အစီအရင်တွေနဲ့ကာကွယ်စောင့်ရှောက်ခြင်းခံရတဲ့ မြို့ကြီးတစ်မြို့

တိုဟိုခုဒေသ (ဂျပန်နိုင်ငံရဲ့အရှေ့မြောက်အရပ်)မှာအကြီးဆုံးမြို့လို့ပြောရင် 仙台市Sendai မြို့ပေါ့ …
အဲ့ဒီမြို့ဟာ နှစ်ပေါင်း၄၀၀အတွင်း၊ ဘယ်သူမှမသိတဲ့ကြီးမားတဲ့အစီအရင်လိုလို၊ အတားအဆီးလိုလိုကရှိနေတယ်လို့ပြောကြပါတယ်။
ဒီမြေပုံကိုကြည့်လိုက်ပါ။

https://mag.japaaan.com/wp-content/uploads/2020/04/a145d45780c23507a4bee3f25995d42d-660×563.jpg

မြို့ရဲ့အလယ်ဗဟိုကို ဝန်းရံထားတဲ့ပုံအနေနဲ့တည်ထားတဲ့ နတ်ကွန်းတွေ…
ဆွဲလိုက်တဲ့အခါမှာတော့ အရမ်းလှတဲ့မြေပုံအဖြစ်တွေ့ရမှာပါ။
၆ထောင့်ပါတဲ့ကြယ်။
六芒星(ろくぼうせい)Hexagram လို့ခေါ်တဲ့ အနားတူတြီဂံ ၂ ခုကိုဖြတ်ထားတဲ့ပုံဖြစ်ပြီး၊ ဂျပန်ရှေးဟောင်းနတ်ဝိဇ္ဇာအတက်နဲ့အစီအရင်တွေကိုအသုံးပြုထားတဲ့ပုံရပါတယ်။
နောက်ပြီးအစိမ်းရောင်နဲ့ဆွဲထားတဲ့မျဥ်းက အချက်အချာကျတဲ့လမ်းဖြစ်ပေမဲ့၊ ဒါလည်းပဲ ၆ ထောင့်ကြယ်ထဲမှာအပါအဝင်တစ်ခုအဖြစ် နားလည်ရပါတယ်။

အကြောင်းမဲ့သက်သက်တိုက်ဆိုင်နေတာမျိုးမဟုတ်ဘဲ၊ လုံးဝကိုပြည့်ပြည့်စုံစုံတွက်ချက်ပြီးတော့ တည်ဆောက်ထားတဲ့မြို့ဆိုတာ သေချာနေပါပြီ။
တကယ်က ဒီအစီအရင်ရှိလာခဲ့တာ နှစ်ပေါင်း ၄၀၀ တောင်ကျော်သွားတဲ့အတောအတွင်း၊ ဘယ်သူမှမသိဘဲ
တိတ်တဆိတ်မြို့ကို စောင့်ရှောက်နေတဲ့ပုံပါ..
ဒီမြေပုံကိုကြည့်ခဲ့တဲ့သူက ၂၀၀၅ ခုနစ်မှာ မမျှော်လင့်ပဲတွေ့ရှိသွားတာပါ။

ဒီ ၆ ထောင့်ကြယ်က တစ်ခုလုံး ၁၅ဒီဂရီလောက်စောင်းနေတာကလည်း ဆိုလိုချင်တဲ့အဓိပ္ပါယ်တော့ရှိနေမှာ အသေအချာပါပဲ…
အပေါ်ကမြေပုံရဲ့ ညာဘက်အပေါ်နားလေးမှာ 仙台東照宮(せんだい口とうしょうぐう)Sendai Toshogu ဆိုတဲ့ နတ်ကွန်းရှိပါတယ်။
ဒီနေရာက 栃木県Tochigi prefecture(Kanto area) ခရိုင်၊ 日光Nikkou မြို့မှာရှိတဲ့ 日光東照宮(にっこう口とうしょうぐう)Nikko Toshogu နတ်ကွန်းရဲ့ အစဥ်အလာကိုပြန်ခံယူထားတဲ့ နတ်ဘုရားကျောင်းပေါ့

日光東照宮(にっこう口とうしょうぐう)Nikko Toshogu နတ်ကွန်းက ဆာမူရိုင်းတွေရဲ့နောက်ဆုံးလက်ထက်၊ အဲဒိုခေတ်ကိုတည်ထောင်ခဲ့တဲ့ 徳川家康(とくがわ口いえやす)Tokugawa Ieyasu ကိုကိုးကွယ်တဲ့ နတ်ဘုရားကျောင်းပဲဖြစ်ပါတယ်။

ဒီနတ်ဘုရားကျောင်းကို ဒီဂရီအတိအကျနဲ့ထားရတဲ့ရည်ရွယ်ချက်ရှိပါတယ်။

 

https://mag.japaaan.com/wp-content/uploads/2020/04/P_20200218_195131-1-660×499.jpg

 

ရှေးခေတ်ဂျပန်သံလိုက်အိမ်မြောင်အရဆိုရင် ဒီထောင့်ကို 鬼門(きもん)Demon gate လို့ခေါ်ပြီး၊ 鬼 ဆိုတာကတစ်နည်းအားဖြင့် မကောင်းတဲ့အနိဌာန်ရှိနေတဲ့ထောင့်ကိုဆိုလိုတာပါ။

ဒါဆိုအဲ့ဒီနေရာမှာ မကောင်းတဲ့အနိဌာန်ထက်ကြောက်ဖို့ကောင်းတဲ့အရာကိုထားပြီး စောင့်ကြည့်ထားသင့်တယ်ဆိုပြီးတော့၊ အားလုံးထက်ကြောက်ဖို့ကောင်းတဲ့ 徳川家康(とくがわ口いえやす)Tokugawa Ieyasu ကို အစောင့်အရှောက်အနေနဲ့ထားလိုက်ပါတော့တယ်။

နောက်ပြီးမြို့မှာရှိတဲ့အဆောက်အဦးတွေက အစီအရင်တွေနဲ့မပြတ်သွားဖို့၊ နတ်ကွန်းအားလုံးကိုတောင်ကုန်းလေးတွေပေါ်မှာတည်ဆောက်ထားပါတယ်။

ယခင်ဂျပန်နိုင်ငံမှာ 陰陽道(おんみょうどう)On myō dō လို့ခေါ်တဲ့ အယူအဆကနှစ်ပေါင်း ၁၄၀၀ အထိရှိခဲ့ပါတယ်။
နေနဲ့လကိုကိုးကွယ်ပြီး၊ စက်ြာဝဠာကိုစာနဲ့ဆက်သွယ်တယ်ဆိုတဲ့ အယူအဆပါ။
အခုပြောပြပေးနေတဲ့ သံလိုက်အိမ်မြောက်လမ်းကြောင်းကလည်း ဒီ 陰陽道(おんみょうどう)On myō dō အယူအဆထဲက တစ်ခုဖြစ်ပါတယ်။

စားနပ်ရိက္ခာပေါကြွယ်ဝဖို့ ကောင်းကင်ကိုတိုင်တည်ပြီးဆုတောင်းတယ်။ ‌ဖျားတာနာတာတွေဖြစ်တဲ့အခါမှာလည်း ဂါထာမန္တရားတွေမှုတ်ပြီး သရဲတစ္ဆေတွေကိုမောင်းထုတ်တယ်။
မျက်မှောက်ဂျပန်မှာလည်း ပွဲတော်တွေမှာ陰陽道(おんみょうどう)On myō dō အယူအဆကိုပြန်ပြီးလက်ဆင့်ကမ်း နေကြတာကိုတွေ့နိုင်ပေမဲ့၊ ယုံကြည်ကြတဲ့သူတွေကတော့ သိပ်ပြီးမရှိတော့ပါဘူး။


https://mag.japaaan.com/archives/117489/2

နောက်ပိုင်းမှာတော့ လူတွေကအထပ်မြင့်အဆောက်အဦးတွေကိုဆောက်လာကြပြီး၊ အစီအရင်တွေကိုသိပ်ပြီးအယုံအကြည်မရှိသီးခြားထားလိုက်တယ်ဆိုပါတော့…
နောက်ပြီး လူတွေတိုင်တည်ပြီးဆုတောင်းခဲ့တဲ့ကောင်းကင်ကိုရော၊ 陰陽道(おんみょうどう)On myō dō ဘုရားရဲ့ရဲတိုက်ရှိတဲ့နေရာဖြစ်တဲ့ အာကာသကိုပါသွားနိုင်လာတယ်..

မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေက လက်တွေ့မှာမရှိဘူးဆိုတဲ့ မယုံကြည်နိုင်တဲ့စိတ်ကိုနားလည်ပေမဲ့၊ အရင်လူတွေရဲ့ နှစ်ပေါင်း ၁၀၀၀လောက်ကိုဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ (အသက်နှစ်ပေါင်း ၁၀၀၀ ကိုပြောခြင်းမဟုတ်ပါ)တွေအထဲကနေဖြစ်ပေါ်လာတဲ့

陰陽道(おんみょうどう)On myō dō အယူအဆက ဒီနေ့ခေတ်လူသားတွေအတွက်တော့ ဘာမှသက်ရောက်မှုမရှိဘူးဆိုတဲ့အမှန်တရားကလည်း ငြင်းခုံစရာတွေဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်…

ဒါပေမဲ့ အဲ့ဒီအချိန်ကာလတုန်းက ကျွန်တော်တို့ကိုယ်တိုင်လည်းမမွေးသေးတဲ့အတွက် သူတို့ရဲ့ယုံကြည်မှုကို မှားတယ်မှန်တယ် သွားပြီးသတ်မှတ်လို့တော့မရနိုင်ဘူးပေါ့ …..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: