အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အာမခံလုပ်ထားဖို့လည်းအရေးကြီးတယ် !!!!

အိမ်ထောင်ကွာရှင်းပြတ်စဲလာကြခြင်း၊ လက်ထပ်နှုန်း၊ မွေးဖွားနှုန်းတွေက ပိုပိုပြီးနိမ့်လာခြင်း…၊
ဒီအချက်တွေကြောင့် စိတ်အေးသက်သာမှုကိုရှာဖို့အတွက် pet တွေမွေးတဲ့လူတွေက မျက်မှောက်ခေတ်မှာများလာပါတယ်။
ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုမြင်လိုက်တာနဲ့၊ နေ့တိုင်းပင်ပန်းရမှုတွေက အဝေးကိုရောက်သွားသလိုခံစားရတယ်နော် ….

 

http://psnews.jp/cat/p/41733

သို့သော် ခွေးတွေ၊ကြောင်းတွေမှာတော့ လူသားတွေနည်းတူဖျားနာတာတွေရှိတတ်တယ်။
ဂျပန်နိုင်ငံရဲ့ တိရစ္ဆာန်ဆေးရုံမှာတော့ အရမ်းကိုကရုစိုက်ပေးပေမဲ့၊ စာရိတ်ကလည်းအရမ်းကြီးပါတယ်…

သားကြောဖြတ်မယ်ဆိုရင် ယန်း ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိရှိပါတယ်။
ကျွန်တော့်မိဘအိမ်မှာ အသက် ၁၈ နှစ်လောက်ရှိနေပြီဖြစ်တဲ့ ခွေးအိုကြီးတစ်ကောင်ရှိတယ်။
အသက်လည်းကြီးပြီဖြစ်လို့ တစ်နေရာရာနေမကောင်းတာကြောင့်များလာမသိ ဝေဒနာခံစားရတဲ့အသံလေးနဲ့အော်နေပြီးတော့ အစားလည်းသိပ်မစားတော့တာနဲ့ သူ့ကိုဆေးရုံခေါ်သွားခဲ့ပါတယ်။
ဆေး ၂ လုံးထိုးပြီးတော့ ဆေးပေးတယ်၊ သွေးစစ်တယ်။ အဲ့ဒါကိုပဲ ယန်း ၁၈၀၀၀ လောက်ကုန်ကျသွားပါတယ်ခင်ဗျာ….

ဂျပန်ရဲ့အခြေအနေမှာတော့ ကျန်းမာရေးအာမခံမှုအတွက်အခွန်တွေဆောင်ထားရလို့၊ လူတွေအတွက်တော့ ဆေးကုသမှုစာရိတ်က ၃၀ ရာခိုင်နှုန်းလောက်ပဲပေးရပေမဲ့၊ အိမ်မွေးတိရစ္ဆာန်တွေအတွက်တော့ ၁၀၀ ရာခိုင်နှုန်းအပြည့်ပေးရပါတယ်။
တော်တော်လေးကို ပိုက်ဆံကုန်ကျပါတယ်။

မကြာခဏဆိုသလိုဖြစ်တတ်တာကတော့

遺物誤飲 Accidental swallowing

.診察   Medical checkup  -  1,000円
.レントゲン X-ray  ー 10,000円
.造影剤 contrast agent  ー 1,000円
.全身麻酔 General anesthesia  ー 18,600円
.内視鏡手術 Endoscopic surgery ー 45,000円
.入院 Hospitalization  ー 4,000円
.点滴 Drip  ー 3,900円
.処置 treatment  ー 800円

Total  ー 84,300円
အသက်ကြီးပြီး အူကျွံတာတွေဖြစ်လာတဲ့အခါ..

.診察   Medical checkup  -  600円
.レントゲン X-ray  ー 37,800円
.全身麻酔 General anesthesia  ー 8,700円
.手術 operation ー 162,000円
.入院 Hospitalization  ー 65,000円
.点滴 Drip  ー 3,300円
.処置 treatment  ー 2,700円
.注射 injection  ー 2,700円

Total – 28,200円

ဒါတွေကရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးစာရိတ်စာခပဲဖြစ်ပါတယ်။
ချက်ချင်းငွေရှင်းတဲ့သူအတွက်တော့အဆင်ပြေပေမဲ့၊ သိပ်ပြီးတော့မလွယ်ကူလှပါဘူး။
လို့ပြောပြီး နေမကောင်းဖြစ်နေတာကိုလည်း ဒီအတိုင်းတော့မထားနိုင်ပါဘူးနော်….

နောက်ပြီး လူတွေလိုစကားမပြောတတ်တဲ့အတွက်၊ သူတို့ရဲ့အခြေအနေကိုကောင်းကောင်းနားမလည်တာတွေလည်းရှိပါတယ်။

 

https://pshoken.co.jp/lpr/001/?utm source=google&utm medium=cpc&aid=w000&pubid=GKPC&gclid=EAlalQobChMlz5GmkoCk6QIVC1VgCh3 MwjOEAAYASAAEglWfPD BwE

ဆေးရုံမသွားခင် ဖုန်းဆက်ပြီးဆွေးနွေးနိုင်တဲ့အာမခံကုမ္ပဏီလည်းရှိပါတယ်။
လက်ရှိ၊ ဂျပန်မှာ pet တွေမွေးတဲ့လူတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ pet insurance လုပ်ထားကြတယ်။

အရမ်းမြတ်နိုးတဲ့တိရစ္ဆာန်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်အကြာကြီးနေထိုင်သွားဖို့ကတော့ သူတို့တွေရဲ့ကျန်းမာရေးကလည်း အဓိကကျတာပေါ့…..
ဒါဆို တိရစ္ဆာန်လေးတွေအတွက် အာမခံလုပ်ထားရတော့မှာပေါ့….။

ကဲ.. မြန်မာနိုင်ငံမှာလည်း အိမ်မွေးတိရစ္ဆာန်လေးတွေကိုချစ်တဲ့သူတွေများလာပါပြီ။ ဒီလိုစိတ်ချရတဲ့အာမခံရှိထားမယ်ဆိုရင်တော့ အဆင်ပြေပါပြီနော်……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: