ဧပြီလရဲ့ J-POP Hit Song Ranking !!!!!!

ဂျပန်ကိုချစ်တဲ့သူတွေများစွာရှိတဲ့ မြန်မာမှာဆိုရင်လည်း ထင်ထားတာထက်ကို J-POP သီချင်းတွေကို နားထောင်ဖြစ်ကြတာ အံ့သြစရာမဟုတ်ပါဘူးနော်။

အရမ်းကိုကောင်းတဲ့ သီချင်းတွေကို နားမထောင်မိလိုက်ရမှာစိုးလို့ မြန်မာလူမျိုးတွေအတွက် ဒီ J-POP သီချင်းတွေကိုလည်း နားထောင်စေချင်ပါတယ်!

ဒါ့ကြောင့် Japo ကနေပြီး ဂျပန်ရဲ့ လတ်တလော လူကြိုက်အများဆုံး J-POP Music Ranking ကို မိတ်ဆက်ပေးလိုက်ပါတယ်!

YouTube Link လည်း တစ်ခါတည်းထည့်ပေးထားလို့ သဘောကျမယ်ထင်တဲ့ သီချင်းကို ဝင်ရောက်နားထောင်ကြည့်လိုက်ပါနော် ♪

( Hit Song Ranking ကတော့ RecoChoku Co. , Ltd. , Japan ဂီတဖြန့်ဖြူးရေးဆိုဒ်မှ ဖော်ပြထားတာဖြစ်ပါတယ်။ )

ကဲ ဒါဆို စလိုက်ကြရအောင်!

တတိယ “ Gurenge”


https://images.app.goo.gl/MgbBmvHFFtYzyFHJ8

LiSA သီဆိုခဲ့တဲ့ ဒီသီချင်းဟာ အရမ်းလူကြိုက်များတဲ့ Anime 「鬼滅の刃」 “ Devil’s Blade” ရဲ့ အဖွင့်သီချင်း အဖြစ် လူသိများမယ်လို့ထင်ပါတယ်။

ဒီ anime ရဲ့ အဖွင့်ဆောင်ပုဒ်အဖြစ်သတ်မှတ်ခံရပြီး Music Clip သီချင်းနားထောင်တဲ့ အရေအတွက်ဟာလည်း ၃၃ သန်းကျော်ပြီဖြစ်ပြီး Single ရောင်းအားဟာ ၁၀၀၀၀၀ ကျော်သွားပါပြီ။

သီချင်းပုံစံက ဂျပန်ပုံစံနှင့်ရော့ခ်ဂီတကိုပေါင်းစပ်ထားတဲ့ အမိုက်စား သီချင်းပါ။ နားထောင်နေရင်း ကြက်သီးပါထစေလောက်အောင်ကောင်းတာနော်။

LiSA ရဲ့ နောက်ကွယ်က ကခုန်နေသူတွေကလည်း အာရုံစိုက်မိစေပါတယ်နော်။

 

 

ဒုတိယ「あなたがいることで」(Anataga irukotode)

https://images.app.goo.gl/8Hfve4j78mxJ17nZ8

ဒီသီချင်းကတော့ “ Ship of Theseus” ရဲ့ ဇာတ်ဝင်တေးအဖြစ် အဆိုတော် – တေးရေး Uru မှရေးထားတဲ့သီချင်းဖြစ်ပါတယ်။ဒီသီချင်းလေးရဲ့ ပုံစံက ကိုယ်တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်အတွက်ရိုးရိုးလေးခံစားထားတဲ့ သီချင်းတစ်ပုဒ်ပါ။

Uru က“ ဒီသီချင်းက တန်ဖိုးထားရတဲ့ တစ်စုံတစ် ဦး ရဲ့မိသားစု၊ ချစ်မြတ်နိုးမှု၊ မိတ်ဆွေတွေ စသဖြင့် သူတို့ကို မည်သို့ပင်ဖြစ်စေ ပျော်ရွှင်စေချင်တဲ့ ခိုင်မာတဲ့ဆန္ဒကို ကိုယ်စားပြုပြီး ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် သင်နားထောင်လိုက်တဲ့အခါမှာ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမျိုး ရလိမ့်မည်မှာ အသေအချာပါပဲ။

 

 

 

ပထမ I LOVE…

 

https://images.app.goo.gl/9rTaXZoPnVWKDG3j7

ဒီသီချင်းကိုတော့ Official HIGE DANdism မှသီဆိုထားပါတယ်။
Band တီးဝိုင်းတစ်ခုဖြစ်ပါတယ်။

ဒီသီချင်းကတော့ 「恋はつづくよどこまでも」(Love will last forever.)“ ထာဝရတည်မြဲလိမ့်မည်” ဆိုတဲ့ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဝင်သီချင်းဖြစ်ပါတယ်။ဒီသီချင်းမှာသီဆိုခဲ့တဲ့ LOVE ကတော့ ချစ်သူတွေအတွက်ပဲမဟုတ် သူငယ်ချင်း၊ မိသားစု၊ အိမ်မွေးတိရစ္ဆာန်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ စတဲ့အမျိုးမျိုးသော ဆက်ဆံရေးတွေမှာ ပါဝင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ပါဖွဲ့ဆိူထားတာပါ။

ဆိုလိုတာက ကျား၊မချစ်ခြင်းမေတ္တာသည် အထူးတလည်မဟုတ်ရုံသာမက လူအများစုရဲ့နေ့စဉ်ဘဝမှာလဲ တည်ရှိနေတဲ့ အကြောင်းကို သတိပြုမိစေတဲ့ ချစ်ခြင်းမေတ္တာသီချင်းတစ်ပုဒ်ဖြစ်သည်။

ဒီ သီချင်းလေးကို လည်း နားဆင်ကြည့်ပါနော်။

နားထောင်ကြည့်ပြီးပြီလား?

သိပြီးသားသီချင်းအချို့နှင့် ပထမ ဦး ဆုံးအကြိမ် နားထောင်ဖူးတဲ့ သီချင်းအချို့လည်း ရှိမယ် ထင်ပါတယ်။အိမ်မှာနေရင်း ပျော်ပျော်ကြီး နားထောင်ရင်းနဲ့ သီချင်းလည်းလိုက်ဆိုကြပေါ့နော်!

J-POP ဘက် ကို စိတ်ဝင်စားမိလာပြီဆိုရင်တော့ သူတို့ရဲ့ သီချင်းအမျိုးမျိုးနားထောင်ကြည့်ပါနော် !

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: