မိသားစုနဲ့အတူ Deco ဖက်ထုတ်လေး လုပ်ကြည့်ကြမယ်!!!
ဒီနေ့ဘာချက်ရင်ကောင်းမလဲ?….ဆိုပြီးနေတိုင်းချက်ဖို့ပြုတ်ဖို့စဥ်းစားပြီးခေါင်းရှုပ်နေပြီလာ..
ဒီကာလအတွင်းကလည်း အိမ်မှာမိသားစုတွေစုံတယ်ဆိုတော့ အားလုံးစာအတွက်ချက်ဖို့တော့လိုအပ်လာပြီနော်…..
ကဲ..ဒါဆို ချစ်ဖို့ကောင်းတဲ့ Deco ဖက်ထုတ်ကို မိသားစုနဲ့အတူတူလုပ်ကြည့်ပါလား?
Deco ဖက်ထုတ်ဆိုတာကတော့ ကလေးတွေရော၊လူကြီးတွေပါကြိုက်ကြတဲ့ anime character လေးတွေနဲ့ပုံဖော် ထားတဲ့ဖက်ထုတ်ကိုပြောတာပါ…
ကဲ. ဘယ်လိုလေးတွေလည်းကြည့်လိုက်ရအောင်….
アンパンマン餃子 Anpanman ဖက်ထုတ်
ဖက်ထုတ်ကို ပုံမှန်လုပ်နေကြပုံစံအတိုင်းမဟုတ်ဘဲဝိုင်းဝိုင်းလေးလုပ်လိုက်ပြီး၊ Anpanman မျက်နှာပုံစံအတိုင်းလေးလုပ်လိုက်တာပါပဲ။ မျက်လုံးလေးတွေကိုတော့ အမည်းရောင်နှမ်းလေးနှစ်ခု၊ အနီရောင်လေးတွေကိုတော့ ပုဇွန်အသားလုံးလေးတွေတင်ထားတာပါ။
ဒါကတော့ Anpanman ကိုချစ်တဲ့သူတွေအတွက်ပါ…
リラックマ餃子 Rilakkuma ဖက်ထုတ်
ဒါလေးကတော့ နှမ်း၊ ရေညှိ၊ ဝက်ပေါင်ခြောက်၊ ချိစ့် တို့နဲ့မျက်နှာကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။
ဖက်ထုတ်ပုံစံလေးအတိုင်းလုပ်ထားတာလေးလည်းရှိပါတယ်။
ဒါလေးက Cinnamoroll လို့ခေါ်တဲ့ animator Sanrio ရဲ့ anime လေးပါ။
ဒီဖက်ထုတ်လေးလည်း ချစ်စရာလေးနော် …
SNOOPY လည်းလုပ်ရတာလွယ်လွယ်လေးပါပဲနော် …
ကဲ.ဖက်ထုတ်လုပ်မယ့်အပြားလေးကို အရောင်းလေးတွေထည့်ပြီးထွင်လိုက်မယ်ဆိုရင် ပိုပြီးတောင်ချစ်ဖို့ကောင်းတာလေးတွေရလာမှာပါ…
ချစ်ဖို့ကောင်းလွန်းလို့ မစားရက်တော့ဘူးကွယ်….
facebook တို့ instagram တို့မှာလည်း လူကြိုက်များတယ်..
တစ်မိသားစုလုံး အတူတူလုပ်ကြည့်ပြီး၊ ဘယ်သူကအတော်ဆုံးလဲလို့လုပ်ကြည့်ပါလာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်…
ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ မိမိကြိုက်အနှစ်သက်ဆုံး character လေးနဲ့ဖက်ထုတ်ကိုလုပ်ကြည့်လိုက်ရအောင်လား?
မိသားစုနဲ့အတူတူချက်ပြုတ်ကြည့်ရအောင်!!!!
Kengo Abe