နှစ် ၈၀ ကြာပြီးနောက် အမေရိကန်နိုင်ငံရဲ့တရားဝင်တောင်းပန်မှုနဲ့ သူ့ရဲ့အဓိပ္ပါယ် !!!!!

ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျပန်ဟာ အမေရိကန်အပါအဝင်မဟာမိတ်နိုင်ငံတွေနဲ့တိုက်ခိုက်ပြီး၊ စစ်ရှုံးသွားခဲ့ပါတယ်။ အထူးသဖြင့်ဂျပန်ဟာ အိုကီနာဝါအပါအဝင်စစ်သွေးမြေဖြစ်ခဲ့ရပြီး၊ တိုင်းသူပြည်သားတွေအတွက်လည်း ကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

သို့သော် ဒီလိုအထိနာခဲ့ရသူတွေက ဂျပန်နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေပဲမဟုတ်ပါဘူး။
အမေရိကန်နိုင်ငံမှာရောက်နေတဲ့ ဂျပန်အမေရိကန်လူမျိုးတွေလည်း ကြီးကြီးမားမားဒုက္ခရောက်ခဲ့ရပါတယ်။

အဲ့ဒီအချိန်သမ္မတ Franklin D. Roosevelt ကဂျပန်ဆန့်ကျင်ရေးဝါဒီကို ဉီးဆောင်ခဲ့ပုံရပါတယ်။ စစ်ပွဲရဲ့တစ်ဖက်ရန်သူကလည်းဖြစ်နေတဲ့အတွက် ၁သိန်း ၂သောင်း သောဂျပန်အမေရိကန်လူမျိုးတွေက ချွေးတပ်စခန်းမှာ ပိတ်နှောင်ခြင်းကိုခံခဲ့ရပါတယ်။


http://karapaia.com/archives/52288027.html

ဂျပန်နိုင်ငံဟာ ဂျာမနီ၊ အီတလီတို့နဲ့ စစ်ပြိုင်ခဲ့ကြပါတယ်။
အမေရိကန်ရဲ့ရန်သူဟာ ဂျပန်တစ်နိုင်ငံပဲမဟုတ်ပေမဲ့၊ ဥပမာအမေရိကန်ကို အဓိကထားရင်၊ ဒါဆိုဂျာမနီက “ မကောင်းတဲ့ခေါင်းဆောင်တစ်ဦးကဦးဆောင်နေတဲ့ တိုင်းပြည်” လို့သတ်မှတ်ပြီး၊ ဂျပန်ကိုတော့ “ Yellow-Monkey” လို့ခေါ်ပြီး အဲ့ဒီလူမျိုးစုကိုမုန်းတီးခဲ့ကြပါတယ်။

၁၉၄၂ ခုနှစ်ကနေ ၄ နှစ်အကြာ၊ အမေရိကန်နိုင်ငံသားကိုခံယူထားတဲ့ ဂျပန်အမေရိကန်လူမျိုးတွေက အမေရိကန်တစ်နိုင်ငံလုံးရဲ့ နေရာ ၁၁ ခုမှာဆောက်ထားတဲ့ချွေးတပ်စခန်းတွေမှာ ပိတ်လှောင်ခြင်းခံထားရပါတယ်။

အရင်က အမေရိကန်နိုင်ငံရဲ့သမ္မတ Reagan နဲ့ သမ္မတ George H. W. Bush တို့ဟာနိုင်ငံကိုယ်စားပြုအနေနဲ့ တောင်းပန်မှုကိုပြုခဲ့ပေမဲ့၊ ဒီကိစ္စမှာအလေးနက်ဆုံးပတ်သက်မှုရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ စစ်ပွဲပြီးနောက် နှစ် ၈၀ ကျော်မှ တရားဝင်တောင်းပန်ခဲ့ကြောင်းသိရပါတယ်။

 

 

အမေရိကန်နိုင်ငံသားအဖြစ်မွေးဖွားလာတဲ့ ဂျပန်လူမျိုးတွေကိုလည်း target အနေနဲ့ထားခဲ့ပါတယ်။
ဘိုးဘေးက ဂျပန်လူမျိုးလို့ပြောလိုက်တာနဲ့ ချွေးတပ်စခန်းထဲ ဝင်ရပြီးသားပါ။

အမွေရထားမယ်ဆိုရင် အဲ့ဒီအမွေတွေရော၊ မြေတွေအားလုံးကိုပါဆုံးရှုံးရပြီး၊ တပ်စခန်းထဲကိုသွားရပါတယ်။
စခန်းထဲမှာ သုံ့ပန်းဘဝအဖြစ်‌ရောက်ခဲ့ပုံရပါတယ်။

စခန်းထဲကလွတ်လာပြီးတဲ့နောက်ပိုင်းလည်း ဒုက္ခရောက်ပါတယ်။ “ ဒုတိယတန်းစားနိုင်ငံသား” အဖြစ်သတ်မှတ်ခြင်းခံရပြီးတော့ နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်တွေကိုလည်း ဆုံးရှုံးရတဲ့ဂျပန်အမေရိကန်လူမျိုးအများကြီးရှိခဲ့ပါတယ်။

စစ်ပွဲပြီးနောက်နှစ် ၄၀ အကြာမှာတော့ အမေရိကန်ဟာနိုင်ငံရေးအရ တရားဝင်တောင်းပန်ခြင်းကိုပြုလုပ်ခဲ့ပါတယ်။

“ ကံမကောင်းစွာနဲ့ ၄င်းကတရားတဲ့နည်းလမ်းမဟုတ်ဘဲ၊ လူမျိးရေးခွဲခြားမှုသာဖြစ်ပြီး၊ စစ်ကာလအတွင်းနိုင်ငံရေးခေါင်းဆောင်များရဲ့ အမှားတွေသာဖြစ်ပါတယ်။”

မြန်မြန်ဆန်ဆန်ပဲ သက်ရှိထင်ရှားရှိနေသေးတဲ့ ဒုက္ခသည်ပေါင်း ၆ သောင်းအတွက်၊ အမေရိကန်‌ဒေါလာ ၂ သောင်းကို နစ်နာကြေးအဖြစ်ပြန်ပေးခဲ့ပါတယ်။
အဲ့ဒီအချိန် ဂျပန်အမေရိကန်လူမျိုးတွေရဲ့ ချွေးတပ်စခန်းအတွေ့အကြုံကို အမေရိတစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေမှာပြန်ပို့ချဖို့ 1.25 billion $ ကိုပညာ‌ရေးအတွက်အသုံးပြုခဲ့ကြပါတယ်။

နောက်ထပ် ၁၉၉၂ ခုနှစ်မှာ သမ္မတ George H. W. Bush ကိုယ်တိုင်တိုင်ပြည်ကိုယ်စားပြုပြီး၊ ဒုက္ခသည်အားလုံးကို တရားဝင်တောင်းပန်ခဲ့ပါတယ်။ နောက်ပြီး ဒီတစ်ကြိမ်တော့ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း တရားဝင်တောင်းပန်တာလုပ်ခဲ့ပါသေးတယ်။

နှစ် ၈၀ လောက်ကြာပြီဖြစ်တဲ့ယခုအခါမှာတော့၊ ဒုက္ခသည်ပေါင်းထက်ဝက်ကျော်လောက်ဟာ သေဆုံးကုန်ကြပါပြီး။
အခုတောင်းပန်နေတဲ့အဓိပ္ပါယ်ကတော့ ဘာအတွက်လဲ?

ဒီနေရာမှာ ဂျပန်နဲ့တော်တော်လေးမတူတဲ့အချက်ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ပညာရေးမှာတော့ စစ်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အဲ့ဒီလောက်အထိမသင်ကြားစေပါဘူး။
လက်ရှိဂျပန်နိုင်ငံကိုဖွံဖြိုးတိုးတက်အောင်တည်ထောင်နေဆဲဖြစ်တဲ့ အရေးကြီးတဲ့ကာလဖြစ်တဲ့အတွက်၊ အရေးမကြီးမလိုလားအပ်တဲ့ စစ်ပွဲကအကြောင်းတွေကိုရှောင်နေတယ်လို့ ထင်ရပါတယ်။

အမေရိကန်ကတော့အဲ့ဒါတွေကိုအရေးထားတဲ့အတိုင်း၊ အရင်ကတည်းကသင်ယူလေ့လာတာကို ဦးစားပေးအနေနဲ့ထားပါတယ်။
စစ်ပြီးနောက်၊ အချိန်တော်တော်လေးပြန်ယူရတဲ့ပြဿနာလည်းရှိပြီး၊ ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီးကတော့ လုံလောက်တဲ့အကြောင်းအရာတွေမရှိသေးပါဘူး။

သို့သော် ဘာပဲဖြစ်ဖြစ်ဂျပန်လူမျိုးတွေရဲ့စဥ်းစားပုံစဥ်းစားနည်းက လျှိုဝှက်တယ်လို့ပြောရမှာထက်၊ အနာဂတ်ကိုသာမျှော်ကြည့်တဲ့ပညာရေးကို သွားနေတယ်လို့ပြောရင်ပိုမှန်ကောင်းမှန်ပါလိမ့်မယ်။

ဒါကြောင့်ပြီးသွားပြီးဖြစ်တဲ့ကိစ္စတွေအတွက်တောင်းပန်ရခြင်းမှာ ဒီလိုလေးနက်တဲ့အဓိပ္ပါယ်ရှိရခြင်းပဲဖြစ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: