်ကားဖြင့်သွားမယ်ဆိုရင် ဘတ်ဂျက်သည်ယန်း ၂၀၀,၀၀၀ ခန့်ကုန်ကျမှာပါ။ ဒါကြောင့် အချိန်နှင့်ငွေကိုချွေတာနိုင်ပါတယ်။ သို့ပေမယ့် သင်ရဲ့ ဆုတောင်းက အမြတ်အစွန်းလျော့သွားလိမ့်မယ်ဆိုပြီး ခံစားရစေမယ်ထင်တယ်နော်?

ဒါကြောင့် သင်က ကျန်းမာတဲ့သူဆိုရင်တော့ ဒီဘုရားဖူးလမ်းလျှောက်တာကို ပြုလုပ်ဖို့အကြံပေးလိုပါတယ်။

https://www.ippoippodo.com/?mode=f10

ကားနဲ့ သွားတဲ့ အခါမရနိုင်တဲ့ အချက်ကတော့ လမ်းလျှောက်နေစဉ် လူအမျိုးမျိုးနှင့်သင်ဟာ တွေ့မြင်ဆက်သွယ်နိုင်ပါတယ်။

သင့်လိုပဲ အတူတူ ဘုရားဖူးသွားတဲ့သူတွေ၊
အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာ စျေးသက်သက်သာသာနဲ့ နေရာထိုင်ခင်းပေးသူတွေ၊

ဘုရားကျောင်းရှိဗုဒ္ဓဘာသာဘုန်းတော်ကြီး . . .
အစရှိတဲ့ သူတွေနဲ့ တွေ့ဆုံနိုင်ပြီး သူတို့နှင့်စကားပြောဆိုခြင်းအားဖြင့်လည်း သင့်ရဲ့ စိတ်ကို အေးဆေးတည်ငြိမ်စေမှာပါ။

 

ဒါက အမြန်နှုန်းအတွက် ပြိုင်ဆိုင်မှုမဟုတ်လို့
သင်က သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် ယုံကြည်မှုမရှိဘူးဆိုရင်တောင် ဖြေးဖြေးမှန်မှန်နဲ့ အချိန်ယူကာ ဘုရားဖူးလို့ရပါတယ်။

လွန်ခဲ့တဲ့နှစ် ၁၂၀၀ လောက်က Kukai ဟာ ဒီနေရာကိုဘယ်လိုတွေးပြီး လှည့်ပတ်ခဲ့တာလဲ?

ဒီလိုမျိုး သူ့ရဲ့အခံစားချက်တွေကို စဉ်းစားရင်း Shikoku ရဲ့ လှပတဲ့ရှုခင်းတွေကိုလည်း ပျော်မွေ့ခံစားရင်း လမ်းလျှောက်ဘုရားဖူးလို့ရတဲ့ OHenRo ။

ဒီလိုပုံမှန်သွားနေကျမဟုတ်တဲ့ ခရီးစဉ်မျိုးကို သွားကြည့်မယ်ဆိုရင်ကော
ဘယ်လိုလဲ ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: